Connect with us

Hi, what are you looking for?

News

အရာ​တော်မြို့နယ်မှပျူများကို အညံ့ခံလျှင် သက်ညှာမည်၊ စစ်​ကောင်စီနှင့်ဆက်​ပေါင်းလျှင် အမြစ်ပြတ်​ချေမှုန်းမည်ဟုသတိပေး

တိုက်ပွဲအပြီး မဟာမိတ်ပြည်သူ့တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလာရာ လမ်းတလျှောက်မှ ကျေးရွာများက အောင်ပွဲရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို သပြေခက်များဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အတွင်းရှိ ပျူစောထီးများ လက်နက်ချအညံ့ခံပါက သက်ညှာမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေပါက အမြစ်ပြတ်ချေမှုန်းမည်ဟု အရာတော်တော်လှန်ရေးအင်အားစုက သတိပေးလိုက်သည်။

အရာတော် တော်လှန်ရေးအင်အားစုမှ ယနေ့(ဒီဇင်ဘာလ ၇ ရက်နေ့)တွင် ပျူစောထီးများနှင့်ပတ်သက်၍ ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဆိုပါကြေညာချက်တွင် အရာတော်မြို့နယ်အတွင်းရှိကျေးရွာ အသီးသီးမှ ပျူစောထီးများ၏ အမည်များကို နေရပ်လိပ်စာနှင့်တကွ စာရင်းရထားရှိပြီး လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာ ပေးသွားမည်ဖြစ်‌ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်း၍ အသုံးချခံအဖြစ် ဆက်လက်ရှိနေပါက စစ်ကောင်စီတပ်သားများနှင့် တစ်တန်းတည်းထား တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)မှ သတိပေးသည်။

အရာတော်မြို့နယ် အရှေ့တောင်ပိုင်းရှိ ငွေတွင်း၊ စပါးတွင်း၊ သလဲဘာကျေးရွာများ နှင့် အနောက်မြောက်ပိုင်းရှိ အမတ ၃၆၉ အနီးရှိ သစ်ကျင်းကြီး ကျေးရွာတို့တွင် မဘသ အမည်ခံ ပျူစောထီးများက ရွာခံပြည်သူလူထုအား ဖိနှိပ်လျက်ရှိသ​ည်ဟု သိရကြောင်း၊တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်မျက်နှာ ဖွင့်ခံထားရပြီး အင်အားချိနဲ့နေသော အကြမ်းဖက်စစ်ကောင်စီသည် ဘာသာရေးမှိုင်းထည့်ခံထားသည့် ပျူစောထီးများအား ပြည်သူလူထုအား ဖိနှိပ်ရန်အတွက် လက်ကိုင်တုတ်အဖြစ် အသုံးချလျှက်ရှိသည်ဟု သတိပေးစာတွင်ရှင်းလင်းထားသည်။

ယမန်နေ့ (ဒီဇင်ဘာ(၆)ရက်) နံနက်ပိုင်းက အရာတော်အရှေ့တောင်နယ်၊ သလဲဘာကျေးရွာကို အခြေစိုက်၍ ဒေသတွင်း ရွာနီးချုပ်စပ်ကို ဖိနှိပ်ရမ်းကားလျက်ရှိသော အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့များကို အရာတော် – မြင်းမူ မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ပျူ‌စောထီးလေးဦးသေဆုံးကာ လက်နက်နှင့်တကွဖမ်းမိပြီး ၊ထွက်ပြေးခဲ့သည့် ပျူစောထီးနှစ်ဦး ပစ်ခတ်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအပြီး မဟာမိတ်ပြည်သူ့တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလာရာ လမ်းတလျှောက်မှ ကျေးရွာများက အောင်ပွဲရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို သပြေခက်များဖြင့် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook