Connect with us

Hi, what are you looking for?

News

ကန်နိုင်ငံခြားရေးဝန်ကြီး၏ အာဆီယံ ၃နိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေး အလေးပေးမည်

တရုတ်၏ ဒေသတွင်း ဩဇာချဲ့ထွင်မှုကိုတန်ပြန်ရန် ဝါရှင်တန်၏ ကြိုးပမ်းမှုအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဘလင်ကန်က အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို ဒီဇင်ဘာ ၁၆ရက်အထိ သွားရောက်လည်ပတ်မည်ဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်၏ အာဆီယံ ၃နိုင်ငံခရီးစဉ်ကို ယနေ့ စတင်လိုက်ပြီး ခရီးစဉ်အတွင်းမြန်မာ့အရေးကို ထည့်သွင်းပြောကြားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်၏ ဒေသတွင်း ဩဇာချဲ့ထွင်မှုကိုတန်ပြန်ရန် ဝါရှင်တန်၏ ကြိုးပမ်းမှုအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဘလင်ကန်က အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့ကို ဒီဇင်ဘာ ၁၆ရက်အထိ သွားရောက်လည်ပတ်မည်ဖြစ်သည်။

အဆိုပါ အာဆီယံ ၃နိုင်ငံစလုံးတွင်မြန်မာနိုင်ငံ၏ ပဋိပက္ခကို ရှင်းလင်းပြောကြားမည်ဖြစ်ပြီး မြန်မာ့အရေးသည် ၎င်း၏ခရီးစဉ်အတွင်း အရေးကြီးသည့်အကြောင်း အရာအဖြစ် ပါဝင်သည်။

အမေရိကန်သည် မြန်မာနိုင်ငံကို ဒီမိုကရေစီစနစ်ဆီပြန်သွားရန်တိုက်တွန်းထားပြီး အာဆီယံ၏ မြန်မာ့အရေးဖြေရှင်းမှုကို ထောက်ခံထားသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင်လည်း​ အမေရိကန်သည် အာဏာသိမ်းမှုနှင့်ပတ်သက်၍ မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို ပစ်မှတ်ထားဒဏ်ခတ်အရေးယူခြင်းများ လုပ်ဆောင်ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်၏ ယခု အာဆီယံခရီးစဉ်သည် ၎င်း၏နိုင်ငံခြားရေးဝန်ကြီး သက်တမ်း ပထမဆုံးခရီးစဉ်လည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။