ယင်းမာပင်မြို့နယ်နှစ်နေရာတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်သုံးဖွဲ့က နှစ်နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးကြောင်း Golden Triple
Force (GTF)က ထုတ်ပြန်သည်။
ခြေလျင်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ယင်းမာပင်မြို့နယ်၊တည်ပင်ကန်ကျေးရွာအနီးတွင် ယနေ့(ဒီဇင်ဘာ ၉ရက်)နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်ကငါးဦးသေဆုံးကြောင်း၊ ညနေပိုင်းတွင်လည်းစစ်ကောင်စီယာဉ်တန်းအား ယင်းမာပင်မြို့နယ် နှစ်ထပ်ကွေ့တွင် ထပ်မံ မိုင်းခွဲတိုက်ခိုက်ရာစစ်ကောင်စီဘက်က ၁၅ဦးသေဆုံးကြောင်းGolden Triple Force (GTF)က ထုတ်ပြန်ထားသည်။ နှစ်ထပ်ကွေ့တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ကားတစ်စီး မီးလောင်သွားသည်ဟုလည်း ဆိုသည်။
အထက်ပါတိုက်ခိုက်မှုကို ညီနောင်မဟာမိတ် ရွှေတြိဂံတပ်ရင်း(Golden Triple Force )နှင့် ချင်းတွင်းဂဠုန်ရာဇာပျောက်ကြားတပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
