Connect with us

Hi, what are you looking for?

News

လေးကေ့ကော်ဒေသတိုက်ပွဲပြင်းထန် စစ်ကောင်စီတပ်ထံမှ လက်နက် ၂၀ကျော် သိမ်းဆည်းရမိ

မေတ္တာလင်းမြိုင်ရှိ စစ်ကောင်စီ/BGF ပူးတွဲနေထိုင်သည့် တပ်စခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ စွာပြုလုပ်ခဲ့ကြောင်း၊ သို့​သော်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း၎င်းက ပြောသည်။

ကရင်ပြည်နယ် မြ၀တီမြို့နယ် လေးကေ့ကော်ဒေသတွင်​လေးရက်​မြောက်​နေ့အဖြစ် တိုက်ပွဲများပိုမိုပြင်းထန်​နေပြီး စစ်ကောင်စီတပ်မှ သေဆုံးထိ့ခိုက်မှုများပြီး လက်နက် ၂၀ကျော်ရရှိခဲ့ကြောင်း ကရင်အမျိုးသာအစည်းအရုံး(KNU) မှသတင်းရင်းမြစ်က ပြောသည်။

“မယ်ထော်သလေးဘက်မှာ အဲဒီမှာ တိုက်ပွဲဆက်ဖြစ်တာ။ အဲဒီမှာ လက်နက် အားလုံး ၂၀ကျော်လောက်ရတယ်။ ကျွန်တော်တို့လူ ၇ယောက်လောက်ဒဏ်ရာရတယ်” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်၏ အသေအပျောက် အတိအကျ မသိရသေးဟု ၎င်းကဆိုသည်။ယ​​နေ့ည​နေပိုင်းတွင် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG) ၏ PVTV က သတင်း​ဖော်ပြရာတွင် ပစ္စတို ၂ လက် ၊စနိုက်ပါ​သေနတ် ၂ လက်အပါအဝင် လက်နက် ၉ လက်သိမ်းဆည်းနိုင်​ကြောင်း​ဖော်ပြထားသည်။ ထို​ကြောင့် တိုက်ပွဲတွင် လက်နက်များထပ်မံသိမ်းဆည်းနိုင်ခဲ့ခြင်းဖြစ်သည်။ စစ်​ကောင်စီဘက်မှ ​သေဆုံးထိ့ခိုက်မှုများပြီးပစ္စတို​သေနတ် ၂ လက်ပါဝင်၍​ ​သေဆုံးသူများတွင် စစ်​ကောင်စီတပ်မှ အရာရှိများလည်းပါဝင်နိုင်သည်။

တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်သားအချို့ ​ကျေးရွာအတွင်း​သေဆုံး​နေ​သည်ကို ဗီဒီယိုဖိုင်အချို့တွင်​တွေ့ရသလို ၊ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၉ ၊၁၀ ဦးခန့်​သေဆုံး၍ အ​လောင်းများစုပုံထား​သော သတင်းဓါတ်ပုံတစ်ပုံကိုလည်း People’s Spring က ရရှိထားသည်။ရုပ်အ​လောင်းဓါတ်ပုံ နှင့် ဗီဒီယိုဖိုင်များ၊ လက်နက်များသိမ်းဆည်းမိ​သောအ​ခြေအ​နေအရ ယ​​နေ့တိုက်ပွဲတွင်စစ်​ကောင်စီတပ်မှ ​သေဆုံးမှူများသည်ကိုသိ့ရှိနိုင်သည်။ သို့​​သော် KNU နှင့် NUG ဘက်ကမူ အ​သေးစိတ်မထုတ်ပြန်​သေး​ပေ။

ယ​နေ့တွင် လေးကေ့ကော်မြို့သစ်အနီးရှိ မေတ္တာလင်းမြိုင်နှင့် မယ်ထော်သလေး ကြားတွင် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့က အဆိုပါဒေသရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရာ တိုက်ပွဲများ ပြင်းထန်ခဲ့ခြင်းဖြစ်ကြောင်းKNU မှ အထက်ပါသတင်းရင်းမြစ်ကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

မေတ္တာလင်းမြိုင်ရှိ စစ်ကောင်စီ/BGF ပူးတွဲနေထိုင်သည့် တပ်စခန်းက လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ စွာပြုလုပ်ခဲ့ကြောင်း၊ သို့​သော်စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ကြောင်း၎င်းက ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်အချို့ ဖလူးရှိစစ်ဘေးရှောင်များရှိရာဘက်သို့ ကျရောက်၍ ဒေသခံ ​ကျေးရွာသား ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟုလည်း၎င်းက​ပြောသည်။

လေးကေ့ကော်သို့ စစ်ကောင်စီတပ်ဝင်ရောက်စီးနင်း၍ ဒီဇင်ဘာ ၁၄ရက်ကတည်းက တိမ်းရှောင်နေသည့် CDM ဝန်ထမ်းတစ်ဦးကလည်း “ ကျွန်တော်နေခဲ့တဲ့ စခန်းမှာ လက်နက်ကြီးကျတယ်။ ဒီနေ့ သိရသလောက်ဆိုရင် လေးကေ့ကော် မြို့ထဲနဲ့ မယ်ထော်သလေးဘက်မှာတိုက်ပွဲ တော်တော်ကြမ်းတယ်ကြားတယ်။အဆိုးဆုံးက လေယာဉ်ပဲ။ လေယာဉ် ခဏခဏ ဖြတ်ပျံတယ်။ ပစ်တာတော့ မရှိသေးဘူး” ဟု ပြောသည်။

တိုက်ပွဲပြင်းထန်၍ ထိုင်းနိုင်ငံဘက်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်သူများရှိပြီး အနည်းဆုံး ၆၀၀ ကျော်ရှိသည်ဟု ဆိုသည်။

“နေထိုင်စားသောက်ရေးကတော့ ပြောပြလည်း စိတ်မကောင်း ဖြစ်မှာစိုးလို့ ပြောပြစရာမရှိပါဘူး။ ဒီမှာတော့ လောလောဆယ် ဆန်ရှိတယ် အရင်တခါလာပို့တယ်။ လာပို့တော့ ကျွန်တော်တို့ကို မျှကျွေးပါတယ်။ ဆန်ရှိတယ် ၊ ပဲရှိတယ် ဒါနဲ့ပဲပေါ့” ဟု လေးကေ့ကော်ဒေသ၌ပင် စစ်ရှောင်နေရသည့် CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါဒေသတွင် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)နှင့် ကရင်လက်နက်ကိုင်တပ်ဖွဲ့ တစ်ခု ဖြစ်သည့် DKBA တို့ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။