Connect with us

Hi, what are you looking for?

News

စိုင်းပြင်မြို့နယ်ရဲစခန်းကို ဂဠုန်တပ်တော်တိုက်ခိုက်

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဆယ်ဦးခန့်ရှိသည့် ရဲကင်းကို လက်ဗစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးကသာ ပြန်ခုခံနိုင်သောကြောင့် အကျအဆုံးနှင့်ထိခိုက်ဒဏ်ရာရသော ရဲများ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့နယ်အတွင်း ကျဆုံးခဲ့သည့် ပြည်သူ့ရဲဘော်(PDF)များအတွက်လက်စားခြေသည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လုံခြုံရေးရဲကင်းကို ဒီပဲယင်းမြို့ ဂဠုန်တပ်တော်က ယ​နေ့တိုက်ခိုက်ခဲ့သည်။

ဒီပဲယင်းမြို့နယ် စိုင်ပြင်မြို့နယ်ရဲစခန်းရှေ့ရှိ လုံခြုံရေး ရဲကင်းကို ဂဠုန်တပ်တော်မှ စစ်ကဲမှုး ဆရာ“အောက်ချင်း” ဦးဆောင်သော တပ်သား ငါးဦးကယနေ့(ဒီဇင်ဘာ၉ရက်)
ညနေတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဂဠုန်တပ်တော်People Defence Force (Galon)ကသတင်းထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဆယ်ဦးခန့်ရှိသည့် ရဲကင်းကို လက်ဗစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တစ်ဦးကသာ ပြန်ခုခံနိုင်သောကြောင့် အကျအဆုံးနှင့်ထိခိုက်ဒဏ်ရာရသော ရဲများ ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဂဠုန်တပ်တော်ဦးဆောင်သူကိုဂဠုန်က ” ပြည်သူ တစ်ယောက်ကို သတ်ရင် စစ်ခွေးဆယ်ယောက်အသက်ကို ပြန်ယူမယ်။ဒီပဲယင်းသမိုင်း မရိုင်းစေရဘူး”ဟု လူထုနွေဦးသို့ ပြောကြားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

သတင်း

​မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် အကျနေ့မှာ စစ်တပ်က စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကို ပါရာမိုတာနဲ့ လေကြောင်းတိုက်ခိုက်လို့ ဒေသခံ ထန်းသမားတစ်ဦး သေဆုံးခဲ့ပါတယ်။