Connect with us

Hi, what are you looking for?

LuduNwayOo

News

ခမရ (၄၂၇)တပ်အနီး ကင်းပုန်းကို ဒီးမော့ဆို PDF ဝင်တိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေ

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ကျဆုံးသည်အထိ အစွမ်းကုန် တိုက်ထုတ်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဝေးရာ၌ နေကြပြီး လုံခြုံရေးသတိရှိရှိ သွားလာနေထိုင်ကြရန် ဒီးမော့ဆို PDFက တိုက်တွန်း သတိပေးထားသည်။

(ဒီး​မော့ဆို PDFများ စစ်​ရေး​လေ့ကျင့်​နေစဥ်)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့ငွေတောင် အုပ်စု အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်ရင်း ခမရ (၄၂၇)တပ်ရင်းရှိ ကင်းပုန်းတစ်ခုကို ဒီဇင်ဘာ ၇ရက် ညနေ ၇နာရီခွဲတွင် ဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေ၊ ၁၀ဦးခန့် ဒဏ်ရာရခဲ့​ကြောင်း ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

အဆိုပါ ခမရ(၄၂၇)တပ်ရှိ ကင်းပုန်းကို ဒီဇင်ဘာ ၅ရက်က ပထမအကြိမ် တိုက်ခိုက်ခဲ့ပြီးနောက် ယခုဒုတိယ အကြိမ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။ ပထမအကြိမ် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သုံးဦးခန့် သေဆုံးခဲ့သည်။

“သူတို့ တပ်ထဲမှာလည်း ကင်းရှိတယ်။ တပ်အပြင်ဘက် ခပ်လှမ်းလှမ်းမှာလည်း ကင်းထုတ်ထားတာလည်းရှိတယ်။ ၇ရက်နေ့မှာ ဖြစ်တဲ့ဟာက တပ်ရင်း အပြင်မှာ ငါးကန်ရှိတယ်။ အဲဒီမှာ ထုတ်ထားတဲ့ ကင်းကို ကျွန်တော်တို့ PDFကနေ ဝင်ပြီးတိုက်ခိုက်တာပေါ့။ အရင်ဖြစ်တဲ့ပွဲနဲ့ နောက်ဖြစ်တာတော့ နေရာနည်းနည်းကွာတယ်” ဟု ဒီးမော့ဆို PDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားနေစဉ် လွိုင်ကော်အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်အမြှောက်တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်၍ ညောင်ကုန်းကျေးရွာရှိ အရပ်သား ပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ ကျဆုံးသည်အထိ အစွမ်းကုန် တိုက်ထုတ်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် ဝေးရာ၌ နေကြပြီး လုံခြုံရေးသတိရှိရှိ သွားလာနေထိုင်ကြရန် ဒီးမော့ဆို PDFက တိုက်တွန်း သတိပေးထားသည်။

ဆက်လက်ဖြစ်ပွားမည့် တိုက်ပွဲအချို့ကို လုံခြုံရေးအရ အချိန်နှင့်တပြေညီ ထုတ်ပြန်မည်မဟုတ်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။