Connect with us

Hi, what are you looking for?

News

အာဏာသိမ်းစစ်​ကောင်စီအား အသိအမှတ်ပြုပြီး​နေပြည်​တော်သို့လာ​​ရောက်နေသည့် နိုင်ငံတကာသံများ၊ အဖွဲ့အစည်းများကို ပြင်းထန်စွာရှုတ်ချ​ကြောင်း PRAထုန်ပြန်

ထို့အပြင် ဘာသာရေးဆိုင်ရာအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ အဓမ္မ ဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူများကို နှိပ်စက်သတ်ဖြတ်ခြင်းများသည် စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းလည်းဖြစ်ကြောင်းပါရှိသည်။

အာဏာသိမ်းစစ်ကောင်စီအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီးသံတမန်ရေးအရ လာရောက်နေသည့် နိုင်ငံတကာသံများ၊ နိုင်ငံတကာအဖွဲ့အစည်းများအား ပြင်းထန်စွာရှုတ်ချကြောင်း ပျဥ်းမနားတော်လှန်ရေးတပ်မတော်-PRA က ထုတ်ပြန်ကြေညာသည်။

ပျဥ်းမနားတော်လှန်ရေးတပ်မတော် PRAကဒီဇင်ဘာလ၂၁ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးအဆိုပါကြေညာချက်တွင်အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီသည် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် ပြည်သူ့ဆန္ဒခံယူပွဲမှထွက်ပေါ်လာသော အများပြည်သူရွေးချယ်ထားသည့် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်မပြုဘဲ အတင်းအဓမ္မ အာဏာသိမ်းယူခဲ့ခြင်းသည် နိုင်ငံတကာဒီမိုကရေစီစံနှူန်းများကိုပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ရေးသားထားသည်။

အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်​ခဲ့ကြသော အပြစ်မဲ့ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီမှ လက်နက်အစစ်များအသုံးပြုပြီး အကြမ်းဖက်ခဲ့ခြင်းများ၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်သတ်ဖြတ်ခြင်း၊ အပြစ်မဲ့ပြည်သူများကိုအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ စသည့်အချက်များသည်လည်း နိုင်ငံတကာလူ့အခွင့်အရေးစံချိန်များကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ဘာသာရေးဆိုင်ရာအဆောက်အဦးများ၊ ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့်တိုက်ခိုက်ခြင်း၊ အဓမ္မ ဖမ်းဆီးထားသည့် အပြစ်မဲ့ပြည်သူများကို နှိပ်စက်သတ်ဖြတ်ခြင်းများသည် စစ်ရာဇဝတ်မှုကို ကျူးလွန်နေခြင်းလည်းဖြစ်ကြောင်းပါရှိသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ အပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေးများချိုးဖောက်ခြင်း၊ စစ်ရာဇဝတ်မှုကျူးလွန်ခြင်းများ ပြုလုပ်လျက်ရှိပြီး တရားဝင်မှုမရှိဘဲ အတင်းအဓမ္မ လက်နက်အားကိုးပြီး အာဏာသိမ်းယူထားသော အကြမ်းဖက်စစ်ကောင်စီအား တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုပြီး ၎င်းတို့ရုံးစိုက်ရာနေပြည်တော်သို့ သံတမန်ရေးအရ လာရောက်လေ့ရှိသော နိုင်ငံတကာသံများ၊ နိုင်ငံတကာအဖွဲ့အစည်းများအား ပြင်းထန်စွာရှုတ်ချကြောင်းနှင့် လူကြီးမင်းတို့၏ လုံခြုံရေးကို လုံးဝ(လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်း ပျဥ်းမနားတော်လှန်ရေးတပ်မတော် PRA က ထုတ်ပြန်ကြေညာကာ သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။