Connect with us

Hi, what are you looking for?

News

ခမရ (၄၂၇)တပ်အနီး ကင်းပုန်းကို ဒီးမော့ဆို PDF ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေ

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ကျဆုံးသည်အထိ အစွမ်းကုန် တိုက်ထုတ်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဝေးရာ၌ နေကြပြီး လုံခြုံရေးသတိရှိရှိ သွားလာနေထိုင်ကြရန် ဒီးမော့ဆို PDFက တိုက်တွန်း သတိပေးထားသည်။

(ဒီး​မော့ဆို PDFများ စစ်​ရေး​လေ့ကျင့်​နေစဥ်)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့ငွေတောင် အုပ်စု အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်ရင်း ခမရ (၄၂၇)တပ်ရင်းရှိ ကင်းပုန်းတစ်ခုကို ဒီဇင်ဘာ ၇ရက် ညနေ ၇နာရီခွဲတွင် ဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေ၊ ၁၀ဦးခန့် ဒဏ်ရာရခဲ့​ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

အဆိုပါ ခမရ(၄၂၇)တပ်ရှိ ကင်းပုန်းကို ဒီဇင်ဘာ ၅ရက်က ပထမအကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် ယခုဒုတိယ အကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ ပထမအကြိမ် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးခန့် သေဆုံးခဲ့သည်။

“သူတို့ တပ်ထဲမှာလည်း ကင်းရှိတယ်။ တပ်အပြင်ဘက် ခပ်လှမ်းလှမ်းမှာလည်း ကင်းထုတ်ထားတာလည်းရှိတယ်။ ၇ရက်နေ့မှာ ဖြစ်တဲ့ဟာက တပ်ရင်း အပြင်မှာ ငါးကန်ရှိတယ်။ အဲဒီမှာ ထုတ်ထားတဲ့ ကင်းကို ကျွန်တော်တို့ PDFကနေ ဝင်ပြီးတိုက်ခိုက်တာပေါ့။ အရင်ဖြစ်တဲ့ပွဲနဲ့ နောက်ဖြစ်တာတော့ နေရာနည်းနည်းကွာတယ်” ဟု ဒီးမော့ဆို PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဉ် လွိုင်ကော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်အမြှောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ညောင်ကုန်းကျေးရွာရှိ အရပ်သား ပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ကျဆုံးသည်အထိ အစွမ်းကုန် တိုက်ထုတ်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဝေးရာ၌ နေကြပြီး လုံခြုံရေးသတိရှိရှိ သွားလာနေထိုင်ကြရန် ဒီးမော့ဆို PDFက တိုက်တွန်း သတိပေးထားသည်။

ဆက်လက်ဖြစ်ပွားမည့် တိုက်ပွဲအချို့ကို လုံခြုံရေးအရ အချိန်နှင့်တပြေညီ ထုတ်ပြန်မည်မဟုတ်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ