Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမှု​​နောက်ဆက်တွဲ တိုက်ပွဲများ​ကြောင့်ပြည်သူ ၂၄၉,၆၀၀ စစ်​​ဘေး​ရှောင်​နေရ

သို့​သော် စာရင်းများကိုတစ်နိုင်ငံလုံးလွှမ်းခြုံ​ကောက်ခံရန် ခက်ခဲခြင်း၊တိုက်ပွဲဧရိယာပိုများလာခြင်း​ကြောင့် ဒုက္ခသည်အ​ရေအတွက်မှာ ယခုအ​ရေအတွက်များစွာပို​ကြောင်း စစ်​ဘေးဒုက္ခသည်များကိုကူညီ​ပေး​​နေသူများက​ ပြောသည်။

စစ်တပ်ကအာဏာသိမ်းမှု​နောက်ဆက်တွဲတိုက်ပွဲများ​ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းတွင် နိုဝင်ဘာလလယ်အထိ အသစ်ထပ်မံနေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်ရသူဦးရေ (စစ်​ဘေးဒုက္ခသည်) ၂၃၄,၆၀၀ထိ တိုးလာခဲ့​ကြောင်း UNHCR- ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးကထုတ်ပြန်သည်။

ထို့အပြင်နယ်စပ်မှတစ်ဆင့် အန္ဒိယနိုင်ငံသို့ထွက်​ပြေးတိမ်း​ရှောင်သူ ၁၅,၀၀၀ ရှိ​ကြောင်းလည်ပါရှိသည်။ ထို​ကြောင့် စစ်​ကောင်စီအာဏာသိမ်းမှု​ နောက်ဆက်တွဲ တိုက်ပွဲများ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရသူ သုံးသိန်းခန့် (၂၄၉,၆၀၀)ရှိလာခြင်း ဖြစ်သည်။

သို့​သော် စာရင်းများကိုတစ်နိုင်ငံလုံးလွှမ်းခြုံ​ကောက်ခံရန် ခက်ခဲခြင်း၊တိုက်ပွဲဧရိယာပိုများလာခြင်း​ကြောင့် ဒုက္ခသည်အ​ရေအတွက်မှာ ယခုအ​ရေအတွက်များစွာပို​ကြောင်း စစ်​ဘေးဒုက္ခသည်များကိုကူညီ​ပေး​​နေသူများက​ ပြောသည်။

ချင်းပြည်နယ် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးအနှံ့အပြားတွင်လုံခြုံရေးအခြေအနေပိုမို ဆိုးရွားလျက်ရှိသည်။ ထန်တလန်မြို့မှ နေရပ်စွန့်ခွာထွက်ပြေးသော ထောင်နှင့်ချီသည့် အရပ်သားများသည် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိကျေးရွာများတွင်ခိုလှုံနေထိုင်လျက်ရှိကြသည်။ နေရပ်စွန့်ခွာထွက်ပြေးနေရသူများနှင့်ဒေသခံများသည် စားနပ်ရိက္ခာ၊ လောင်စာဆီနှင့် ဆေး၀ါးအထောက်အပံ့များပြတ်လပ်မှုနှင့်ရင်ဆိုင်​နေရသည်ဟု UNHCRက ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။