Connect with us

Hi, what are you looking for?

News

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကျပ်သိန်း ၄၀၀ကျော် ထောက်ပံ့ထားကြောင်း NUG ထုတ်ပြန်

အလားတူ စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ခံစားနေရသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးသို့ ထောက်ပံ့ပေးပို့မှုများကိုလုပ်ဆောင်နေကြောင်း NUG က ထုတ်ပြန်သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် အရေးပေါ်အကူအညီအဖြစ် ဒီဇင်ဘာ ၂၂ ရက်အထိ ကျပ်သိန်း ၄၀၀ကျော် ထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန် ကြေညာသည်။

KNU နယ်မြေအတွင်း ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းသို့ရောက်ရှိလာသော စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာ စောင်နှင့် အခင်းအကာများကို လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန၏ မြေပြင်လှုပ်ရှားသူ အဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် အတူ ညတွင်းချင်း သွားရောက်ထောက်ပံ့ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

(လာ​ရောက်ခိုလှုံ​သော မြန်မာစစ်​​ဘေး​ရှောင်များအား ထိုင်းစစ်တပ်က လုံခြုံ​ရေး​ဆောင်ရွက်​ပေး​နေစဥ်)

ထိုင်းဘက်သို့ ရောက်ရှိနေသော စစ်ဘေးရှောင် ကလေးငယ်အများအပြားအတွက် အရုပ်နှင့်မုန့်များကိုလည်းပေးပို့ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

အလားတူ စစ်ကောင်စီ၏ အကြမ်းဖက်မှုကို ခံစားနေရသည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအပါအဝင် မြန်မာနိုင်ငံတွင်းရှိ ဒေသအသီးသီးသို့ ထောက်ပံ့ပေးပို့မှုများကိုလုပ်ဆောင်နေကြောင်း NUG က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(လာ​ရောက်ခိုလှုံ​သော မြန်မာစစ်​​ဘေး​ရှောင်များအား ထိုင်းစစ်တပ်က လုံခြုံ​ရေး​ဆောင်ရွက်​ပေး​နေစဥ်)

ထိုင်းဘက်သို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် မြန်မာပြည်သူ ၄,၀၀၀ ခန့်ကို အကူအညီပေးရန် ထိုင်းဝန်ကြီးချုပ်က သက်ဆိုင်ရာခရိုင်အရာရှိများကို ညွှန်ကြားထားကြောင်း ဒေသတွင်းသတင်း ဌာနများက ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။