Connect with us

Hi, what are you looking for?

News

တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့ ပြည်သူအချို့ သွားရောက်လေ့လာမှုများရှိနေ၍ မပြုလုပ်ရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ သတိ​ပေး

ပြည်သူအချို့သည် လက်နက်၊ခဲယမ်း အကြွင်းအကျန်များ သွားရောက်ကောက်ယူခြင်းကိုလည်း လုပ်ဆောင်နေကြသည်ကို ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများသို့ ပြည်သူအချို့ သွားရောက်လေ့လာမှုများရှိနေ၍ ထိုသို့မပြုလုပ်ရန် ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ပြည်သူအချို့သည် လက်နက်၊ခဲယမ်း အကြွင်းအကျန်များ သွားရောက်ကောက်ယူခြင်းကိုလည်း လုပ်ဆောင်နေကြသည်ကို ကြားသိရကြောင်းလည်း ၎င်းက ဆိုသည်။

(ဒီဇင်ဘာ ၇ရက်က ဒီပဲယင်းမြို့နယ်အတွင်း မြေပြင် တိုက်ပွဲဖြစ်ပွားပြီး​နောက် အခြေအနေကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

“စစ်ခွေးတွေရဲ့ အန္တရာယ်က အရမ်းများတယ်။ပြီးတော့ မပေါက်ကွဲသေးတဲ့ ဗုံးဆံတွေသာ ကိုင်မိ၊သယ်မိတာတို့ဆိုရင် တော်တော်လေး အခြေအနေဆိုးသွားနိုင်တယ်။နောက်တစ်ခုက သူတို့(အကြမ်းဖက်စစ်ကောင်စီ) ဆုတ်ခွာခဲ့ရတော့ နင်းမိုင်းတွေ ထောင်ခဲ့ဖို့များတယ်။ဒါကြောင့် မသွားကြပါနဲ့”ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ထို့ကြောင့် အဆိုပါနေရာများသို့ ကျွမ်းကျင်နားလည်သူများ မပါဝင်ပဲ သွားရောက်၍ စပ်စုလေ့လာခြင်း မပြုလုပ်ကြရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးသည်။

Public Service Announcement

Public Service Announcement

(ဒီဇင်ဘာ ၇ရက်က ဒီပဲယင်းမြို့နယ်အတွင်း မြေပြင် တိုက်ပွဲဖြစ်ပွားပြီး​နောက် အခြေအနေကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

လက်နက်၊ ခဲယမ်းများ ကောက်ယူရရှိခဲ့သည့် ပြည်သူများအနေဖြင့်လည်း အဆိုပါ လက်နက်၊ခဲယမ်းများကို လက်ဝယ်မထားရှိကြရန်နှင့် ရရှိထားပါကလည်း သတိကြီးစွာကိုင်တွယ်ပြီး ကျေးရွာဒေသကာကွယ်ရေးတပ်ဖွဲ့များသို့သော်လည်းကောင်း၊ အဆိုပါ ဒေသကာကွယ်ရေးတပ်ဖွဲ့များအချိတ်အဆက်ဖြင့် ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့သော်လည်းကောင်း ပြန်လည်အပ်နှံကြရန် တိုက်တွန်းထားသည်။

ဒီဇင်ဘာ ၇ ရက်က ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အောင်စည်မြေ ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ အပြင်း အထန် တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၅၀ ထက်မနည်း သေဆုံးပြီး ပြည်သူ့ရဲဘော် နှစ်ဦး ကျဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။