Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့တွင် ယမန်​နေ့ညက ပြည်သူ ၂၅ ဦးခန့်ဖမ်းဆီးခံရ

စစ်ကောင်စီတပ်များမှ တာမွေမြို့နယ်အတွင်း ဖမ်းဆီးမှုများကို အင်းဝလမ်း၊ အောင်မဂ်လာပတ်လမ်းစသည့် လမ်းများမှ ပြည်သူ ၁၀ ဦးထက်မနည်း အဖမ်းခံရကြောင်း ၎င်းက ဆက်ပြောသည်။

(တာမွေမြို့နယ် အောင်မဂ်လာပတ်လမ်းတွင် ယ​မန်​နေ့(ဒီဇင်ဘာ ၇)ညပိုင်းက အကြမ်းဖက်စစ်သားများက သေနတ်ဖြင့်ချိန်ခြင်း ဖမ်းဆီးခြင်းနှင့်ဆဲဆိုခြင်းများပြုလုပ်ခဲ့စဥ်၊ ဓာတ်ပုံ - CJ)

-ဖမ်းဆီးခံရမည်ဆိုး၍ တိုက်ပေါ်မှခုန်ချသည့် တာမွေမှလူငယ် ဆုံးပြီဟုဆို

စစ်အာဏာရှင်ကိုဆန့်ကျင်​​​ကြောင်း ဆန္ဒထုတ်​ဖော်သည့် အ​နေဖြင့် သံပုံးတီး​သူများကို အကြမ်းဖက်စစ်​ကောင်စီတပ်က ယမန်နေ့(ဒီဇင်ဘာ ၇)ညပိုင်းတွင် ရန်ကုန်မြို့ မြို့နယ်နှစ်ခုမှ ပြည်သူ ၂၅ ဦးခန့်အား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများတွင် တာမွေမြို့နယ်မှ ၁၀ဦးခန့်နှင့် ကမာရွတ်မြို့နယ်မှ ၁၅ ဦးခန့် အသီးသီး အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။

“စစ်​ကောင်စီတပ်တွေက သံပုံးတွေ ပြန်တီးလာကြတာကို မကျေနပ်တာ။ ဧည့်စာရင်းစစ်မယ်ဘာညာဆိုပြီး သံပုံးတွေတီးတဲ့အချိန် ရပ်ကွက်တွေထဲလှည့်ပြီး ဆဲဆိုသောင်းကျန်းတယ်။ ပြီးတော့ သံပုံးတီးတယ်လိုထင်တဲ့အိမ်တွေကို တက်ပြီးဖမ်း​​ခေါ်သွားတယ်”ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များမှ တာမွေမြို့နယ်အတွင်း ဖမ်းဆီးမှုများကို အင်းဝလမ်း၊ အောင်မဂ်လာပတ်လမ်းစသည့် လမ်းများမှ ပြည်သူ ၁၀ ဦးထက်မနည်း အဖမ်းခံရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက အောင်မဂ်လာလမ်းနှင့် အင်းဝလမ်းထောင့်ရှိ တိုက်တစ်တိုက်ပေါ်တက်၍ ဖမ်းဆီးမည်ပြုစဥ် ကာယကံရှင်လူငယ်က ၎င်းတို့လက်၌အဖမ်းမခံဘဲ ငါးလွှာတိုက်၏ဝရမ်တာမှ ခုန်ချခဲ့ရာ ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားသည်ဟု တာတွေမြို့ခံများက ဆိုသည်။

တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးအောင်မျိုးလင်းက “တာမွေဖြစ်ရပ်အတွက် မခံစားနိုင်ဘူး။ ကောင်းရာသုဂတိလားပါစေ …ညီရေ”ဟု ၎င်း၏လူမှုကွန်ရက်တွင် ယနေ့(ဒီဇင်ဘာ ၈)နံနက်က ရေးသားထားသည်။

စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုကို မခံလိုသောကြောင့် တိုက်ပေါ်မှခုန်ချခဲ့သည့် လူငယ်အမျိုးသား၏ အမည်၊ အသက်အရွယ် စသည့်အချက်အလက်များကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ​​ ဖြစ်သည်။

စစ်အာဏာရှင်ကိုဆန့်ကျင်​​ကြောင်း ပြသသည့် သံပုံးများတီးသည့်ဖြစ်စဥ်ကြောင့် အရပ်သားပြည်သူဖမ်းဆီးခံရသည့် မြို့နယ်များတွင် ကမာရွတ်မြို့နယ်လည်း ပါဝင်သည်။

ယင်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရတနာလမ်းသို့ ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်များ သုံးကြိမ်ဆက်တိုက် ဝင်ရောက်သောင်းကျန်းကာ ပြည်သူ ၁၅ ဦးထက်မနည်းအား ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ် Kamayut Information က ဖော်ပြသည်။

ထို့အပြင် လမ်းအတွင်း ရပ်နားထားသော ပြည်သူပိုင်ကားများ၏ တံခါးမှန်များကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့ရာ ကားမျိုးအစားအစုံ ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

(တာမွေမြို့နယ် အောင်မဂ်လာပတ်လမ်းတွင် ယ​မန်​နေ့(ဒီဇင်ဘာ ၇)ညပိုင်းက အကြမ်းဖက်စစ်သားများက သေနတ်ဖြင့်ချိန်ခြင်း ဖမ်းဆီးခြင်းနှင့်ဆဲဆိုခြင်းများပြုလုပ်ခဲ့စဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook