Connect with us

Hi, what are you looking for?

News

လေးကေ့ကော်ဒေသတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ​

မယ်​ထော်သ​လေး ​​ဒေသတွင် နံနက် ၈နာရီခွဲမှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီးနေ့လည်ဘက်၌ ပစ်ခတ်မှုငြိမ်သွားကာ ညနေ ၅နာရီ နောက်ပိုင်း၌ တိုက်ပွဲ ပြန်ဖြစ်ခဲ့သည်မှာ ည၈နာရီထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေဆဲဖြစ်ကောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

(သိမ်းဆည်းရမီ​သောလက်နက်နှင့်ကျည်ဆံများ၊ ဓါတ်ပုံ -PVTV)

■ယ​နေ့မယ်​ထော်သ​လေးတိုက်ပွဲတွင် ၂၁ဦး​သေ၊လက်နက်ခဲယမ်များလည်းသည်းဆီးရမိ

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်မြို့နှင့် အနီးတဝိုက်၌ ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြား​နေပြီး စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့​ကြောင်း ခိုင်မာ​သောသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဒီဇင်ဘာ ၁၅ရက်က လေးကေ့ကော်မြို့ တွင်း၊ မြို့ပြင်၌ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ယနေ့ (ဒီဇင်ဘာ ၁၆ရက်)တွင်လည်း ဒုတိယ​မြောက်​နေ့အဖြစ် လေးကေ့ကော်မြို့သစ်ဧရိယာ၌ ပါဝင်သည့် မယ်ထော်သလေး ဒေသ၌ တိုက်ပွဲဆက်ဖြစ်ခဲ့သည်။

(သိမ်းဆည်းရမီ​သောလက်နက်နှင့်ကျည်ဆံများ၊ ဓါတ်ပုံ -PVTV)

မယ်​ထော်သ​လေး ​​ဒေသတွင် နံနက် ၈နာရီခွဲမှစ၍ တိုက်ပွဲဖြစ်ခဲ့ပြီးနေ့လည်ဘက်၌ ပစ်ခတ်မှုငြိမ်သွားကာ ညနေ ၅နာရီ နောက်ပိုင်း၌ တိုက်ပွဲ ပြန်ဖြစ်ခဲ့သည်မှာ ည၈နာရီထိ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေဆဲဖြစ်ကောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့မယ်ထော်သလေး တိုက်ပွဲတွင် စစ်ကောင်ဏီတပ်မှ အနည်းဆုံး ၂၀ဦးခန့် သေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူများကြောင်း၊ ဒဏ်ရာရသူများအနက် ညနေပိုင်း တိုက်ပွဲ၌ အရှင်ဖမ်းမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးလည်း ညပိုင်း၌ သေဆုံးသွားပြီဖြစ်ကြောင်း ၎င်းကဆက်​​ပြောသည်။

ဒီဇင်ဘာ ၁၅ ရက်တိုက်ပွဲတွင် လေးကေ့ကော်မြို့သစ်နှင့် ဆက်စပ်ဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိအဆင့်အပါအဝင်လေးဦးသေဆုံးပြီး ဒုဗိုလ်မှူးကြီးအပါအဝင် လေးဦးဒဏ်ရာရရှိကြောင်း PVTV သတင်းက ဖော်ပြသည်။ ယ​နေ့တိုက်ပွဲတွင် စစ်​ကောင်စီတပ် ၂၁ ဦးခပ်မံ​သေဆုံး၍ ၂ ရက်အတွင်း အနည်းဆုံး ၂၅ ဦး​သေဆုံးပြီး အများအပြားဒဏ်ရာရရှိထားခြင်းဖြစ်သည်။ထို့ပြင် သေနတ် ၆ လက်နှင့် ကျည်းများသိမ်းဆည်းရမိထားသည်။

ဒီဇင်ဘာ ၁၅ ရက်ကစစ်ကောင်စီဘက်မှ သေဆုံးသူများတွင် ဗိုလ်ကြီးအဆင့် တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်နှင့် တပ်သားတစ်ဦးစီပါဝင်ပြီး ဒဏ်ရာရသူများမှာ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး အသီးသီးဖြစ်သည်ဟု PVTV က​ဖော်ပြထားသည်။

တိုက်ပွဲများပြင်းထန်​နေသဖြင့် ထွက်​ပြေးတိမ်း​ရှောင်​နေရ​​သော စစ်​​ဘေးဒုက္ခသည် ၃၀၀၀ ​ကျော်ရှိ​နေပြီဖြစ်​ကြောင်း​ဒေသခံများနှင့် ကူညီ​ပေး​နေ​သော အဖွဲ့အစည်းများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။