Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တက်မရေနံမြေတွင်ရေနံတူးဖော်ထုတ်လုပ်​ရောင်းချမှုများကိုစစ်​ကောင်စီကတားမြစ်

ရေနံတူးဖော်ထုတ်လုပ်သယ်ယူရေးလုပ်ငန်းများသည် ဒေသခံကာကွယ်ရေးတပ်များအတွက် အဓိကဝင်ငွေလမ်းကြောင်းဖြစ်လာ၍ ၎င်းတို့ကို ဖြတ်တောက်ရန်အတွက် စစ်ကောင်စီဘက်က ရေနံတွင်းများပိတ်ပင်နေခြင်းဖြစ်သည်။

(တပ်မ​ရေနံ​မြေမှ ရေနံတွင်းအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(တပ်မ​ရေနံ​မြေမှ ရေနံတွင်းအချို့ကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

▪︎မ​ကွေးရှိ ၊စစ်ကိုင်းတိုင်းရှိ​ရေနံ​မှော်နှင့်​ရေနံချက်ဖိုများကို​ဒေသခံကာကွယ်​ရေးတပ်များကစိုးမိုးထား၍ စစ်တပ်ကရပ်နားရန်ခြိမ်း​ခြောက်ခြင်းဖြစ်

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ရှိ တက်မရေနံမြေတွင် ရေနံတူးဖော်၊ထုတ်လုပ်၊သယ်ယူခြင်းကို စစ်ကောင်စီက မေ ၂၁ ရက်ကစ၍ ရပ်နားထားရန်တားမြစ်ကြောင်း ရေနံလုပ်ငန်းရှင်များက​ပြောသည်။

“ဒီရေနံမြေမှာက တရားမဝင်တူးတာတွေများပြီးသူတို့အခွန်အခမရလို့ ပိတ်လိုက်တာလို့ပြောတယ် ။ နောက်ပြီး PDFတွေကိုလည်း ငွေကြေးထောက်ပံ့နေတယ်ဆိုပြီး စွပ်စွဲတာလည်းပါတယ်”ဟု ရေနံလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စစ်ကောင်စီထိန်းချုပ်ထားသည့် တက်မရေနံမြေလုပ်ငန်းရှင်များကော်မတီက တက်မရေနံမြေအတွင်း မေ ၂၁ ရက် ညနေ ၆နာရီမှ စတင်ပြီး ရေနံမြေအတွင်းရေနံကျင်းတွင်းဖော်ခြင်း၊ ထုတ်လုပ်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းချခြင်းများ မပြုလုပ်ရန် တားမြစ်လိုက်သည်။ လိုက်နာမှုမရှိပါက ဒေသန္တရဥပဒေများနှင့်အရေးယူသွားမည်ဟုလည်းခြိမ်းခြောက်ထားသည်။

တက်မရေနံမြေ(ရေနံမှော်)သည် ချောက်မြို့မှ ၁၄မိုင်အကွာ ညောင်ဦးမြို့နယ်အတွင်း၌ တည်ရှိသည့် ရေနံမှော်တစ်ခုဖြစ်သည်။ ထိုရေနံမှော်တွင် လိုင်စင်မရှိဘဲ တူးဖော်နေသည့် ရေနံလက်ယက်ကျင်းများရှိပြီး ၂၀၁၉ခုနှစ်က စာရင်းအရ ၁၇၀ ကျင်းရှိသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုရေနံကျင်းများ ပိုမိုများပြားလာသည်ဟုလည်းဒေသခံရေနံလုပ်ငန်းရှင်အချို့ကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ ရေနံမှော်နှင့် ရေနံချက်ဖိုလုပ်ငန်းများကို ဒေသခံကာကွယ်ရေးတပ်များက စိုးမိုးထား၍ ရေနံတူးဖော်ခြင်းလုပ်ငန်းများကို မေ ၂ ရက်က စတင်ပြီး စစ်ကောင်စီကရပ်ဆိုင်းခဲ့သည်။ ထိုအပြင် လိုင်စင်အသစ်ထုတ်ပေးခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းစသည့်တိုကိုလည်း ရပ်ဆိုင်းကြောင်း စစ်ကောင်စီက ကြေညာခဲ့သည်။

ရေနံတူးဖော်ထုတ်လုပ်သယ်ယူရေးလုပ်ငန်းများသည် ဒေသခံကာကွယ်ရေးတပ်များအတွက် အဓိကဝင်ငွေလမ်းကြောင်းဖြစ်လာ၍ ၎င်းတို့ကို ဖြတ်တောက်ရန်အတွက် စစ်ကောင်စီဘက်က ရေနံတွင်းများပိတ်ပင်နေခြင်းဖြစ်သည်။

“ရေနံတွင်းတွေကို စစ်ကောင်စီဌာနက မကြီးကြပ်နိုင်တော့ဘဲ PDFတွေက ထိန်းချုပ်ထားတော့ သူတို့မရမယ့်အတူတူ လိုက်ပိတ်တာပါ”ဟု မြိုင်မြို့နယ်ရှိ ရေနံလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ညောင်ဦးမြို့နယ်၊ တက်မရေနံမြေ (တက်မမှော်) အတွင်းရှိ စဉ့်ကူနယ်မြေ ရဲစခန်းမှူးနှင့် ရဲတပ်သားလေးဦးကို ပခုက္ကူ မြို့ပြပြောက်ကျားအဖွဲ့တစ်ခုက ၂၀၂၂ဒီဇင်ဘာလကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ပြီး G3 နှစ်လက်နှင့်အူဇီ တစ်လက်ကို ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းဆည်းယူခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။