Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအာဆီယံအစည်းအဝေးတက်ခွင့်ရှိတယ်လို့ ကမ္ဘောဒီယားဝန်ကြီးချုပ်ထုတ်ပြော

ကမ္ဘောဒီယားဟာ လာမယ့်နှစ်မှာ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာတော့မှာဖြစ်ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုလည်း မနက်ဖြန်မှာ ကမ္ဘောဒီးယားကိုလာရောက်ဖို့ ဖိတ်ခေါ်ထားတာရှိပါတယ်။

ဓာတ်ပုံ − ရိုက်တာ

မြန်မာစစ်ကောင်စီအနေနဲ့ အာဆီယံ အစည်းအဝေးကို တက်ရောက်ခွင့်ရှိတယ်လို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဒီနေ့ မှာ ပြောလိုက်တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

ဟွန်ဆန်ဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ဆွေးနွေးဖို့ မကြာခင် မြန်မာနိုင်ငံကိုသွားရောက်ဖို့ရှိနေပြီး စစ်ကောင်စီရဲ့ အရာရှိတွေ ကို အာဆီယံ အစည်းအဝေး ဖိတ်ကြားသင့်တယ်လို့ ပြောပါတယ်။

ကမ္ဘောဒီယားဟာ လာမယ့်နှစ်မှာ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာတော့မှာဖြစ်ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကိုလည်း မနက်ဖြန်မှာ ကမ္ဘောဒီးယားကိုလာရောက်ဖို့ ဖိတ်ခေါ်ထားတာရှိပါတယ်။

အဲဒီနောက်ဒီနေ့ မှာတော့ကမ္ဘောဒီယားက တရုတ်ထောက်ပံ့တဲ့ဆောက်လုပ်ရေးစီမံကိန်းဖွင့်ပွဲမှာ ဟွန်ဆန်က မြန်မာကိုသွားရောက်ဖို့ရှိတာနဲ့ မြန်မာစစ်အုပ်စု အာဆီယံအစည်းအဝေးတက်ခွင့်ရှိတယ်ဆိုတာတွေကိုပြောလာတာပါ။

Public Service Announcement

Public Service Announcement

“အာဆီယံအသိုင်းအဝိုင်းရဲ့ မိသားစုဝင် နိုင်ငံတစ်နိုင်ငံအနေနဲ့ သူတို့( စစ်အုပ်စု) မှာ အစည်းအဝေးတက်ရောက်ခွင့်ရှိပါတယ်” လို့ ဟွန်ဆန်ကပြောပါတယ်။

မနက်ဖြန်မှာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ကမ္ဘောဒီးယားကိုလာရောက်ပြီးရင် သူ့အနေနဲ့လည်းမြန်မာကို သွားရောက်ဖို့ရှိတယ်လို့ ဟွန်ဆန်က ဆိုပါတယ်။

ဟွန်ဆန်ဟာ အာဆီယံ ပဋိညာဉ်မှာ တစ်နိုင်ငံရဲ့ပြည်တွင်းရေးကို တစ်နိုင်ငံက ဝင်ရောက်စွတ်ဖက်ခွင့်မရှိဆိုတဲ့အချက်ကိုလည်းထည့်သွင်းပြောသွားပါသေးတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook