အမြန်လမ်းမကြီး မှာ မန္တလေးဘက်ကို မောင်းလာတဲ့ စစ်ကောင်စီရဲ့စစ်ကား ကို မနေ့က မွန်းလွဲပိုင်း မှာ မိုင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KDDF) က ထုတ်ပြန်ထားပါတယ်။
မနေ့(ဒီဇင်ဘာလ ၂ ရက်)မွန်းလွှဲ ၁နာရီ ၄၀မိနစ်မှာ အမြန်လမ်းအတိုင်းလက်နက်အပြည့်အစုံနဲ့ မန္တလေးမြို့ကိုဦးတည်မောင်းနှင်လာတဲ့ အင်အား၃၀ ကျော်ပါအကြမ်းဖက် စစ်ကောင်စီယာဥ်ကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နဲ့ ကျောက်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ People Defense Force (Kyaukse) မဟာမိတ် ညီနောင်ပူးပေါင်းအဖွဲ့က မိုင်တိုင် ၃၄၃မိုင်၊၅ဖာလုံမှာ ကားမိုင်း(၆)လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိနိုင်တယ်လို့လည်းဆိုထားပါတယ်။တိုက်ခိုက်ခံရအပြီးမှာတော့ စစ်ကောင်စီဘက်က ဖြတ်သန်းသွားလာခွင့်ပိတ်ထားခဲ့ပါသေးတယ်။
ဒီကနေ့ နံနက် အစောပိုင်းကစတင်ပြီး ပြန်လည်သွားလာခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ခရီးသွားတစ်ဦးကပြောပါတယ်။
(မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ အမြန်လမ်း၃၄၃/၅ မိုင်တိုင်အနီးဝန်းကျင်ကို တွေ့ရစဥ်၊ ဓာတ်ပုံ- KDDF)