Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီကမီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုစာရင်းများ​တောင်းယူ

“စာရင်းကောက်တာတော့ ဟုတ်တယ်။ ဘာအတွက်ကောက်တယ်လို့မပြောဘူး။ ဒီအတိုင်းပဲ စာရင်းကောက်သွားတာ”ဟု မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

အာဏာသိမ်းစစ်ကောင်စီက မီးသတ်တပ်ဖွဲ့ဝင်များ၏ ဇနီး၊ခင်ပွန်းနှင့်မိသားစုဝင်များ၏အရေအတွက် စာရင်းကောက်ယူနေသည်။

စာရင်းအတိအကျ ပြုစုထားရန်လိုအပ်သောကြောင့် အသက် ၅၀နှစ်နှင့်အထက် ၊ အသက် ၅၀ အောက်နှင့် ကိုယ်ဝန်ဆောင် စာရင်းတို့ကို ပြုစုပေးရမည်ဟု စစ်ကောင်စီ၏ပြည်ထဲရေးဝန်ကြီးဌာနက တိုင်းဒေသကြီး/ပြည်နယ် မီးသတ်တပ်ဖွဲ့များထံ ဒီဇင်ဘာ၇ ရက်က ပေးပို့သည့် စာတွင်ဖော်ပြထားသည်။

စာရင်းကောက်ယူရာမှုတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မီးသတ်ဦးစီးဌာန(ရုံးချုပ်)၊ ဗဟိုမီးသတ်သင်တန်းကျောင်း အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် မီးသတ်ဦးစီးမှူးရုံးများ၊ ခရိုင်၊မြိုနယ်နှင့်နယ်မြေ မီးသတ်စခန်းများပါဝင်ပြီး ဒီဇင်ဘာ၈ ရက် မွန်းလွှဲ ၃ နာရီအ​ရောက်ပို့​ပေးရန် စစ်ကောင်စီကညွှန်ကြားထားသည်။

“စာရင်းကောက်တာတော့ ဟုတ်တယ်။ ဘာအတွက်ကောက်တယ်လို့မပြောဘူး။ ဒီအတိုင်းပဲ စာရင်းကောက်သွားတာ”ဟု မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အဲ့ဒီလိုစာရင်းတောင်းတာ မှန်ပါတယ်။ အရင်နှစ်‌တွေကလည်း တောင်းတယ်။ ဒီနှစ်တောင်းတာက‌တော့ လက်ရှိ နိုင်ငံရေးမှာ အသုံးချမှာလားလို့ စိတ်ပူနေကြတယ်။ အခြေအနေ‌တွေက ရှုပ်ထွေးနေလို့ ကြည့်နေကြည့်စားနေရပါတယ်”ဟု ပြည်နယ်တစ်ခုမှမြို့နယ်အဆင့်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် စစ်​ကောင်စီတပ်သည်နိုင်ငံတစ်ဝန်း လပေါင်းများစွာစစ်ပွဲများကြုံ​တွေ့​နေခြင်း ၊​နေ့စဥ်တိုက်ပွဲများတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​စွာသေဆုံး​နေခြင်း၊ပြည်သူ့ရင်ခွင်ခိုလှုံ​သော တပ်ဖွဲ့ဝင်များ​ထောင်​သောင်းချီရှိလာခြင်းနှင့် တပ်ပြေး၊ရဲပြေးများ အဆမတန်များလာပြီး တပ်သားသစ်စု​ဆောင်းရန်အခက်​တွေ့လာပြီးအင်အားချီနှဲ့လာသည်။

ထိုကြောင့် ပြည်သူစစ်အဖွဲ့များ၊ စစ်မူထမ်းဟောင်းများ အခကြေးငွေပေး၍ ၎င်းတို့ဘက်မှ တိုက်ခိုက်စေခြင်းပြုလာသည်။ ထို့အပြင် စစ်သားများ၏ ဇနီးများနှင့် မိသားစုများကို စစ်သင်တန်းမဖြစ်မနေ တက်ရောက်စေပြီး ကင်းစောင့်ခိုင်းခြင်းများပြုလုပ်လာသည်။ အလားတူရဲများ၏ မိန်းမနှင့် မိသားစုဝင်များကိုလည်း စစ်သင်တန်းတတ်စေရန် စစ်ကောင်စီက ဆောင်ရွက်နေသည်။

ထိုအပြင်မီးသတ်တပ်ဖွဲ့ဝင်များကိုပါ စစ်သင်တန်းတက်​ရောက်ခိုင်းပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့်ရန်တိုက်​ပေးရန် ပြုလုပ်​နေပြီဖြစ်​ကြောင်း သတင်းများထွက်​ပေါ်​နေချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များ၏မိသားစုဝင်စာရင်းများကို ​ကောက်ယူ​သောညွှန်ကြားစာထွက်လာခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက် ၂၀၂၀ တွင် လက်ရှိအာဏာသိမ်း​စစ်ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က သူ၏လူယုံတစ်ဦးဖြစ်​သော စရဖအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲ​ရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ထို့နောက် ယခင်အများအကျိုးပြုဌာနအဖြစ်သီးခြားကဲ့သို့ ရှိခဲ့​သောမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ပြည်ထဲ​ရေးဝန်ကြီးဌာန​အောက်သို့ သွပ်သွင်းပြီး​နောက် ပြည်ထဲ​ရေးကမီးသတ်တပ်ဖွဲ့ကိုပိုမိုလွှမ်းမိုးခြယ်လှယ်လာခြင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။