Connect with us

Hi, what are you looking for?

News

ဖာပွန်ခရိုင်တွင် ဒီဇင်ဘာ၃ရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင် ​ခြောက်ဦးသေဟု KNU ထုတ်ပြန်

ပြီးခဲ့သည့် နိုဝင်ဘာက KNU အုပ်ချုပ်ရေးနယ်မြေများ၌ တိုက်ပွဲ ၂၀၆ကြိမ်ဖြစ်ခဲ့ရာ KNU တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲ ၁၅၁ကြိမ်ဖြစ်ခဲ့ပြီး တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေတွင် ဒီဇင်ဘာ ၁ရက်မှ ၃ရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ​ခြောက်ဦးသေဆုံးပြီး ၂ဦး ဒဏ်ရာရခဲ့သည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ(၅)နယ်မြေတွင် နေ့တိုင်းလိုလို တိုက်ပွဲဆက်ဖြစ်နေပြီး ဒီဇင်ဘာ ၁ရက်တွင် တိုက်ပွဲ ​လေးကြိမ်ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ​လေးဦးသေဆုံး ပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ ဒီဇင်ဘာ ၂ရက်တွင်တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပြီး စစ်ကောင်စီတပ်မှ တစ်ဦးသေဆုံးကြောင်း၊ ဒီဇင်ဘာ ၃ရက်တွင် တိုက်ပွဲ ​လေးကြိမ်ဖြစ်၍ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးကြောင်း KNU တပ်မဟာ(၅)က ထုတ်ပြန်သည်။

ယခုကဲ့သို့ အာဏာရူး စစ်ကောင်စီမှ ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်အား မလိုလားကြောင်း နှင့် တဖက်သတ်ကြီးစိုးချယ်လှယ်အုပ်ချုပ်မှုကြောင့် မြန်မာနိုင်ငံအနှံ့နှင့် တိုင်းရင်းသား ဒေသအသီးသီး၌ နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေသည်ဟု တပ်မဟာ(၅)၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာက KNU အုပ်ချုပ်ရေးနယ်မြေများ၌ တိုက်ပွဲ ၂၀၆ကြိမ်ဖြစ်ခဲ့ရာ KNU တပ်မဟာ(၅) နယ်မြေတွင် တိုက်ပွဲ ၁၅၁ကြိမ်ဖြစ်ခဲ့ပြီး တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော် သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။