Connect with us

Hi, what are you looking for?

News

ပုလဲတွင် အထိနာ​နေ​သော အကြမ်းဖက်စစ်​ကောင်စီတပ် အနီးရှိရွာကို မီးရှို့ဖျက်ဆီး

“နဂါးမတောင်အကျော် မြစ်ကျတံတားနားမှာ တိုက်ပွဲ ဖြစ်ခဲ့တာ။သူတို့ သေဆုံးဒဏ်ရာရတာ တော်တော်များတယ်။ ဆွဲမိုင်းရော၊ တိုက်မိုင်းတွေပါထိတာ။ အဲဒါကြောင့် အနီးဆုံးရွာကိုဝင်တယ်။ နေအိမ်နဲ့ ဆိုင်ကယ်တွေကို မီးရှို့သွားတယ်”ဟု ဗိုလ်နဂါးက ပြောသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် တိုက်ခိုက်ခံရသည့် နေရာနှင့်အနီးဆုံး​ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးက လူထုနွေဦးသို့ ပြောသည်။

ဒီဇင်ဘာ ၁၈ ရက်က ပုလဲမြို့မှ အနောက်ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်၏ ခြေလျင်ရှေ့ပြေးအဖွဲ့နှင့် ယာဥ်တန်းကို အဝေးထိန်းမိုင်းများဖြင့် PPDF က ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“နဂါးမတောင်အကျော် မြစ်ကျတံတားနားမှာ တိုက်ပွဲ ဖြစ်ခဲ့တာ။သူတို့ သေဆုံးဒဏ်ရာရတာ တော်တော်များတယ်။ ဆွဲမိုင်းရော၊ တိုက်မိုင်းတွေပါထိတာ။ အဲဒါကြောင့် အနီးဆုံးရွာကိုဝင်တယ်။ နေအိမ်နဲ့ ဆိုင်ကယ်တွေကို မီးရှို့သွားတယ်”ဟု ဗိုလ်နဂါးက ပြောသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဝမ်းပြင်ကျေးရွာနေအိမ် ခုနှစ်လုံးနှင့် ဆိုင်ကယ်လေးစီးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က တိုက်ခိုက်မှုဖြစ်စဥ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ကားလေးစီးပျက်စီးခဲ့သည်ဟုလည်း PPDFက ထုတ်ပြန်သည်။

အဆိုပါ တိုက်ပွဲတွင် အဝေးထိန်းမိုင်း ၂၁လုံးအသုံးပြုဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း PPDFက ဆိုသည်။

ဒီဇင်ဘာ ၁၇ ရက်​ကလည်း စစ်​ကောင်စီတပ်ကို ပုလဲPDF က ဗုံးခွဲတိုက်ခိုက်ခဲ့၍ ထိ့ခိုက်​သေဆုံးမှုများ​ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်