Connect with us

Hi, what are you looking for?

News

တိုက်ပွဲရှောင် မြန်မာဒုက္ခသည်များကို အရေးပေါ်ကူညီလက်ခံရန် ထိုင်းအစိုးရထံ ကုလတောင်းဆို

​(လေး​ကေ့​ကော်​ဒေသ တိုက်ပွဲ​ကြောင့် ထိုင်းနိုင်ငံ မဲ​ဆောက်မြို့ခြမ်းသို့ တိမ်း​ရှောင်လာ​သော မြန်မာစစ်​ရှောင်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ − Kaung Kant)

ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီသည် ကရင်ပြည် နယ်မှထွက်ပြေးတိမ်းရှောင်လာသော မြန်မာဒုက္ခသည် ၃,၀၀၀ ကျော်ကို အရေးပေါ်ကူညီလက်ခံရန် ထိုင်းအစိုးရကို ယမန်နေ့(ဒီဇင်ဘာ ၂၀ရက်)က တောင်းဆိုခဲ့ကြောင်း Bangkok Post သတင်းဌာနက ဖော်ပြသည်။

မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU)တို့အကြားထိတွေ့တိုက်ပွဲများသည် ထိုင်းနယ်စပ်နှင့်အလှမ်းမဝေးသည့်မြို့၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်းဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် လက်နက် ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများကို တိမ်းရှောင်လာသော ဒုက္ခသည် ၇၀၀ ခန့်သည် မြစ်ကို ဖြတ်ကာ ထိုင်းနိုင်ငံ တာ့ချ်ခရိုင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။

ဒီဇင်ဘာ ၂၀ ရက်တွင် ထိတွေ့တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုကြောင့် မြန်မာဘက်မှ ထွက်ပြေးတိမ်းရှောင်လာသူဒုက္ခသည်အရေအတွက် ၃,၉၀၀အထိ မြင့်တက်လာသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)က ပြောသည်။

Public Service Announcement

“UNHCRဟာ ဒီအရပ်သားပြည်သူတွေရဲ့ လူမှုဘ၀ဖူလုံရေးအတွက်စိုးရိမ်ပူပန်နေပြီး အကူအညီတွေပေးအပ်နိုင်ဖို့ ထိုင်းအစိုးရအာဏာပိုင်တွေကို ကမ်းလှမ်းမှုတွေလုပ်ဆောင်နေပါတယ်”ဟု ၎င်းတို့၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး “UNHCR နဲ့ NGOs တွေဟာ ဒုက္ခသည်တွေကို သေချာစိစစ်ဖို့နဲ့ လိုအပ်တဲ့လူသားချင်းစာနာမှုအကူအညီတွေ၊ ကာကွယ်ရေးအထောက်အပံ့တွေ ဖြန့်ဝေဖို့ အရေးပေါ်လက်ခံရေးအတွက် တောင်းဆိုထားပါတယ်”ဟု ထုတ်ပြန်သည်။

ထိုင်းဘက်ခြမ်းတွင် နေရာ ၂ ခု၌ ဒီဇင်ဘာ ၂၀ ရက်ညပိုင်းအထိ ဒုက္ခသည် ၃,၅၀၀ခန့် ကျန်ရှိနေသေးကြောင်း ခရိုင်အာဏာပိုင်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။