Connect with us

Hi, what are you looking for?

News

ဂန့်ဂေါမြို့နယ် စမိတ်ရွာမှပြည်သူငါးဦးကို စစ်ကောင်စီဖမ်းဆီးသတ်ဖြတ်

“ပို၍စိတ်မကောင်းဖြစ်ရသည်မှာ အဆိုပါပြည်သူ ၅ ဦးအနက် အမျိုးသမီးတစ်ဦးမှာ ၅ လကိုယ်ဝန်ဆောင်ဖြစ်နေပါသည်”ဟု YDF(ထီးလင်း)က ​ဆိုသည်။

–အသတ်ခံရသူများတွင် ကိုယ်ဝန်ဆောင်မိခင်တစ်ဦးပါဝင်

မ​ကွေးတိုင်း ဂန့်ဂေါမြို့နယ် စမိတ်ကျေးရွားရှိ ပြည်သူငါးဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း YDF(ထီးလင်း)က ယနေ့ (ဒီဇင်ဘာ၁၆)အတည်ပြုထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၃ ရက်က စမိတ်ကျေးရွာသို့ စစ်ကောင်စီတပ်အင်အား ၃၀ခန့်ဖြင့်ရောက်ရှိလာပြီး ဒေသခံပြည်သူငါးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီတပ်မှ ပြည်သူငါးဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အပေါ် စမိတ်ရွာသားများက YDF(ထီးလင်း)ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် YDF(ထီးလင်း)က စုံစမ်းရှာဖွေခဲ့ရာ ယမန်နေ့ (ဒီဇင်ဘာ ၁၅)တွင် ထီးလင်းမြို့နယ် တော့မရွာလမ်းခွဲ အာရှပတ်လမ်း မိုင်တိုင် ၇၄/၆ နှင့် ၇၅/၇ ကြား တောတွင်းတစ်နေရာ၌ ရက်စက်စွာအသတ်ခံထားရသည့် ပြည်သူငါးဦးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ပို၍စိတ်မကောင်းဖြစ်ရသည်မှာ အဆိုပါပြည်သူ ၅ ဦးအနက် အမျိုးသမီးတစ်ဦးမှာ ၅ လကိုယ်ဝန်ဆောင်ဖြစ်နေပါသည်”ဟု YDF(ထီးလင်း)က ​ဆိုသည်။

စစ်ကောင်စီ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံခဲ့ရသူ ငါးဦး ၏ရုပ်အ​လောင်းများကို YDF(ထီးလင်း)မှ ကောင်းမွန်စွာ မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ လူသားမဆန်သည့်လုပ်ရပ်၊ လူသားချင်းစာနာထောက်ထားမှု ကင်းသည့်လုပ်ရပ်အား YDF (ထီးလင်း) မှ အပြင်းအထန် ပြစ်တင်ရှုံ့ချ​ကြောင်း ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook