Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ်တွင် စစ်​ကောင်စီတပ်ယာဥ်တန်း မိုင်းဆွဲခံရ ကားနှစ်စီးထိမှန်ပျက်စီး

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လိုက်လံပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်အကျ အဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း​ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် မန္တလေး-မုံရွာလမ်းပေါ်တွင် ယနေ့နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်ကားတန်းမိုင်းခွဲခံရပြီး ကားနှစ်စီးထိမှန်ခဲ့ရာ ကျဆုံးထိခိုက်မှုရှိနိုင်ကြောင်း ညီနောင်မဟာမိတ်ငါးဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာလ ၁၂ရက်)မွန်းလွဲ ၁၂နာရီခွဲခန့်က မန္တလေး-မုံရွာလမ်းမပေါ် မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်း ကျေးရွာနှင့် ဂွေးပင်တောကျေးရွာအကြားတွင် စစ်ကိုင်းမှမုံရွာသို့သွားသည့် စစ်ကား ၂၇ စီးအား မိုင်းပဒေသာ ၄လုံးနှင့် တစ်ဖက်ပွင့်ပြောင်း ၂လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ကားနှစ်စီးထိမှန်ခဲ့ကြောင်း၊ ကျဆုံးထိခိုက်အရေအတွက်အတိအကျမသိရသေးကြောင်း ညီနောင်မဟာမိတ်ငါးဖွဲ့က အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လိုက်လံပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ရဲဘော်များ အထိအခိုက်အကျ အဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း​ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုအား Black Eagle Denfence Force-MMU၊ အဖွဲ့ဦးဆောင်ပြီး Myin Myu Defence Force-MMDF၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့၊ People Denfence Force Myin Myu-MMUPDF၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM စသည့်ညီနောင်မဟာမိတ် ၅ ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ၁၀ရက် ညနေ ၃နာရီ ၃၀မိနစ် အချိန်ကလည်း မန္တလေး-မုံရွာလမ်းပေါ် စစ်ကိုင်းမြို့နယ် ညောင်ပင်ဝန်းကျေးရွာ နှင့် နတ်ခရိုင်ကျေးရွာကြားတွင် အကြမ်းဖက် စစ်ကောင်စီ၏ ထောက်ပို့ယာဉ် မိုးကာအုပ် တွဲကားအနက်ရောင်အား ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခံခဲ့ရသေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။