Connect with us

Hi, what are you looking for?

LuduNwayOo

News

ကန်နိုင်ငံခြားရေးဝန်ကြီး၏ အာဆီယံ ၃နိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေး အလေးပေးမည်

တရုတ်၏ ဒေသတွင်း ဩဇာချဲ့ထွင်မှုကိုတန်ပြန်ရန် ဝါရှင်တန်၏ ကြိုးပမ်းမှုအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဘလင်ကန်က အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို ဒီဇင်ဘာ ၁၆ရက်အထိ သွားရောက်လည်ပတ်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ အာဆီယံ ၃နိုင်ငံခရီးစဉ်ကို ယနေ့ စတင်လိုက်ပြီး ခရီးစဉ်အတွင်းမြန်မာ့အရေးကို ထည့်သွင်းပြောကြားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်၏ ဒေသတွင်း ဩဇာချဲ့ထွင်မှုကိုတန်ပြန်ရန် ဝါရှင်တန်၏ ကြိုးပမ်းမှုအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဘလင်ကန်က အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို ဒီဇင်ဘာ ၁၆ရက်အထိ သွားရောက်လည်ပတ်မည်ဖြစ်သည်။

အဆိုပါ အာဆီယံ ၃နိုင်ငံစလုံးတွင်မြန်မာနိုင်ငံ၏ ပဋိပက္ခကို ရှင်းလင်းပြောကြားမည်ဖြစ်ပြီး မြန်မာ့အရေးသည် ၎င်း၏ခရီးစဉ်အတွင်း အရေးကြီးသည့်အကြောင်း အရာအဖြစ် ပါဝင်သည်။

အမေရိကန်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ဆီပြန်သွားရန်တိုက်တွန်းထားပြီး အာဆီယံ၏ မြန်မာ့အရေးဖြေရှင်းမှုကို ထောက်ခံထားသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင်လည်း​ အမေရိကန်သည် အာဏာသိမ်းမှုနှင့်ပတ်သက်၍ မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူခြင်းများ လုပ်ဆောင်ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်၏ ယခု အာဆီယံခရီးစဉ်သည် ၎င်း၏နိုင်ငံခြားရေးဝန်ကြီး သက်တမ်း ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

အမေရိကန်လွှတ်တော်နှစ်ရပ်က ၂၀၂၄ ခုနှစ် အမေရိကန်အစိုးရအသုံးစရိတ်လျာထားချက်ဥပဒေကြမ်းကို မတ်လ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်ကလည်း ယင်းနေ့တွင်ပင် ဥပဒေကို လက်မှတ်ရေးထိုးကြောင်း ကြေညာခဲ့သည်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။