Connect with us

Hi, what are you looking for?

News

ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီကင်းစခန်းတစ်ခုတိုက်ခိုက်ခံရ၊ စစ်​ကောင်စီတပ်သားနှစ်ဦးသေ တစ်ဦးဒဏ်ရာရ

“အဝေးထိမ်းမိုင်းနဲ့ တိုက်ခိုက်ပြီးမှ ပစ်ခတ်ခဲ့ပါတယ်”ဟု WTRF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် အိုးမတွေ့ကျေးရွာရှိ စစ်ကောင်စီ၏ကင်းပုန်းစခန်းတစ်ခုကို ယနေ့နံနက်ပိုင်းက တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဝမ်းတွင်းမြို့နယ်တော်လှန်ရေးတပ်ဖွဲ့ (WTRF)က ထုတ်ပြန် သည်။

ယနေ့(ဒီဇင်ဘာ ၁၅)နံနက်ပိုင်းတွင် ဝမ်းတွင်းမြို့နယ် အိုးမတွေ့ကျေးရွာ အလယ်တန်းကျောင်းအပြင်ဘက်ရှိ ဇရပ်တစ်ခုတွင် ကင်းပုန်းချထားသော စစ်ကောင် စီကင်းစခန်းအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဝေးထိမ်းမိုင်းနဲ့ တိုက်ခိုက်ပြီးမှ ပစ်ခတ်ခဲ့ပါတယ်”ဟု WTRF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း WTRF၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရသည့် အိုးမတွေ့ကျေးရွာ စာသင် ကျောင်းအနီးမှ စစ်ကောင်စီ၏ကင်းစခန်းကို လွန်ခဲ့သည့်နှစ်လခန့်ကတည်းက ကင်းပုန်းများချထားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook