Connect with us

Hi, what are you looking for?

News

ဒီပဲယင်းအ​နောက်ခြမ်းတွင် တိုက်ပွဲပြင်းထန်​နေပြည်သူများ တိုက်ပွဲသံနားစွင့်ပြီး သတိရှိကြရန် တိုက်တွန်း

တိုက်ပွဲအသံကို နားစွင့်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ကူညီရန် အဆင်သင့်ပြင်ထားစေလိုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို လုံးဝ အွန်လိုင်းပေါ် မတင်ရန်၊ သတင်းမဖြန့်ရန်လည်း အသိပေး ထားသည်။

(ယနေ့ ဒီပဲယင်းမြို့နယ်တွင် တွေ့ရသော အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်၊ ဓာတ်ပုံ - CJ)

ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အောင်စည်မြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည်။

“ဒီမနက် (ဒီဇင်ဘာ ၇ ရက်)၇ နာရီ မထိုးခင်ကတည်းက စပြီး ပစ်ခတ်နေကြတယ်။ တိုက်ပွဲက ပြင်းထန်နေတယ်။ကျွန်တော် အဆက်အသွယ်ရတဲ့ ၉ နာရီလောက်ထိ မပြီးသေးဘူး သိရတယ်။အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးတွေပါ တော်တော်သုံးနေတယ်”ဟု ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ​ပြောသည်။

ထို့ကြောင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် လူသားဒိုင်းအဖြစ် အသုံးပြုခံရခြင်းမှ ကာကွယ်ရန် ဒီပဲယင်း – စိုင်ပြင်လမ်းပိုင်းနှင့် အနောက်ဖက်အခြမ်းရှိ မူးဘောင်များကို လုံးဝ အသုံးမပြုကြရန်လည်း အရေးပေါ်သတိပေးချက်ကို ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲအသံကို နားစွင့်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ကူညီရန် အဆင်သင့်ပြင်ထားစေလိုပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို လုံးဝ အွန်လိုင်းပေါ် မတင်ရန်၊ သတင်းမဖြန့်ရန်လည်း အသိပေး ထားသည်။

Public Service Announcement

Public Service Announcement

မိမိဒေသသို့ စစ်ဘေးရှောင်များရောက်ရှိလာပါကလည်း ညီရင်းမောင်နှမသဖွယ် ကူညီစောင့်ရှောက်ကြရန် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်အတွင်းသို့ နိုဝင်ဘာ ၂၇ ရက်ကစ၍ လေကြောင်းပစ်ကူများအပါအဝင် သာလွန်အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

Facebook