Connect with us

Hi, what are you looking for?

News

အင်းစိန်​ထောင်၌ အသံတိတ်သပိတ်ဦး​ဆောင်ပါဝင်ခဲ့သူ ၁၀ဦး တိုက်ပိတ်ခံရ

ဒီဇင်ဘာ ၁၀ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်အား စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်းပြသသည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)ပြုလုပ်ရာ အင်းစိန်ထောင်၏ သီးသန့်ဆောင်၌ ​ရောက်ရှိ​နေသူများလည်း ပူး​ပေါင်းပါဝင်ခဲ့သည်။

အင်းစိန်အကျဥ်းထောင်အတွင်း ယမန်​နေ့က အသံတိတ်သပိတ်ဦးဆောင်ခဲ့သည့် နိုင်ငံရေးအကျဥ်းသား ၁၀ ဦးခန့်ကို တိုက်ပိတ်အရေးယူထားကြောင်း သီးသန့်ဆောင်တွင် တာဝန်ကျနေသည့် အမည်မဖော်လိုသူ အကျဥ်းဦးစီးဌာန မှ ဝန်ထမ်းတစ်ဦးက လူထုနွေဦးသို့ အတည်ပြုသည်။

ဒီဇင်ဘာ ၁၀ ရက်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်အား စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်းပြသသည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် (Silent Strike)ပြုလုပ်ရာ အင်းစိန်ထောင်၏ သီးသန့်ဆောင်၌ ​ရောက်ရှိ​နေသူများလည်း ပူး​ပေါင်းပါဝင်ခဲ့သည်။

“အဆောင် (၄)က တော်တော်များတယ်။ပြီးတော့ အဆောင်(၁)လည်းပါတယ်။မနေ့က(ဒီဇင်ဘာ ၁၀ ရက်) ညပိုင်းက တိုက်ပိတ်လိုက်တာ”ဟု အထက်ပါဝန်ထမ်းက ပြောသည်။

သို့သော် သေနတ်ပစ်ဖောက်ခြင်းနှင့် ဆန္ဒပြနိုင်ငံရေးအကျဥ်းသားများကို ရိုက်နှက်ခြင်းများပြုလုပ်သည်၊ မပြုလုပ်သည်ကို ၎င်းအနေဖြင့် အတည်မပြုပေ။

Public Service Announcement

Public Service Announcement

ထို့အပြင် တိုက်ပိတ်ခံရသူ ၁၀ဦးမှာ မည်သူ၊မည်သူ ပါဝင်သည်ကိုလည်း ​ပြောဆိုခြင်း မရှိ​ပေ။

“ကျွန်တော် သိရသလောက် မနေ့က ညနေပိုင်း ဖြစ်တာ ကြားတယ်။လောလောဆယ်တော့ အမှုသည်တွေဆီက အသံ အလုံစုံမကြားရသေးတော့ အတိအကျ မသိရသေးဘူး”ဟု အင်းသိန်ထောင်ရှိ နိုင်ငံရေးအကျဥ်းသားများ၏ ကိုယ်စားလှယ်ရှေ့နေတစ်ဦးက ပြောသည်။

“ထောင်တွင်း ဆန္ဒပြမှုတွေရှိရင် ဦးဆောင်တဲ့သူတွေကို တိုက်ပိတ်တယ်။ပြီးရင် ကျန်တဲ့သူတွေကို အခန်းပြောင်းတယ်။ခြေကျင်ခတ်တာတွေ လည်းရှိတယ်။နောက်ပြီး အခန်းတွေထဲလည်းမနက် အစောပိုင်း ရှောင်တခင် ဝင်စစ်တာတွေ နဲ့ စည်းကမ်းတင်ကြပ်တာတွေပါလုပ်တယ်”ဟု အောက်တိုဘာအတွင်းက ပြန်လွတ်လာသည့် ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆိုခံခဲ့ရသူတစ်ဦးက ရှင်းပြသည်။

ဇူလိုင်အတွင်းကလည်း အင်းစိန်ထောင် သီးသန့်ဆောင်၌ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြမှု အကြီး အကျယ်ဖြစ်ပွားခဲ့ဖူးပြီး ဦးဆောင်သူများကို တိုက်ပိတ် အရေးယူခဲ့သည်။

“တိုက်ပိတ်ပြီဆိုရင် ၁၀ ပေပတ်လည် အခန့်ကျဥ်းထဲမှာ ငါးယောက်ထားရင် ထားတယ်။သုံးယောက်ထားရင်ထားတယ်။ပြီးတော့ အိမ်သာလည်း အခန်းထဲမှာပဲ။ဘယ်မှထွက်လို့မရဘူး။ကျွေးတဲ့ထမင်းက အစ နံရံကိုပေါက်ရင်တောင် ထမင်းခဲက မကြေဘူး။အစစအရာရာ လူ့အခွင့်အရေး ဆုံးရှုံးတယ်”ဟု တိုက်ပိတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဥ်းသားတစ်ဦးကလည်း လူထုနွေဦးသို့ ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီကစ၍ စစ်အာဏာရှင်ကိုဆန့်ကျင်သူများကို ဖမ်းဆီးကာ ပုဒ်မအမျိုးမျိုးတပ်၍ အကျဥ်းချခဲ့ပြီး အင်းစိန်ထောင် သီးသန့်ဆောင်မှာ နိုင်ငံရေးအကျဥ်းသားအများစု ထားရှိရာနေရာဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဟားခါးမြို့နယ်အတွင်း စစ်တပ်ရွေးကောက်ပွဲဝင်ပြိုင်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် သိမ်းဆည်း

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ အသံတိတ်သပိတ်မှာပူးပေါင်းပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ လက်မခံဖို့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပါဆယ်နဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့် ကန့်သတ်ထားပြီး သံခြေကျင်းခတ်ကာ တိုက်ပိတ်ထားဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က သတင်းထုတ်ပြန်ပါတယ်။

အတွေးအမြင်

ပြည်သူ​တွေကလည်း ​ ၅ ကြိမ်​မြောက်အသံတိတ်သပိတ်ကို​အောင်မြင်​အောင်လုပ်ပြီး စစ်အာဏာရှင်​တွေကိုလုံးဝမလိုလားပဲ စစ်အာဏာရှင်​စနစ် အမြစ်ပြတ်တယ်အထိ့​ ပြတ်ပြတ်သားသားတော်လှန်ကြဖို့ဒီက​နေ့မှာပဲ လမ်းမကြီး​တွေကတစ်ဆင့်အကျယ်​လောင်ဆုံးအသံပေးပါတယ်။