Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ် ရေမြက်ကျေးရွာရှိ နေအိမ် ၆၀ခန့်ကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကျေးရွာအတွင်း လျှပ်စစ်မီးကြိူးများ ပြတ်ကြနေခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်းသို့ မဝင်ရောက်ကြသေးပါရန်နှင့် အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် ဒေသခံစစ်ရှောင်ပြည်သူများအား ရေဦး(PDF)က မေတ္တာရပ်ခံထားသည်။

(စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံထားရသည့် ရေမြက်ကျေးရွာတွင်း မြင်ကွင်းများဖြစ်သည်။)

▪️ကားနှစ်စီးနှင့် ဆိုင်ကယ်များကိုပါ မီးပုံရှို့

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ရေမြက်ကျေးရွာရှိနေအိမ်အလုံး ၆၀ခန့်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဦးမြို့နယ်)က ယနေ့(ဒီဇင်ဘာ ၂၃)ထုတ်ပြန်သည်။

နေအိမ်များမီးရှို့ဖျက်ဆီးခံခြင်းနှင့်အတူ ဖောကားတစ်စီးနှင့် အိမ်စီးကားတစ်စီးတို့ကို မီးရှို့ခံရသည့်အပြင် ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံထားရသည့် ရေမြက်ကျေးရွာတွင်း မြင်ကွင်းများဖြစ်သည်။)

“အခြားသော ကျေးရွာအတွင်းအဖြစ်အပျက်များကို စိစစ်ဆဲဖြစ်ပါတယ်”ဟု ပကဖ(ရေဦး)က ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရေဦးမြို့နယ်အတွင်းရှိ လေးရွာ၊ ပလူဇဝ၊ ကွမ်းအုံ၊ ရေမြက်၊ ဝသဲ၊ ခေါင်နွဲ့၊ ပေကြီး၊ တမတော၊ မကျီးနီစသည့် ကျေးရွာအုပ်စုများနေ ဒေသခံပြည်သူများမှာ စစ်ကောင်စီတပ်၏ အကြမ်းဖက်ရန်ပြုမှုကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရကြောင်း ပကဖ(ရေဦး)က ထုတ်ပြန်ထားသည်။

ထို့အပြင် ကျေးရွာအတွင်း လျှပ်စစ်မီးကြိူးများ ပြတ်ကြနေခြင်းနှင့် မိုင်းအန္တရာယ်ကြောင့် ကျေးရွာအတွင်းသို့ မဝင်ရောက်ကြသေးပါရန်နှင့် အန္တရာယ်ရှိပစ္စည်းများ ရှင်းလင်းပြီးမှသာ ဝင်ရောက်ကြရန် ဒေသခံစစ်ရှောင်ပြည်သူများအား ရေဦး(PDF)က မေတ္တာရပ်ခံထားသည်။

(စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံထားရသည့် ရေမြက်ကျေးရွာတွင်း မြင်ကွင်းများဖြစ်သည်။)

ရှင်းလင်းပြီးစီးသည့်အချိန်ကိုလည်း ထပ်မံအသိပေးကြေညာပေးသွားမည်ဟု ၎င်းတို့က ဆိုသည်။

နေအိမ်များနှင့် အသုံးအဆောင်ပစ္စည်းများ မီးရှို့ဖျက်စီးခံရသည့် ရေမြက်ရွာအား ဒီဇင်ဘာ ၂၀ ရက်ကလည်း စစ်ကောင်စီတပ်များက ရဟတ်ယာဥ်များအသုံးပြု ပစ်ခတ်မှုများ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook