Connect with us

Hi, what are you looking for?

News

မင်းကင်းတွင် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်​ကောင်စီတပ်သား ငါးဦးထက်မနည်း​သေဟု ဗိုလ်သံလုံး​ပြော

“သူတို့တက်လာတဲ့လမ်းကြောင့် ပွိုင့်တွေကို ကြိုသတင်းရတယ်။ဒါကြောင့် မနက်အစောကြီးကတည်းက စောင့်ပြီးတိုက်ခဲ့တာ။မိုင်းဆွဖတြာတွေလည်းပါတယ်”ဟု ဗိုလ်သံလုံးက ရှင်းပြသည်။

(MKPDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင် အကြမ်း ဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ငါးဦးထက် မနည်းသေဆုံးနိုင်ကြောင်း မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်သံလုံးက လူထုနွေဦးသို့ အတည် ပြုသည်။

ယနေ့ (ဒီဇင်ဘာ ၁၆ရက်) နံနက် ၁၀နာရီခန့်တွင်
မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် MKPDF နှင့် မင်းကင်းမြို့နယ်တောင်တွင်းဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့က အကြမ်းဖက်စစ်ကောင်စီတပ်ကို ပူးပေါင်းစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“သူတို့တက်လာတဲ့လမ်းကြောင့် ပွိုင့်တွေကို ကြိုသတင်းရတယ်။ဒါကြောင့် မနက်အစောကြီးကတည်းက စောင့်ပြီးတိုက်ခဲ့တာ။မိုင်းဆွဖတြာတွေလည်းပါတယ်”ဟု ဗိုလ်သံလုံးက ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ၎င်းတို့ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းအတွက် ခခင်ဦးကျေးရွာမှ နေအိမ် (၇) လုံးအား မီးရှို့ဖျက်ဆီးခြင်းနှင့် စစ်ကြောင်းထိုးထွက်ခွာရာ လမ်းဘေးတောက်လျောက်ရှိ ကျေးရွာ နေအိမ်များကိုလည်း ဖျက်ဆီးသွားခဲ့သည်ဟု MKPDFက ဆိုသည်။

Public Service Announcement

Public Service Announcement

တောင်တွင်းဒေသတွင် ယခုအချိန်၌ အင်တာနက်လိုင်းများအလုံးစုံ ဖြတ်တောက်ခံထားရပြီး ဖုန်လိုင်းအချို့သည် ပြတ်တောက်နေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။