Connect with us

Hi, what are you looking for?

News

နှမ်းခါးရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဥ်သုံးစီးဖြင့် ပစ်ခတ်၊ အနည်းဆုံးပြည်သူ သုံးဦးသေဆုံးဟု ဒေသခံပြော

လက်ရှိတွင် အကြမ်းဖက်စစ်တပ်သည် အင်အား ၁၀၀ခန့်ဖြင့် နှမ်းခါးကျေးရွာတွင် ပိတ်ဆို့တပ်စွဲထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် နှမ်းခါးရွာသို့ ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူ အနည်းဆုံးပြည်သူ သုံးဦး သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၁၇ ရက်)နေ့လည် ၂ နာရီခွဲခန့်ကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သည် ကလေးမြို့နှင့် ယောဒေသအစပ်ရှိ နှမ်းခါးရွာသို့ ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

“စက်သေနတ်တွေရော၊ဗုံးတွေနဲ့ပါ ပစ်တာ။ ကျွန်မတို့ သေပြေ၊ ရှင်ပြေး တစ်ရွာလုံး ပြေးနေရတာ။အခုတော့ နည်းနည်းလုံခြုံတဲ့နေရာတော့ ရောက်ပြီ။ ရွာက ငါးယောက်လောက် ကျည်ထိသေသွားတယ်လို့ သိရတယ်”ဟု နှမ်းခါးရွာခံ တစ်ဦးက ယနေ့ည ၉ နာရီတွင် လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်သည် အင်အား ၁၀၀ခန့်ဖြင့် နှမ်းခါးကျေးရွာတွင် ပိတ်ဆို့တပ်စွဲထားသည်။

Public Service Announcement

Public Service Announcement

“ပြည်သူတွေ သေတယ်လို့တော့ အကြမ်းဖျင်း သိရတယ်။အတည်ပြုဖို့က ခဲယဥ်းနေတယ်”ဟု ကလေး ပ.အ.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်တင်ဘာအတွင်းကလည်း နှမ်းခါးကျေးရွာရှိ နေအိမ်၆‌၀ခန့်ကို အကြမ်းဖက်စစ်ကောင်စီက မီးရှို့ ဖျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်