Connect with us

Hi, what are you looking for?

News

ယောနယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့်အကြမ်းဖက်စစ်တပ် စစ်ရေးတင်းမာနေ

စစ်ကောင်စီကလည်း အင်အားတိုး မြှင့်နေပြီး မကွေးတိုင်း ကျောက်ထုမြို့မှ စစ်ကူလာသော အင်အား ၁၀၀ ခန့်မှာလည်း မယ်လယ်ကုန်းရွာသို့ ရောက်လာသည်ဟု အသိပေးထားသည်။

ယောနယ်တွင် CDF နှင့် PDF ပူးပေါင်းတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာနေပြီး ပြီးခဲ့သည့် ငါးရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်။

ယောဒေသနှင့်ချင်းပြည်နယ်အခြေစိုက် CDF-MINDATနှင့် ယော PDF ပူးပေါင်းတပ်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ၁၂ရက်ကတည်းက တိုက်ပွဲဖြစ်ခဲ့ပြီး ဒီဇင်ဘာ၁၅ရက်အထိ စစ်ရေး တင်းမာ‌နေသည်ဟု CDF-MINDATက သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၂ ရက်ကစတင်၍ ကျည်းရွာနှင့် လယ်ဆောရွာကြားတွင် နေ့လည် ၃ နာရီဝန်းကျင်၌ ပြည်သူ့ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။ နယ်မြေရှင်းလင်းရေးလာသော အင်းအား ၇၂ ဦးရှိသည့် စစ်ကောင်စီတပ်ကို ပူးပေါင်းတပ်က ချုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ယင်းညတွင်လည်း စစ်ကောင်စီတပ်များက လယ်ဆောရွာထဲဝင်ပြီး ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် လယ်ဆောရွာအနီးတွင် ပြည်သူ့ပူးပေါင်းတပ်များ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့သေးသည်။ ယင်းတိုက်ပွဲတို့တွင် စစ်ကောင်စီတပ်သား ၁၀ဦးခန့်ကျဆုံးမည်ဟု ခန့်မှန်းရပြီး ပျက်စီးဆုံးရှူံးသွားသော ဒေသခံရွာသားများ၏ ပစ္စည်းများ ပြန်ရခဲ့သည်ဟုလည်း ဖော်ပြထား။

ဒီဇင်ဘာ ၁၅ရက် နေ့လည် ၁ နာရီခွဲတွင်လည်း မယ်လယ်ကုန်းရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

စစ်ကောင်စီကလည်း အင်အားတိုး မြှင့်နေပြီး မကွေးတိုင်း ကျောက်ထုမြို့မှ စစ်ကူလာသော အင်အား ၁၀၀ ခန့်မှာလည်း မယ်လယ်ကုန်းရွာသို့ ရောက်လာသည်ဟု အသိပေးထားသည်။

“လက်ရှိအချိန်တွင် နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိပြီး အပြန်အလှန် စောင့်ကြည့်နေကြဆဲဖြစ်သည်”ဟု ‌ဒီဇင်ဘာ၁၅ရက် ညအထိအခြေအနေကို လူထုအား အသိပေးထားသည်။

ယခုရက်ပိုင်းအတွင်း CDF-MINDATနှင့် ယော PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။