Connect with us

Hi, what are you looking for?

News

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတွင် နှစ်ရက်အတွင်း တိုက်ပွဲ(၈)ကြိမ်ဖြစ်၊ စစ်ကောင်စီဘက်မှ ၃၂ ဦးသေဟု PRA ထုတ်ပြန်

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများတွင် မကွေးတိုင်း ​မြိုင်မြို့နယ်တိုက်ပွဲများတွင် ထိခိုက်မှုများရှိခဲ့ပြီး စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်းတိုက်ပွဲများ၌မူ စစ်ကောင်စီတပ်သား ၃၂ ဦးထိ သေဆုံးခဲ့ကြောင်း PRA ထုတ်ပြန်ချက်အရ သိရသည်။

မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတက်များကြား နှစ်ရက်အတွင်း တိုက်ပွဲပေါင်း (၈)ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်(PRA)က ယနေ့ထုတ်ပြန် သည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၃၂ ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်က ဖော်ပြသည်။

ထိတွေ့တိုက်ပွဲများအနက် ဒီဇင်ဘာ ၁၅ ရက်တွင် မကွေးတိုင်း ​မြိုင်မြို့နယ်၊ ငါးမြောင်နှင့် ငါးတွင်းရွာများအနီးတွင် တစ်ကြိမ်၊ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းပစ်ခတ်မှုတွင် တစ်ကြိမ်ဖြစ်ပွားခဲ့သည်။

ထို့အပြင် ဒီဇင်ဘာ ၁၆ ရက်(ယမန်နေ့)ကလည်း မကွေးတိုင်း မြိုင်မြို့နယ်အတွင်း တစ်ရက်တည်းတိုက်ပွဲလေးကြိမ်အထိဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း ပုလဲမြို့နယ်၌ တိုက်ပွဲနှစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့သည်ဟု PRA ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးမှုများတွင် မကွေးတိုင်း ​မြိုင်မြို့နယ်တိုက်ပွဲများတွင် ထိခိုက်မှုများရှိခဲ့ပြီး စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင်းတိုက်ပွဲများ၌မူ စစ်ကောင်စီတပ်သား ၃၂ ဦးထိ သေဆုံးခဲ့ကြောင်း PRA ထုတ်ပြန်ချက်အရ သိရသည်။

ပစ်တိုက်တိုက်ခိုက်မှုဖြစ်စဥ်များအတွင်း မကွေးတိုင်း မြိုင်မြို့နယ်တွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လက်နက်ကြီးများအသုံးပြုခဲ့သည့်အပြင် ငါးမြောင်ရွာရှိ နေအိမ် ၁၇ လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု PRA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

Facebook