Connect with us

Hi, what are you looking for?

News

ယင်းမာပင်သို့ စစ်ကောင်စီတပ် ဝင်စီး၍ ရွာ ၃ရွာမှ ဒေသခံ ထောင်ချီ ထွက်ပြေးတိမ်းရှောင်​နေရ

“ရွာက သုံးရွာ။ စည်အောင်၊ အောင်ချမ်းအေး၊ အောင်ချမ်းသာ သုံးရွာလုံး ပြေးရတာ။ ရွာထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ လူဦးရေက ထောင်ကျော်မှာပေါ့” ဟု စည်လှောင်ရွာသား တစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့မနက်တွင် ဝင်ရောက်စီးနင်း၍ လူဦးရေထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တိမ်းရှောင်နေရသူ စည်လှောင်ရွာသား တစ်ဦးက ပြောသည်။

ယနေ့( ဒီဇင်ဘာ ၂၂ရက်) မနက် ၁၀နာရီ ဝန်းကျင်တွင် ခန့်မှန်းအင်အား ၈၀ ကျော်ဖြင့် ရွာအနီး ဝင်ရောက်၍ ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်ရခြင်းဖြစ်သည်သည်။

Public Service Announcement

“ရွာက သုံးရွာ။ စည်အောင်၊ အောင်ချမ်းအေး၊ အောင်ချမ်းသာ သုံးရွာလုံး ပြေးရတာ။ ရွာထဲမှာ တစ်ယောက်မှ မရှိတော့ဘူး။ လူဦးရေက ထောင်ကျော်မှာပေါ့” ဟု စည်လှောင်ရွာသား တစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ များ ရှိကြောင်း သတင်းရ၍ လာရောက်ခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ရုတ်တရက်ဝင်ရောက်စီးနင်းခြင်းဖြစ်၍​ဒေသခံရွာသူရွာသား
များအနေဖြင့် ကိုယ်လွတ်ရုန်းထွက်ပြေးလာရခြင်းဖြစ်ကြောင်း၊ မည်သည့် ပစ္စည်းမှ ယူဆောင်လာနိုင်ခြင်းမရှိ​သော​ကြောင့် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း အဆိုပါ ရွာသားက ပြောသည်။

ယင်းမာပင်မြို့နယ်သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် ဒေသများအနက် တစ်ခုအပါအဝင်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook