Connect with us

Hi, what are you looking for?

News

ရေဦးတွင် ဝေဟင်စွန်ရဲအဖွဲ့က စစ်​ကောင်စီတပ်ကိုနှစ်ရက်ဆက်တိုက်ခိုက်၊ အရာရှိအပါအဝင်ရှစ်ဦး​ခန့်သေနိုင်ဟု ထုတ်ပြန်

ရေဦးမြို့နယ်အတွင်းရှိ လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စု၊ ရေမျက်အုပ်စု၊ ဝသဲအုပ်စု၊ ခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု၊ တမတောအုပ်စု၊မကျီးနီအုပ်စုအပါအဝင် ကျေးရွာများမှ လူဦးရေသောင်းချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စစ်​ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်အား ရေဦးအခြေစိုက် ဝေဟင်စွန်ရဲပြောက်ကျားတပ်ဖွဲ့ကနှစ်ရက်ဆက်တိုက် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးခန့်သေဆုံးနိုင်ကြောင်း ဝေဟင်စွန်ရဲအဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁နာရီခွဲအချိန်က ရေဦးမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ရေဦးမြို့နယ် အခြေစိုက် ဝေဟင်စွန်ရဲတပ်ဖွဲ့မှ ရေဦးမြို့နယ် ကွမ်းအုံကျေးရွာနှင့် မိုးဒေါင်ကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့က အသိပေးသည်။

အလားတူ ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီခန့်ကလည်း မိုးဒေါင်းသရက်ကန်ကျေးရွာမှ ညောင်ပင်သာကျေးရွာသို့ ဆက်၍ထိုးစစ်ဆင်လာသော စစ်ကြောင်းကို ရေဦးမြို့နယ်ညောင်ပင်သာကျေးရွာအဝင်၌ ဖောက်ခွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် သုံးဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ရေဦးအခြေစိုက် ဝေဟင်စွန်ရဲပြောက်ကျားတပ်ဖွဲ့က ထပ်မံအသိပေးသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ရေဦးမြို့နယ်အတွင်း ရဟတ်ယာဥ်များဖြင့်ပါပစ်ခတ်နေသဖြင့် ပြည်သူအချို့ ထိခိုက်မှုရှိနေသည်။ရေဦးမြို့နယ်အတွင်းရှိ လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စု၊ ရေမျက်အုပ်စု၊ ဝသဲအုပ်စု၊ ခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု၊ တမတောအုပ်စု၊မကျီးနီအုပ်စုအပါအဝင် ကျေးရွာများမှ လူဦးရေသောင်းချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။