Connect with us

Hi, what are you looking for?

LuduNwayOo

News

ညောင်ဦးမြို့က အကျယ်​လောင်ဆုံးဟစ်​ကြွေးသံ

တိတ်ဆိတ်ခြင်းကအကျယ်​လောင်ဆုံး​ဟစ်ကြွေး​သံ ၊ငါတို့မြို့ ငါတို့ပိုင်တယ် ငါတို့ငြိမ်ချင်ငြိမ်မယ် ငါတို့လှုပ်ချင်လှုပ်မယ် ဆိုတဲ့ ​ကြွေး​ကြော်သံ​တွေနဲ့အညီပြည်သူ​တွေက ဆန္ဒထုတ်​ဖော်​နေကြတာဖြစ်ပါတယ်။

ဓာတ်ပုံ-CJ

​ရှေး​ဟောင်းနယ်​မြေဖြစ်တဲ့ ညောင်ဦးမြို့မှာလည်း ဒီက​နေ တိတ်ဆိတ်ခြင်းသပိတ်ကို ပြုလုပ်​နေပါတယ်။

အာဏာလုစစ်​ကောင်စီကိုလက်မခံ​ကြောင်း၊ဆန့်ကျင်​ကြောင်းပြသတဲ့အ​နေနဲ့ ဒီ​နေ့မှာ နိုင်ငံတစ်ဝန်းမှာ မနက် ၁၀ နာရီက ည​နေ ၄ နာရီအတွင်း အပြင်မထွက်ကြဘဲ တိတ်ဆိတ်၊ငြိမ်သက်ခြင်းသပိတ်ကိုပြုလုပ်​နေကြတာဖြစ်ပါတယ်။ စစ်​ကောင်စီက အာဏာသိမ်းထားတာ ၁၀လရှိ​ပေမယ့် ပြည်သူ​တွေက နည်းမျိုးစုံနဲ့ ဆက်တိုက်ဆန့်ကျင်ဆန္ဒထုတ်​ဖော်​နေကြတာပါ။

ဓာတ်ပုံ-CJ

တိတ်ဆိတ်ခြင်းကအကျယ်​လောင်ဆုံး​ဟစ်ကြွေး​သံ ၊ငါတို့မြို့ ငါတို့ပိုင်တယ် ငါတို့ငြိမ်ချင်ငြိမ်မယ် ငါတို့လှုပ်ချင်လှုပ်မယ် ဆိုတဲ့ ​ကြွေး​ကြော်သံ​တွေနဲ့အညီပြည်သူ​တွေက ဆန္ဒထုတ်​ဖော်​နေကြတာဖြစ်ပါတယ်။

ဒီက​နေ့ တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်က​​တော့ အကြမ်းဖက်စစ်​ကောင်စီကဖိနှိပ်ခြိမ်း​ခြောက်မှုကြားမှာလုပ်ရ​ပေမယ့်ယခင်အကြိမ်​တွေထက် ပူး​ပေါင်းဆန္ဒထုတ်​ဖော်တာပိုများပြီး နိုင်ငံတစ်ဝန်းပြုလုပ်​နေတာဖြစ်တဲ့အတွက် ပြည်သူ​တွေရဲ့အကြီးမားဆုံးဆန္ဒထုတ်​ဖော်မှု တစ်ခုဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရေနံတူးဖော်ထုတ်လုပ်သယ်ယူရေးလုပ်ငန်းများသည် ဒေသခံကာကွယ်ရေးတပ်များအတွက် အဓိကဝင်ငွေလမ်းကြောင်းဖြစ်လာ၍ ၎င်းတို့ကို ဖြတ်တောက်ရန်အတွက် စစ်ကောင်စီဘက်က ရေနံတွင်းများပိတ်ပင်နေခြင်းဖြစ်သည်။

သတင်း

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်း ညောင်ဦးမြို့နယ် NLD ပါတီခရိုင်ဥက္ကဋ္ဌ အပါအဝင်ပါတီဝန်းရံသူ ၆ ဦးဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပါတယ်။

သတင်း

သေနတ်သုံးလက် သိမ်းဆည်းနိုင်ခဲ့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူနယ်မြေရဲစခန်းမှ ရဲငါးဦး ဘီယာဆိုင်ထိုင်နေစဥ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ငါးဦးလုံးသေဆုံးပြီး သေနတ်သုံးလက်သိမ်းဆည်းနိုင်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(တပ်ဖွဲ့-၂)က ထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာ၁ ရက်)မွန်းလွဲ ၁နာရီခန့်ကညောင်ဦး​မြို့နယ်၊ စဥ့်ကူရဲစခန်း၏ စခန်းမှူးအပါအဝင် ရဲငါးဦးသည် တက်မမှော်အတွင်းရှိ ဘီယာဆိုင်တစ်ဆိုင်တွင် ထိုင်နေချိန်...

သတင်း

အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က လူ၂၅ဦးခန့်ဟာဆိုင်ကယ်တွေနဲ့ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်သွားတာပါ။