Connect with us

Hi, what are you looking for?

News

အသံတိတ်သပိတ်တွင် အစ္စလာမ်ဘာသာဝင်များအားလုံး ပူး​ပေါင်းပါဝင်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်ဆလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ ​မေတ္တာရပ်ခံ

ယ​နေ့ သောကြာနေ့ဖြစ်နေသည့်အတွက်ရက်သတ္တပတ်၏သောကြာနေ့တိုင်းသည် အစ္စလာမ်ဘာသာဝင်များအတွက် အထွဋ်အမြတ်အထားရာနေ့ဖြစ်သည့်အလျောက် ဗလီတွင် စုပေါင်းဝတ်ပြုမှုသည်လည်း မဖြစ်မနေပြုလုပ်ရမည့်နေ့လည်းဖြစ်သည်။

ပြည်သူအားလုံးပါဝင်မည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်( Silent Strike)တွင် မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံး ပူးပေါင်းပါဝင်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီက ယနေ့(ဒီဇင်ဘာ ၁၀ရက်) တွင် မေတ္တာရပ်ခံထုတ်ပြန်သည်။

ယ​နေ့ သောကြာနေ့ဖြစ်နေသည့်အတွက်ရက်သတ္တပတ်၏သောကြာနေ့တိုင်းသည် အစ္စလာမ်ဘာသာဝင်များအတွက် အထွဋ်အမြတ်အထားရာနေ့ဖြစ်သည့်အလျောက် ဗလီတွင် စုပေါင်းဝတ်ပြုမှုသည်လည်း မဖြစ်မနေပြုလုပ်ရမည့်နေ့လည်းဖြစ်သည်။

(ရန်ကုန်မြို့ လှည်းတန်းရှိ အင်းစိန်လမ်းမကို ယ​နေ့နံနက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

ထို့ကြောင့် အစ္စလာမ်ဘာသာဝင်များအတွက် သောကြာ‌နေ့ ဝတ်ပြုမှုသည် မဖြစ်မနေ(ဖရဇ်) ပြုလုပ်ရမည်ဖြစ်သောကြောင့် မိမိတို့အနေဖြင့် နေ့လည်ခင်းဝတ်ပြုမှုသွားကြရာတွင် လူစုလူဝေးဖြင့် ဗလီဝတ်ကျောင်းသို့သွားခြင်းများကို ရှောင်ကြဉ်ကြရန် တိုက်တွန်းသည်။

ဗလီဝတ်ကျောင်းများသို့ သိုသိပ်စွာသွားကြပြီး ဝတ်ပြုမှုပြီးသည့်အခါတွင်လည်း ဗလီဝတ်ကျောင်းမှ မိမိတို့နေအိမ်များသို့ ပြန်ကြရာတွင်လည်း လူစုလူဝေးများဖြင့် ပြန်ခြင်းမျိုးမပြုလုပ်ပဲ သိုသိပ်စွာသွားလာခြင်းကိုပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ယ​​နေ့(ဒီဇင်ဘာ ၁၀ ရက်)သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း “တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်”(Silent Strike)ပြုလုပ်ရန် ပြင်ဆင်​​နေကြပြီဖြစ်သည်။

(ရန်ကုန်မြို့ လှည်းတန်းရှိ အင်းစိန်လမ်းမကို ယ​နေ့နံနက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

မြန်မာနိုင်ငံလုံးရှိ ပြည်သူများက နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ အပြင်မထွက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်းပြသမည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပြုလုပ်ရန် ပြည်သူအချင်းချင်း လှုံ့​ဆော်ပြင်ဆင်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် မောင်တောမြို့မှ မွတ်ဆလင်ခေါင်းဆောင်များတွေ့ဆုံမှုနှင့် ၁၃နှစ်ကြာပိတ်ထား‌သော မောင်တောမြို့မဂျာမေဗလီပြန်ဖွင့်လှစ်နိုင်မှုကို ရခိုင်နှင့် မွတ်ဆလင်အသိုင်းအဝိုင်းက ကြိုဆိုကြသည်။

သတင်း

မန္တလေးခရိုင်၊ အမရပူရမြို့နယ်၊ ဘုံးအိုးကျေးရွာမှာ ငလျင်ဒဏ်ကြောင့် ဗလီတွေပြိုကျပြီး အစ္စလာမ်ဘာသာဝင် ၄၀၀ခန့် သေဆုံးခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။