Connect with us

Hi, what are you looking for?

News

သာယာဝတီမြို့နယ်ရှိ CDM ကျောင်းဆရာ၊ဆရာမ ခုနစ်ဦးကို အကြမ်းဖက်စစ်ကောင်စီဖမ်းဆီး

“အဲရက်က အဖမ်းခံရတဲ့သူ များတယ်။ တချို့ဆိုရင်တိမ်းရှောင်နေရာက ပြန်ရောက်လာတာမကြာသေးဘူး။ ဘော်ဒါအရင်းတွေကိုတော့ ရှောင်နေကြဖို့ လှမ်းသတိ ပေးရတယ်”ဟု သာယာဝတီမြို့ခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

သက်ဆိုင်သူမတွေ့၍ ဓားစာခံဖမ်းဆီးခံရမှုလည်းရှိ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူ့အာဏာဖီဆန်​ရေးလှုပ်ရှားမှု(CDM)ပြုလုပ်​သော ကျောင်းဆရာ၊ ဆရာမခုနစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင််း သာယာဝတီ အ​​ခြေခံပညာ ဆရာ၊ဆရာမများသပိတ်ကော်မတီက ထုတ်ပြန်သည်။

ဖမ်းဆီးမှုများကို ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် စစ်ကောင်စီအဖွဲ့ကက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အလယ် တန်းပြ သုံးဦး၊ မူအုပ်နှင့် မူလတန်းပြနှစ်ဦးနှင့်အထွေ ထွေလုပ်သားနှစ်ဦးတို့ အသီးသီးဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲရက်က အဖမ်းခံရတဲ့သူ များတယ်။ တချို့ဆိုရင်တိမ်းရှောင်နေရာက ပြန်ရောက်လာတာမကြာသေးဘူး။ ဘော်ဒါအရင်းတွေကိုတော့ ရှောင်နေကြဖို့ လှမ်းသတိ ပေးရတယ်”ဟု သာယာဝတီမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းခံရသူများတွင် ငဖြူ​ကျေးရွာမှ ဦးအောင်ရဲထွဋ် ၊လှည်းလမ်းကူးအုပ်စုမှ ဦးလှမျိုးထွန်းနှင့် ၎င်း၏ဇနီး ဒေါ်သူဇာမြင့်အားဝင်ရောက်ရှာဖွေစဥ်မတွေ့သဖြင့် ၎င်း၏ မိခင်နှင့် တူဖြစ်သူတို့အား ဖမ်းဆီးခဲ့သည်။

ထို့အပြင် ဦးရဲလွင်ဦးနှင့် ကိုးပင်ရွာမှ ဒေါ်ငြိမ်းနွယ်အေးတို့အပြင် ဖခင်အားဓားစာခံဖမ်းဆီးခံရသောကြောင့် ဖခင်နှင့်လူချင်းလဲကာ ကိုယ်တိုင်သွားအဖမ်းခံခဲ့သူ ဦးတေဇာမင်းအောင်စသူတို့လည်း ပါဝင်သည်။

“ဆရာများသည် လုံခြုံရေးအရ ရှောင်တိမ်းနေရသူများဖြစ်ပြီး မိမိတို့နေအိမ်တွင် ပြန်လာနေစဥ်မှာ သတင်းပေးဒလန်၏ တိုင်ကြားမှုကြောင့် အကြောင်းအမျိုးမျိုးဖြင့်စွပ်စွဲကာ မတရားဖမ်းဆီးခံခဲ့ရခြင်း​ဖြစ်ပါသည်”ဟု သာယာဝတီမြို့နယ် အ​ခြေခံပညာရေးသပိတ်ကော်မတီက ဆိုသည်။

​လက်ရှိအခြေအနေတွင် ကော်မတီအနေဖြင့် ဖမ်းဆီးခံဆရာ၊ဆရာမများအား မည်သည့်နေရာတွင်ထိန်းသိမ်းထားရှိသည်ကို မသိရသေးသဖြင့် စိတ်ပူပန်ရသကဲ့သို့ အခြားသော ပညာရေးမောင်နှမများအနေဖြင့် ကာလ​​ကြာသည်အထိ ရှောင်တိမ်းနေရလျှင် မိမိတို့ နေအိမ်သို့ ပြန်မလာသင့်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။