Connect with us

Hi, what are you looking for?

LuduNwayOo

News

အသံတိတ်သပိတ်တွင် အစ္စလာမ်ဘာသာဝင်များအားလုံး ပူး​ပေါင်းပါဝင်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်ဆလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ ​မေတ္တာရပ်ခံ

ယ​နေ့ သောကြာနေ့ဖြစ်နေသည့်အတွက်ရက်သတ္တပတ်၏သောကြာနေ့တိုင်းသည် အစ္စလာမ်ဘာသာဝင်များအတွက် အထွဋ်အမြတ်အထားရာနေ့ဖြစ်သည့်အလျောက် ဗလီတွင် စုပေါင်းဝတ်ပြုမှုသည်လည်း မဖြစ်မနေပြုလုပ်ရမည့်နေ့လည်းဖြစ်သည်။

ပြည်သူအားလုံးပါဝင်မည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်( Silent Strike)တွင် မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များအားလုံး ပူးပေါင်းပါဝင်ကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်ဆလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီက ယနေ့(ဒီဇင်ဘာ ၁၀ရက်) တွင် မေတ္တာရပ်ခံထုတ်ပြန်သည်။

ယ​နေ့ သောကြာနေ့ဖြစ်နေသည့်အတွက်ရက်သတ္တပတ်၏သောကြာနေ့တိုင်းသည် အစ္စလာမ်ဘာသာဝင်များအတွက် အထွဋ်အမြတ်အထားရာနေ့ဖြစ်သည့်အလျောက် ဗလီတွင် စုပေါင်းဝတ်ပြုမှုသည်လည်း မဖြစ်မနေပြုလုပ်ရမည့်နေ့လည်းဖြစ်သည်။

(ရန်ကုန်မြို့ လှည်းတန်းရှိ အင်းစိန်လမ်းမကို ယ​နေ့နံနက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

ထို့ကြောင့် အစ္စလာမ်ဘာသာဝင်များအတွက် သောကြာ‌နေ့ ဝတ်ပြုမှုသည် မဖြစ်မနေ(ဖရဇ်) ပြုလုပ်ရမည်ဖြစ်သောကြောင့် မိမိတို့အနေဖြင့် နေ့လည်ခင်းဝတ်ပြုမှုသွားကြရာတွင် လူစုလူဝေးဖြင့် ဗလီဝတ်ကျောင်းသို့သွားခြင်းများကို ရှောင်ကြဉ်ကြရန် တိုက်တွန်းသည်။

ဗလီဝတ်ကျောင်းများသို့ သိုသိပ်စွာသွားကြပြီး ဝတ်ပြုမှုပြီးသည့်အခါတွင်လည်း ဗလီဝတ်ကျောင်းမှ မိမိတို့နေအိမ်များသို့ ပြန်ကြရာတွင်လည်း လူစုလူဝေးများဖြင့် ပြန်ခြင်းမျိုးမပြုလုပ်ပဲ သိုသိပ်စွာသွားလာခြင်းကိုပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ယ​​နေ့(ဒီဇင်ဘာ ၁၀ ရက်)သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လည်း “တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်”(Silent Strike)ပြုလုပ်ရန် ပြင်ဆင်​​နေကြပြီဖြစ်သည်။

(ရန်ကုန်မြို့ လှည်းတန်းရှိ အင်းစိန်လမ်းမကို ယ​နေ့နံနက်က ​တွေ့ရစဥ်၊ ဓာတ်ပုံ – PS)

မြန်မာနိုင်ငံလုံးရှိ ပြည်သူများက နံနက် ၁၀နာရီမှ ညနေ ၄နာရီအထိ အပြင်မထွက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်းပြသမည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပြုလုပ်ရန် ပြည်သူအချင်းချင်း လှုံ့​ဆော်ပြင်ဆင်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

စစ်ကောင်စီသည်တိုက်ပွဲဖြစ်ပွားလျင် ပြည်သူများအား ယုတ်မာစွာပစ်မှတ်ထား တိုက်ခိုက်နေသည်ကိုတွေ့ကြုံနေရပြီး တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်နေသယောင်သတင်းအမှားများထုတ်လွှင့်လျက်ရှိနေသည်ဟု ဖော်ပြသည်။