Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီကမီးသတ်တပ်ဖွဲ့ဝင်များ၏ မိသားစုစာရင်းများ​တောင်းယူ

“စာရင်းကောက်တာတော့ ဟုတ်တယ်။ ဘာအတွက်ကောက်တယ်လို့မပြောဘူး။ ဒီအတိုင်းပဲ စာရင်းကောက်သွားတာ”ဟု မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

အာဏာသိမ်းစစ်ကောင်စီက မီးသတ်တပ်ဖွဲ့ဝင်များ၏ ဇနီး၊ခင်ပွန်းနှင့်မိသားစုဝင်များ၏အရေအတွက် စာရင်းကောက်ယူနေသည်။

စာရင်းအတိအကျ ပြုစုထားရန်လိုအပ်သောကြောင့် အသက် ၅၀နှစ်နှင့်အထက် ၊ အသက် ၅၀ အောက်နှင့် ကိုယ်ဝန်ဆောင် စာရင်းတို့ကို ပြုစုပေးရမည်ဟု စစ်ကောင်စီ၏ပြည်ထဲရေးဝန်ကြီးဌာနက တိုင်းဒေသကြီး/ပြည်နယ် မီးသတ်တပ်ဖွဲ့များထံ ဒီဇင်ဘာ၇ ရက်က ပေးပို့သည့် စာတွင်ဖော်ပြထားသည်။

စာရင်းကောက်ယူရာမှုတွင် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မီးသတ်ဦးစီးဌာန(ရုံးချုပ်)၊ ဗဟိုမီးသတ်သင်တန်းကျောင်း အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် မီးသတ်ဦးစီးမှူးရုံးများ၊ ခရိုင်၊မြိုနယ်နှင့်နယ်မြေ မီးသတ်စခန်းများပါဝင်ပြီး ဒီဇင်ဘာ၈ ရက် မွန်းလွှဲ ၃ နာရီအ​ရောက်ပို့​ပေးရန် စစ်ကောင်စီကညွှန်ကြားထားသည်။

“စာရင်းကောက်တာတော့ ဟုတ်တယ်။ ဘာအတွက်ကောက်တယ်လို့မပြောဘူး။ ဒီအတိုင်းပဲ စာရင်းကောက်သွားတာ”ဟု မီးသတ်တပ်ဖွဲ့မှ အရာရှိတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

“အဲ့ဒီလိုစာရင်းတောင်းတာ မှန်ပါတယ်။ အရင်နှစ်‌တွေကလည်း တောင်းတယ်။ ဒီနှစ်တောင်းတာက‌တော့ လက်ရှိ နိုင်ငံရေးမှာ အသုံးချမှာလားလို့ စိတ်ပူနေကြတယ်။ အခြေအနေ‌တွေက ရှုပ်ထွေးနေလို့ ကြည့်နေကြည့်စားနေရပါတယ်”ဟု ပြည်နယ်တစ်ခုမှမြို့နယ်အဆင့်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

နိုင်ငံတော်အာဏာသိမ်းယူပြီးနောက် စစ်​ကောင်စီတပ်သည်နိုင်ငံတစ်ဝန်း လပေါင်းများစွာစစ်ပွဲများကြုံ​တွေ့​နေခြင်း ၊​နေ့စဥ်တိုက်ပွဲများတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင်များ​စွာသေဆုံး​နေခြင်း၊ပြည်သူ့ရင်ခွင်ခိုလှုံ​သော တပ်ဖွဲ့ဝင်များ​ထောင်​သောင်းချီရှိလာခြင်းနှင့် တပ်ပြေး၊ရဲပြေးများ အဆမတန်များလာပြီး တပ်သားသစ်စု​ဆောင်းရန်အခက်​တွေ့လာပြီးအင်အားချီနှဲ့လာသည်။

ထိုကြောင့် ပြည်သူစစ်အဖွဲ့များ၊ စစ်မူထမ်းဟောင်းများ အခကြေးငွေပေး၍ ၎င်းတို့ဘက်မှ တိုက်ခိုက်စေခြင်းပြုလာသည်။ ထို့အပြင် စစ်သားများ၏ ဇနီးများနှင့် မိသားစုများကို စစ်သင်တန်းမဖြစ်မနေ တက်ရောက်စေပြီး ကင်းစောင့်ခိုင်းခြင်းများပြုလုပ်လာသည်။ အလားတူရဲများ၏ မိန်းမနှင့် မိသားစုဝင်များကိုလည်း စစ်သင်တန်းတတ်စေရန် စစ်ကောင်စီက ဆောင်ရွက်နေသည်။

ထိုအပြင်မီးသတ်တပ်ဖွဲ့ဝင်များကိုပါ စစ်သင်တန်းတက်​ရောက်ခိုင်းပြီး ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့်ရန်တိုက်​ပေးရန် ပြုလုပ်​နေပြီဖြစ်​ကြောင်း သတင်းများထွက်​ပေါ်​နေချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များ၏မိသားစုဝင်စာရင်းများကို ​ကောက်ယူ​သောညွှန်ကြားစာထွက်လာခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက် ၂၀၂၀ တွင် လက်ရှိအာဏာသိမ်း​စစ်ခေါင်း​ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း​အောင်လှိုင်က သူ၏လူယုံတစ်ဦးဖြစ်​သော စရဖအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲ​ရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့သည်။ထို့နောက် ယခင်အများအကျိုးပြုဌာနအဖြစ်သီးခြားကဲ့သို့ ရှိခဲ့​သောမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကို ပြည်ထဲ​ရေးဝန်ကြီးဌာန​အောက်သို့ သွပ်သွင်းပြီး​နောက် ပြည်ထဲ​ရေးကမီးသတ်တပ်ဖွဲ့ကိုပိုမိုလွှမ်းမိုးခြယ်လှယ်လာခြင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook