Connect with us

Hi, what are you looking for?

News

မင်းကင်းတွင်စစ်​ကောင်စီတပ်ကို ပူ​ပေါင်းအဖွဲ့ကတိုက်ခိုက်ရာ စစ်​သား ၅ ဦးထက်မနည်း​သေဟုထုတ်ပြန်

ဒီဇင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်​နေ့တို့တွင် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်း၊ မိုင်တိုင်အမှတ် ၆၈ နှင့် ၇၆ မိုင် နှစ်နေရာတွင် ကနီ PDF ၂ နှင့်ပူးပေါင်း၍ စကစ များအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား ၆၀ ခန့်သေဆုံးနိုင်ကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်းမြို့နယ်) TDPDF မင်းကင်းက အသိပေးသည်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ​တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်းမြို့နယ်) TDPDF(MinGin)နှင့်မင်းကင်းပြည်သူ့ကာကွယ်​​ရေးတပ်၊တပ်ရင်း ၂ တို့က ဒီဇင်ဘာ၁၆ တွင် ပူး​ပေါင်းတိုက်ခိုက်ရာ ၅ဦးထက်မနည်း​သေဆုံးခဲ့​ကြောင်းTDPDF ကထုတ်ပြန်သည်။

ဒီဇင်ဘာလ ၉ ရက်နေ့နှင့် ၁၀ ရက်​နေ့တို့တွင် မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်း၊ မိုင်တိုင်အမှတ် ၆၈ နှင့် ၇၆ မိုင် နှစ်နေရာတွင် ကနီ PDF ၂ နှင့်ပူးပေါင်း၍ စကစ များအား မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်သား ၆၀ ခန့်သေဆုံးနိုင်ကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်းမြို့နယ်) TDPDF မင်းကင်းက အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုတွင်အထိ့နာပြီး​နောက်ဒီဇင်ဘာလ ၁၄ ရက် နံနက် ၁၀ နာရီခန့်မှစ၍ စကစတပ်များသည် တပ်ချောင်းရွာတွင် နေအိမ်၂လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဝက်နှစ်ကောင်အား သတ်ဖြတ်စားသောက်ခဲ့ကြောင်း၊ ထို့နောက် ထုံးကြီးရွာတွင် ဦးခွန်နောင်နှင့်ဇနီးအား ရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် ၃လုံးအား မီးရှို့ကာ နွားနှစ်ကောင်ကိုလည်း သတ်ဖြတ်သွားကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ထို့အပြင် စစ်​ကောင်စီတပ်များသည် သစ်ခေါင်းတီးရွာတွင် နေအိမ် ၆ လုံး၊ ကျော်ရွာတွင်နေအိမ် ၁ လုံး၊ကြက်ခြံတစ်ခြံ၊ ဝက်ခြံတစ်ခြံ၊ မယ်မဲရွာတွင် နွားစာတိုက်တစ်လုံး၊ အနောက်ကိုင်းရွာတွင် နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း TDPDFက ပြောသည်။

အလားတူ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကြောင်းထိုးလာသောစစ်တပ်သည် ဂုံညင်းရွာတွင်နေအိမ်တစ်လုံး၊ ပိက္ခယားရွာတွင် နေအိမ်တစ်လုံး၊ မြေနီရွာတွင် နေအိမ် ၂ လုံးနှင့် ခင်ဦးရွာတွင် နေအိမ် ၇ လုံး၊ Church ကျောင်းတစ်ကျောင်းအား မီးရှို့ဖျက်ဆီးခဲ့ပြန်သည်။ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မူ အဆိုပါ စစ်​ကောင်စီစစ်ကြောင်းအား မိုင် ၁၀၀ အရောက်တွင် မင်းကင်းတပ်ရင်း ၂ နှင့် TDPDF မင်းကင်း တို့ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စကစတပ်သား ၅ ဦးထက်မနည်း သေဆုံးခဲ့ ပြီး ထိုစစ်​ကြောင်းသည် ကလေးဝဘက်သို့ဆက်လက်ထွက်ခွာသွားကြောင်းTDPDF မင်းကင်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်များ၏ ယုတ်မာသောလုပ်ရပ်များကြောင့်
ပြည်သူတို့၏ အသက်အိုးအိမ်စည်းများ ဆုံးရှုံးရခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း၊ ပြည်သူတို့၏ အသက်အိုးအိမ်လုံခြုံရေးနှင့် ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ရေးအတွက် အသက်နှင့်ရင်း၍ ကြိုးစားဆောင်ရွက်သွားမည်ဟု ကတိသစ္စာပြုကြောင်း တောင်တွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မင်းကင်းမြို့နယ်)က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။