Connect with us

Hi, what are you looking for?

News

ယင်းမာပင်တွင်စစ်​ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး၂၀ ခန့်​သေဆုံးဟု GTFထုတ်ပြန်

အထက်ပါတိုက်ခိုက်မှုကို ညီနောင်မဟာမိတ် ရွှေတြိဂံတပ်ရင်း(Golden Triple Force )နှင့် ချင်းတွင်းဂဠုန်ရာဇာပျောက်ကြားတပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းမာပင်မြို့နယ်နှစ်နေရာတွင်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေးမဟာမိတ်သုံးဖွဲ့က နှစ်​နေရာတွင်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံး​ကြောင်း Golden Triple
Force (GTF)က ထုတ်ပြန်သည်။

‌ခြေလျင်တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ယင်းမာပင်မြို့နယ်၊တည်ပင်ကန်ကျေးရွာအနီးတွင် ယနေ့(ဒီဇင်ဘာ ၉ရက်)နံနက်ပိုင်းက မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်ကငါးဦးသေဆုံးကြောင်း၊ ညနေပိုင်းတွင်လည်းစစ်ကောင်စီယာဉ်တန်းအား ယင်းမာပင်မြို့နယ် နှစ်ထပ်ကွေ့တွင် ထပ်မံ မိုင်းခွဲတိုက်ခိုက်ရာစစ်ကောင်စီဘက်က ၁၅ဦးသေဆုံးကြောင်းGolden Triple Force (GTF)က ထုတ်ပြန်ထားသည်။ နှစ်ထပ်ကွေ့တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်၏ကားတစ်စီး မီးလောင်သွားသည်ဟုလည်း ဆိုသည်။

အထက်ပါတိုက်ခိုက်မှုကို ညီနောင်မဟာမိတ် ရွှေတြိဂံတပ်ရင်း(Golden Triple Force )နှင့် ချင်းတွင်းဂဠုန်ရာဇာပျောက်ကြားတပ်ဖွဲ့၊ ဒေသခံကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook