Connect with us

Hi, what are you looking for?

News

ပြည်သူများစားဝတ်​နေရေးခက်ခဲ​နေချိန် စျေးခွန်မကောက်ရန် မြင်းမူ PDFများ သတိပေး

“ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်တွင် အခွန်မကောက်ရန်နှင့် ဖက်စစ်အာဏာ သိမ်းစစ်တပ်အတွက် ကျည်ဖိုးမဖြစ်စေရန် အခွန်ကောက်ခံခြင်းများ မပြုလုပ်ရန် နောက်ဆုံးအနေဖြင့် အသိပေးတာမြစ်အပ်ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

(ယမန်နေ့(ဒီဇင်ဘာ ၁၀)အသံတိတ်သပိတ်ဆင်နွဲဲပီးနောက် စစ်ကောင်စီလက်အောက်ခံ စည်ပင်ဝန်ထမ်းများက မြို့နယ်တချို့တွင် ခွင့်ပြုချက်မရှိဘဲ စျေးမရောင်ရန် သတိပေးစာများ လိုက်ကပ်ခဲ့သည်၊ ဓာတ်ပုံ - CJ)

ပြည်သူလူထုစားဝတ်နေရေးခက်ခဲနေသည့် ယခုလိုအချိန်တွင် စည်ပင်ဝန်ထမ်းများ စျေးခွန်ကောက်ခံခြင်းမပြုလုပ်ကြရန် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးချက်တစ်စောင် ယနေ့(ဒီဇင်ဘာ ၁၁) ထုတ်ပြန်လိုက်သည်။

မြင်းမူမြို့နှင့် မြို့နယ်တွင်းရှိ ကျေးရွာများတွင်​စျေးကောက်အခွန် ကောက်ခံခြင်းကို မနက်ဖြန်(ဒီဇင်ဘာ ၁၂)မှစတင်ကာ ကောက်ခံခြင်း လုံဝမပြုလုပ်ရန် နောက်ဆုံသတိပေးသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ပြည်သူများ စားဝတ်နေရေး ခက်ခဲနေချိန်တွင် အခွန်မကောက်ရန်နှင့် ဖက်စစ်အာဏာ သိမ်းစစ်တပ်အတွက် ကျည်ဖိုးမဖြစ်စေရန် အခွန်ကောက်ခံခြင်းများ မပြုလုပ်ရန် နောက်ဆုံးအနေဖြင့် အသိပေးတာမြစ်အပ်ပါသည်”ဟု ထုတ်ပြန်ချက်က ဆိုသည်။

ထိုသို့တားမြစ်သည့်ကြားမှ ဆက်လက်ကောက် ခံနေပါက ဒလန်(စစ်တပ်ထောက်တိုင်)အဖြစ် သတ်မှတ်ပြီး ​မြင်းမူ PDF နှင့် မဟာမိတ် ညီနောင်များမှ ဒီဇင်ဘာ၁၂ ရက် မှစ၍ အာမခံချက်ပေးမည်မဟုတ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အလားတူ မုံရွာမြို့တွင်လည်း စစ်ကောင်စီတပ်များက ယနေ့(ဒီဇင်ဘာ ၁၁)နံနက်က စျေးသည်တချို့ကို ရိုက်နှက်ပြန်လွှတ်သည့်အပြင် စျေးရောင်းခွင့်မပေးသည့်အပေါ် မုံရွာမြို့နယ်ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးစာတစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ ဒေသကာကွယ်ရေးတပ်များ သတိ ပေးစာထုတ်ပြီးနောက် ယနေ့ညနေပိုင်းတွင်မှ မုံရွာမြို့နယ်စည်ပင်က ရပ်ကွက်လမ်းများအတွင်းလှည့်ကာ စျေးများပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ကြောင်း လော်စပီကာများဖြင့် လိုက်လံအသိပေးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

Facebook