Connect with us

Hi, what are you looking for?

News

အာရှလမ်းမပေါ်မှာ KNU နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မနက်က တိုက်ပွဲထပ်ဖြစ်

“အပြန်အလှန်ပစ်တာတော့ ၁၅ မိနစ်လောက်ပဲကြာတယ်၊ ထိခိုက်မှု မသိရသေးဘူး၊ စစ်ကောင်စီဘက် ထိတာရှိတယ်လို့ပြောတယ်၊ နာရေးကားတွေ လာတာတွေ့တယ်၊ ရွှေကြက်မင်းဘုရားကုန်းကနေ လက်နက်ကြီးနဲ့ ပြန်လိုက်ထုနေတယ်” လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ရေးတင်းမာမှုတွေ ရှိနေတဲ့ မြဝတီ- ကော့ကရိတ် အာရှလမ်းဝန်းကျင်မှာ ဒီကနေ့မနက်ပိုင်းကKNU တပ်ဖွဲ့ဝင်တွေ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ KNUသတင်းရင်းမြစ်ထံကနေ သိရပါတယ်။

ဒီကနေ့ မနက်ပိုင်းအချိန်က ကော့ကရိတ်မြို့ အာရှလမ်းမအနီး KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကော့နွဲ့ကျေးရွာအုပ်စု အံကလော်ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့က နယ်မြေကျော်ရောက်ရှိလာလို့ နယ်မြေခံ KNU တပ်မဟာ ၆ နဲ့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

အဲ့ဒီထိတွေ့ပစ်ခတ်မှုဖြစ်စဉ်မှာ နှစ်ဖက်အထိအခိုက်အကျဆုံး မသိရပေမယ့် စစ်ကောင်စီဘက်က ထိခိုက်မှုတွေရှိတယ်လို့ KNU နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“အပြန်အလှန်ပစ်တာတော့ ၁၅ မိနစ်လောက်ပဲကြာတယ်၊ ထိခိုက်မှု မသိရသေးဘူး၊ စစ်ကောင်စီဘက် ထိတာရှိတယ်လို့ပြောတယ်၊ နာရေးကားတွေ လာတာတွေ့တယ်၊ ရွှေကြက်မင်းဘုရားကုန်းကနေ လက်နက်ကြီးနဲ့ ပြန်လိုက်ထုနေတယ်” လို့ အဲဒီ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ လက်နက်ကြီးနဲ့ အချက် ၂၀ ခန့် ပစ်ခတ်မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

မနေ့က လည်းကော့ကရိတ် မြဝတီ အာရှလမ်းအနီးက တောနော်ရေတံခွန်မှာ KNU တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့သေးတာဖြစ်ပြီး အဲ့ဒီဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအဆင့်ရှိသူ အပါအဝင် ၂ဦးသေဆုံးခဲ့ကာ ၂ဦးဒဏ်ရာရသွားပါတယ်။

KNU ဘက်ကတော့ စစ်ကောင်စီအနေနဲ့ ကျဆင်းနေတဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်လိုရင် တပ်တွေပြန်ဆုတ်သွားဖို့ တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။