Connect with us

Hi, what are you looking for?

News

ရန်ကုန်မြို့တွင် ယမန်​နေ့ညက ပြည်သူ ၂၅ ဦးခန့်ဖမ်းဆီးခံရ

စစ်ကောင်စီတပ်များမှ တာမွေမြို့နယ်အတွင်း ဖမ်းဆီးမှုများကို အင်းဝလမ်း၊ အောင်မဂ်လာပတ်လမ်းစသည့် လမ်းများမှ ပြည်သူ ၁၀ ဦးထက်မနည်း အဖမ်းခံရကြောင်း ၎င်းက ဆက်ပြောသည်။

(တာမွေမြို့နယ် အောင်မဂ်လာပတ်လမ်းတွင် ယ​မန်​နေ့(ဒီဇင်ဘာ ၇)ညပိုင်းက အကြမ်းဖက်စစ်သားများက သေနတ်ဖြင့်ချိန်ခြင်း ဖမ်းဆီးခြင်းနှင့်ဆဲဆိုခြင်းများပြုလုပ်ခဲ့စဥ်၊ ဓာတ်ပုံ - CJ)

-ဖမ်းဆီးခံရမည်ဆိုး၍ တိုက်ပေါ်မှခုန်ချသည့် တာမွေမှလူငယ် ဆုံးပြီဟုဆို

စစ်အာဏာရှင်ကိုဆန့်ကျင်​​​ကြောင်း ဆန္ဒထုတ်​ဖော်သည့် အ​နေဖြင့် သံပုံးတီး​သူများကို အကြမ်းဖက်စစ်​ကောင်စီတပ်က ယမန်နေ့(ဒီဇင်ဘာ ၇)ညပိုင်းတွင် ရန်ကုန်မြို့ မြို့နယ်နှစ်ခုမှ ပြည်သူ ၂၅ ဦးခန့်အား ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများတွင် တာမွေမြို့နယ်မှ ၁၀ဦးခန့်နှင့် ကမာရွတ်မြို့နယ်မှ ၁၅ ဦးခန့် အသီးသီး အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။

“စစ်​ကောင်စီတပ်တွေက သံပုံးတွေ ပြန်တီးလာကြတာကို မကျေနပ်တာ။ ဧည့်စာရင်းစစ်မယ်ဘာညာဆိုပြီး သံပုံးတွေတီးတဲ့အချိန် ရပ်ကွက်တွေထဲလှည့်ပြီး ဆဲဆိုသောင်းကျန်းတယ်။ ပြီးတော့ သံပုံးတီးတယ်လိုထင်တဲ့အိမ်တွေကို တက်ပြီးဖမ်း​​ခေါ်သွားတယ်”ဟု တာမွေမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များမှ တာမွေမြို့နယ်အတွင်း ဖမ်းဆီးမှုများကို အင်းဝလမ်း၊ အောင်မဂ်လာပတ်လမ်းစသည့် လမ်းများမှ ပြည်သူ ၁၀ ဦးထက်မနည်း အဖမ်းခံရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များက အောင်မဂ်လာလမ်းနှင့် အင်းဝလမ်းထောင့်ရှိ တိုက်တစ်တိုက်ပေါ်တက်၍ ဖမ်းဆီးမည်ပြုစဥ် ကာယကံရှင်လူငယ်က ၎င်းတို့လက်၌အဖမ်းမခံဘဲ ငါးလွှာတိုက်၏ဝရမ်တာမှ ခုန်ချခဲ့ရာ ဆေးရုံသို့ပို့ဆောင်ခဲ့သော်လည်း သေဆုံးသွားသည်ဟု တာတွေမြို့ခံများက ဆိုသည်။

တာမွေမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဟောင်း ဦးအောင်မျိုးလင်းက “တာမွေဖြစ်ရပ်အတွက် မခံစားနိုင်ဘူး။ ကောင်းရာသုဂတိလားပါစေ …ညီရေ”ဟု ၎င်း၏လူမှုကွန်ရက်တွင် ယနေ့(ဒီဇင်ဘာ ၈)နံနက်က ရေးသားထားသည်။

စစ်ကောင်စီတပ်များ၏ ဖမ်းဆီးမှုကို မခံလိုသောကြောင့် တိုက်ပေါ်မှခုန်ချခဲ့သည့် လူငယ်အမျိုးသား၏ အမည်၊ အသက်အရွယ် စသည့်အချက်အလက်များကို လူထုနွေဦးက ဆက်လက်စုံစမ်းနေဆဲ​​ ဖြစ်သည်။

စစ်အာဏာရှင်ကိုဆန့်ကျင်​​ကြောင်း ပြသသည့် သံပုံးများတီးသည့်ဖြစ်စဥ်ကြောင့် အရပ်သားပြည်သူဖမ်းဆီးခံရသည့် မြို့နယ်များတွင် ကမာရွတ်မြို့နယ်လည်း ပါဝင်သည်။

ယင်းမြို့နယ် အမှတ်(၃)ရပ်ကွက် ရတနာလမ်းသို့ ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်များ သုံးကြိမ်ဆက်တိုက် ဝင်ရောက်သောင်းကျန်းကာ ပြည်သူ ၁၅ ဦးထက်မနည်းအား ဖမ်းဆီးသွားကြောင်း ဒေသသတင်းရင်းမြစ် Kamayut Information က ဖော်ပြသည်။

ထို့အပြင် လမ်းအတွင်း ရပ်နားထားသော ပြည်သူပိုင်ကားများ၏ တံခါးမှန်များကိုပါ ရိုက်ခွဲဖျက်ဆီးခဲ့ရာ ကားမျိုးအစားအစုံ ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

(တာမွေမြို့နယ် အောင်မဂ်လာပတ်လမ်းတွင် ယ​မန်​နေ့(ဒီဇင်ဘာ ၇)ညပိုင်းက အကြမ်းဖက်စစ်သားများက သေနတ်ဖြင့်ချိန်ခြင်း ဖမ်းဆီးခြင်းနှင့်ဆဲဆိုခြင်းများပြုလုပ်ခဲ့စဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ