Connect with us

Hi, what are you looking for?

LuduNwayOo

News

တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့ ပြည်သူအချို့ သွားရောက်လေ့လာမှုများရှိနေ၍ မပြုလုပ်ရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ သတိ​ပေး

ပြည်သူအချို့သည် လက်နက်၊ခဲယမ်း အကြွင်းအကျန်များ သွားရောက်ကောက်ယူခြင်းကိုလည်း လုပ်ဆောင်နေကြသည်ကို ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့ ပြည်သူအချို့ သွားရောက်လေ့လာမှုများရှိနေ၍ ထိုသို့မပြုလုပ်ရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ပြည်သူအချို့သည် လက်နက်၊ခဲယမ်း အကြွင်းအကျန်များ သွားရောက်ကောက်ယူခြင်းကိုလည်း လုပ်ဆောင်နေကြသည်ကို ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။

(ဒီဇင်ဘာ ၇ရက်က ဒီပဲယင်းမြို့နယ်အတွင်း မြေပြင် တိုက်ပွဲဖြစ်ပွားပြီး​နောက် အခြေအနေကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“စစ်ခွေးတွေရဲ့ အန္တရာယ်က အရမ်းများတယ်။ပြီးတော့ မပေါက်ကွဲသေးတဲ့ ဗုံးဆံတွေသာ ကိုင်မိ၊သယ်မိတာတို့ဆိုရင် တော်တော်လေး အခြေအနေဆိုးသွားနိုင်တယ်။နောက်တစ်ခုက သူတို့(အကြမ်းဖက်စစ်ကောင်စီ) ဆုတ်ခွာခဲ့ရတော့ နင်းမိုင်းတွေ ထောင်ခဲ့ဖို့များတယ်။ဒါကြောင့် မသွားကြပါနဲ့”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် အဆိုပါနေရာများသို့ ကျွမ်းကျင်နားလည်သူများ မပါဝင်ပဲ သွားရောက်၍ စပ်စုလေ့လာခြင်း မပြုလုပ်ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

(ဒီဇင်ဘာ ၇ရက်က ဒီပဲယင်းမြို့နယ်အတွင်း မြေပြင် တိုက်ပွဲဖြစ်ပွားပြီး​နောက် အခြေအနေကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

လက်နက်၊ ခဲယမ်းများ ကောက်ယူရရှိခဲ့သည့် ပြည်သူများအနေဖြင့်လည်း အဆိုပါ လက်နက်၊ခဲယမ်းများကို လက်ဝယ်မထားရှိကြရန်နှင့် ရရှိထားပါကလည်း သတိကြီးစွာကိုင်တွယ်ပြီး ကျေးရွာဒေသကာကွယ်ရေးတပ်ဖွဲ့များသို့သော်လည်းကောင်း၊ အဆိုပါ ဒေသကာကွယ်ရေးတပ်ဖွဲ့များအချိတ်အဆက်ဖြင့် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့သော်လည်းကောင်း ပြန်လည်အပ်နှံကြရန် တိုက်တွန်းထားသည်။

ဒီဇင်ဘာ ၇ ရက်က ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အောင်စည်မြေ ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အပြင်း အထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅၀ ထက်မနည်း သေဆုံးပြီး ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။