Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်က အရာတော်မြို့နယ် ကံဇွယ်ရွာကို မီးရှို့ဖျက်ဆီး

အရာတော်မြို့နယ်တွင် စစ်တပ်အခြေစိုက်စခန်းသုံးခုရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာများအားဝင်ရောက်သောင်းကျန်းလျက်ရှိရာ ရှောက်ခါး၊မန်ကျည်းကန်၊နောင်ကြီးအိုင် စသည့်ကျေးရွာများရှိ နေအိမ်များပါ မီးရှို့ဖျက်ဆီးခံထားရသည်။

(အရာ​တော်မြို့နယ် ရှောက်ခါးကျေးရွာရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးသွားသည်ကို ယခင်က ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

-ဒေသခံများ ဘေးလွတ်ရာပြေးနေရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကံဇွယ်ရွာကို စစ်ကောင်စီတပ်များသည် ယနေ့(ဒီဇင်ဘာ ၄)နံနက်ပိုင်းကစတင်၍ ဝင်ရောက်မီးရှို့ဖျက်ဆီး​နေကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သား ၅၀ခန့်က ကံဇွယ်ကျေးရွာ စာသင်ကျောင်းတံခါးများကို ရိုက်ချိုးဖျက်ဆီး​ခြင်း ၊နေအိမ်တွင်ကျန်နေသည့် ဆိုင်ကယ်များအား ယူဆောင်ခြင်းနှင့် အိမ်မွေးတိရိစ္ဆာန်များကို ဖမ်းဆီးခြင်း စသည့်အကြမ်းဖက်မှုများကျူးလွန်နေကြာင်း ဒေသသတင်းရင်းမြစ်တစ်ခုဖြစ်သည့် အရာတော်သတင်းမှန်ပြန်ကြားရေးက ဖော်ပြသည်။

လက်ရှိအ​ခြေအနေတွင် ကံဇွယ်ကျေးရွားသူ၊ကျေးရွားသားများက ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး စစ်ကောင်စီတပ်သား ၅၀ခန့်မှာ ဒေသခံများ၏ပစ္စည်းများဖြင့် ချက်ပြုတ်စားသောက်ကာ ကျေးရွာအတွင်း တပ်စွဲထားမည့်အခြေအနေရှိကြောင်း ဒေသခံများက ပြော သည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ်တွင် စစ်တပ်အခြေစိုက်စခန်းသုံးခုရှိပြီး မြို့နယ်အတွင်းရှိ ကျေးရွာများအားဝင်ရောက်သောင်းကျန်းလျက်ရှိရာ ရှောက်ခါး၊မန်ကျည်းကန်၊နောင်ကြီးအိုင် စသည့်ကျေးရွာများရှိ နေအိမ်များပါ မီးရှို့ဖျက်ဆီးခံထားရသည်။

စစ်​​​ကောင်စီတပ်များ လတ်တလော ဝင်ရောက်သောင်းကျန်းလျက်ရှိသော ကံဇွယ်ကျေးရွာသည် ဝါးတန်းကျေးရွာအုပ်စုအတွင်းပါဝင်ပြီး ကျေးရွာအုပ်စုတစ်ခုလုံးတွင် အိမ်ထောင်စု ၂,၀၀၀ နီးပါးနေထိုင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်