Connect with us

Hi, what are you looking for?

News

သာယာဝတီမြို့နယ်ရှိ CDM ကျောင်းဆရာ၊ဆရာမ ခုနစ်ဦးကို အကြမ်းဖက်စစ်ကောင်စီဖမ်းဆီး

“အဲရက်က အဖမ်းခံရတဲ့သူ များတယ်။ တချို့ဆိုရင်တိမ်းရှောင်နေရာက ပြန်ရောက်လာတာမကြာသေးဘူး။ ဘော်ဒါအရင်းတွေကိုတော့ ရှောင်နေကြဖို့ လှမ်းသတိ ပေးရတယ်”ဟု သာယာဝတီမြို့ခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

သက်ဆိုင်သူမတွေ့၍ ဓားစာခံဖမ်းဆီးခံရမှုလည်းရှိ

ပဲခူးတိုင်းအနောက်ပိုင်း သာယာဝတီမြို့နယ်အတွင်းရှိ ပြည်သူ့အာဏာဖီဆန်​ရေးလှုပ်ရှားမှု(CDM)ပြုလုပ်​သော ကျောင်းဆရာ၊ ဆရာမခုနစ်ဦးကို အကြမ်းဖက်စစ်ကောင်စီက ရှာဖွေဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင််း သာယာဝတီ အ​​ခြေခံပညာ ဆရာ၊ဆရာမများသပိတ်ကော်မတီက ထုတ်ပြန်သည်။

ဖမ်းဆီးမှုများကို ဒီဇင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် စစ်ကောင်စီအဖွဲ့ကက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အလယ် တန်းပြ သုံးဦး၊ မူအုပ်နှင့် မူလတန်းပြနှစ်ဦးနှင့်အထွေ ထွေလုပ်သားနှစ်ဦးတို့ အသီးသီးဖမ်းဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အဲရက်က အဖမ်းခံရတဲ့သူ များတယ်။ တချို့ဆိုရင်တိမ်းရှောင်နေရာက ပြန်ရောက်လာတာမကြာသေးဘူး။ ဘော်ဒါအရင်းတွေကိုတော့ ရှောင်နေကြဖို့ လှမ်းသတိ ပေးရတယ်”ဟု သာယာဝတီမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖမ်းခံရသူများတွင် ငဖြူ​ကျေးရွာမှ ဦးအောင်ရဲထွဋ် ၊လှည်းလမ်းကူးအုပ်စုမှ ဦးလှမျိုးထွန်းနှင့် ၎င်း၏ဇနီး ဒေါ်သူဇာမြင့်အားဝင်ရောက်ရှာဖွေစဥ်မတွေ့သဖြင့် ၎င်း၏ မိခင်နှင့် တူဖြစ်သူတို့အား ဖမ်းဆီးခဲ့သည်။

ထို့အပြင် ဦးရဲလွင်ဦးနှင့် ကိုးပင်ရွာမှ ဒေါ်ငြိမ်းနွယ်အေးတို့အပြင် ဖခင်အားဓားစာခံဖမ်းဆီးခံရသောကြောင့် ဖခင်နှင့်လူချင်းလဲကာ ကိုယ်တိုင်သွားအဖမ်းခံခဲ့သူ ဦးတေဇာမင်းအောင်စသူတို့လည်း ပါဝင်သည်။

“ဆရာများသည် လုံခြုံရေးအရ ရှောင်တိမ်းနေရသူများဖြစ်ပြီး မိမိတို့နေအိမ်တွင် ပြန်လာနေစဥ်မှာ သတင်းပေးဒလန်၏ တိုင်ကြားမှုကြောင့် အကြောင်းအမျိုးမျိုးဖြင့်စွပ်စွဲကာ မတရားဖမ်းဆီးခံခဲ့ရခြင်း​ဖြစ်ပါသည်”ဟု သာယာဝတီမြို့နယ် အ​ခြေခံပညာရေးသပိတ်ကော်မတီက ဆိုသည်။

​လက်ရှိအခြေအနေတွင် ကော်မတီအနေဖြင့် ဖမ်းဆီးခံဆရာ၊ဆရာမများအား မည်သည့်နေရာတွင်ထိန်းသိမ်းထားရှိသည်ကို မသိရသေးသဖြင့် စိတ်ပူပန်ရသကဲ့သို့ အခြားသော ပညာရေးမောင်နှမများအနေဖြင့် ကာလ​​ကြာသည်အထိ ရှောင်တိမ်းနေရလျှင် မိမိတို့ နေအိမ်သို့ ပြန်မလာသင့်ကြောင်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ပတ္တရားမြို့ကဆောက်လုပ်ရေးလုပ်ငန်းခွင် တချို့မှာ တရားမဝင် အလုပ်လုပ်နေတဲ့ မြန်မာနဲ့ တရုတ်နိုင်ငံသား နှစ်ဒါဇင်ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

NUG ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် CDM အောင်မြင်ရေး ကော်မတီက ယခုကဲ့သို့ ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Short Story

ညီလေးရေ ... တကယ်ဆို ညီလေးဆီ ဖုန်းနဲ့ တစောင်ချင်း စာပို့လို့ရပေမယ့် စာရှည်တာကြောင့်ရော လူကြုံကောင်းတာရောကြောင့် စာရွက်ပေါ် ချရေးပေးလိုက်ပါတယ်။

သတင်း

အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး(CDM) ကျန်းမာရေးဝန်ထမ်းများ လက်ခံခြင်း၊အခြားစည်းကမ်းချက်များ​ဖောက်ဖျက်သည်ဆို​သော စွပ်စွဲချက်များဖြင့် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ ကိုးခုကို စစ်ကောင်စီက အရေးယူလိုက်ကြောင်း သတင်းထွက်ပေါ်နေသည်။

Facebook