Connect with us

Hi, what are you looking for?

News

ရန်ကုန်တိုင်းစစ်သေခွဲက မြို့နယ်ခုနစ်ခုတွင်တိုက်ခိုက်၊ စစ်​ကောင်စီတပ်သုံးဦး​သေ၊ အရာရှိအပါအဝင်လေးဦးဒဏ်ရာရ

တိုက်ခိုက်မှုများတွင် တွံတွေး၊ မဂ်လာဒုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် ဗိုလ်တထောင်မြို့နယ်တို့ရှိ စစ်ကောင်စီလှည့်ကင်း၊ ကင်းစခန်းနှင့် ရဲစခန်းစသည်တို့ပဝင်ပြီး တွံတေးနှင့် တိုက်ကြီးမြို့နယ်တို့မှ ပျူစောထီးများကိုလည်း သုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့မှ ပျံလွှားအောင်စစ်ဆင်ရေး၏အစိတ်အပိုင်းအဖြစ် စစ်ရေးတုန့်ပြန်တိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း မြို့နယ်ခုနစ်ခုတွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ယနေ့(ဒီဇင်ဘာ ၉)ညပိုင်းတွင် ထုတ်ပြန်သည်။

တိုက်ခိုက်မှုများတွင် တွံတွေး၊ မဂ်လာဒုံ၊ မရမ်းကုန်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပနှင့် ဗိုလ်တထောင်မြို့နယ်တို့ရှိ စစ်ကောင်စီလှည့်ကင်း၊ ကင်းစခန်းနှင့် ရဲစခန်းစသည်တို့ပဝင်ပြီး တွံတေးနှင့် တိုက်ကြီးမြို့နယ်တို့မှ ပျူစောထီးများကိုလည်း သုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

❖ တွံတေး

တွံတေးမြို့နယ် ဂတ်ကုန်းကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်သား ၂၅ ဦးခန့် ပါဝင်သည့် ကင်းလှည့်နေသော စစ်ကားအတွင်းသို့ ဒီဇင်ဘာ ၈ ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်းတေပျမြားက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ အရာရှိအဆင့် တစ်ဦးနှင့် ရန်သူစစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထို့အပြင် တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ အကြမ်းဖက်စစ်တပ်၏ ခါးပိုက်ဆောင်တပ် ဖြစ်သော ပျူစောထီးတပ်ဖွဲ့ဝင် တစ်ဦးအား ယ
နေ့(ဒီဇင်ဘာ ၉)မနက် ၁၀ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ခြင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

❖ တိုက်ကြီး

တိုက်ကြီးမြို့နယ်၊ ကွမ်းသီးမြောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီဆေးမှူးဟောင်း၊ ပျူစောထီးတပ်ဖွဲ့ဝင် ၁ ဦးအား ယနေ့(ဒီဇင်ဘာ ၉) နေ့လည် ၁၁ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ခတ်သုတ်သင်ရှင်းလင်းခဲ့ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

❖ မင်္ဂလာဒုံ

မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ပေါင်းကူးဉာဏရပ်ကွက်ရုံးကို ယနေ့(ဒီဇင်ဘာ ၉)နေ့လယ်၁၂ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖောက်ခွဲဖျက်ဆီးခဲ့သည်။

❖ မရမ်းကုန်း၊ တောင်ဥက္ကလာပ

မရမ်းကုန်းမြို့နယ်၊ စွယ်တော်စေတီအနီးရှိ ရဲစခန်းတစ်ခုအား ယနေ့(ဒီဇင်ဘာ ၉) ရညနေ ၄ နာရီအချိန်ခန့်တွင်လည်းကောင်း အလားတူတောင်ဥက္ကလာမြို့နယ် ရဲစခန်းအား ယနေ့ညနေ ၆ နာရီခန့်တွင် ၄၀ မမ ဗုံးသီး ၂ လုံးဖြင့်လည်းကောင်း အသီးသီးတိုက်ခိုက်ခဲ့သည်။

ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း ငေေျဥကျကလာရဲစခနျးမှ ရန်သူရဲတပ်သား ၁ ဦး သေ၊ ၁ ဦး ပေါင်ပြတ်ပြီး အချို့ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

❖ မြောက်ဥက္ကလာပ၊ ဗိုလ်တထောင်

အလားတူ မြောက်ဥက္ကလာမြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ်များတွင်လည်း အကြမ်းဖက်စစ် ကောင်စီတပ်များ တပ်စွဲထားရာ နေရာများကို ယနေ့ဖောက်ခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့က အသိပေးထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များအပေါ် စစ်ရေးအရ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်နေသည့်နည်းတူ ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ကျရာအခန်းကဏ္ဍမှ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသရွေ့ လက်တွဲပူးပေါင်း ဆောင်ရွက်ပေးကြပါရန် ရန်ကုန်စစ်ဒေသကွပ်ကဲရေးအဖွဲ့က တိုက်တွန်းထားသည်။

ထို့အပြင် မနက်ဖြန်(ဒီဇင်ဘာလ ၁၀)ကျရောက်မည့် ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင်ပြုလုပ်မည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတိတ်ဆိတ်ခြင်းသပိတ် (Silent Strike)တွင်လည်း အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကြရန် နှိုးဆော်ထားသည်။

ရန်ကုန်တိုင်းစစ်ဒေကွပ်ကဲရေးအဖွဲ့သည် အကြမ်းဖက်စစ်ကောင်စီအား စစ်ရေးအရ တုန့်ပြန်တိုက်ခိုက်မှုများကို ပျံလွှားအောင်စစ်ဆင်ရေးဟုအမည်ပေးကာစစ်​ကောင်စီတပ်ကို အရှိန်မြှင့် တိုပ်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

သတင်း

ရန်ကုန်တိုင်းအတွက်စုဖွဲ့မယ့် တပ်ရင်းသစ် ၁ခု ထပ်မံတိုးချဲ့ပြီး တပ်သားသစ်တွေ ဖိတ်ခေါ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ Myanmar Defense Force တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook