Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဦးတွင် ဝေဟင်စွန်ရဲအဖွဲ့က စစ်​ကောင်စီတပ်ကိုနှစ်ရက်ဆက်တိုက်ခိုက်၊ အရာရှိအပါအဝင်ရှစ်ဦး​ခန့်သေနိုင်ဟု ထုတ်ပြန်

ရေဦးမြို့နယ်အတွင်းရှိ လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စု၊ ရေမျက်အုပ်စု၊ ဝသဲအုပ်စု၊ ခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု၊ တမတောအုပ်စု၊မကျီးနီအုပ်စုအပါအဝင် ကျေးရွာများမှ လူဦးရေသောင်းချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်တွင် စစ်​ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်အား ရေဦးအခြေစိုက် ဝေဟင်စွန်ရဲပြောက်ကျားတပ်ဖွဲ့ကနှစ်ရက်ဆက်တိုက် ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ရှစ်ဦးခန့်သေဆုံးနိုင်ကြောင်း ဝေဟင်စွန်ရဲအဖွဲ့က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲ ၁နာရီခွဲအချိန်က ရေဦးမြို့နယ်အတွင်းသို့ ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ရေဦးမြို့နယ် အခြေစိုက် ဝေဟင်စွန်ရဲတပ်ဖွဲ့မှ ရေဦးမြို့နယ် ကွမ်းအုံကျေးရွာနှင့် မိုးဒေါင်ကျေးရွာကြား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါအဖွဲ့က အသိပေးသည်။

အလားတူ ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီခန့်ကလည်း မိုးဒေါင်းသရက်ကန်ကျေးရွာမှ ညောင်ပင်သာကျေးရွာသို့ ဆက်၍ထိုးစစ်ဆင်လာသော စစ်ကြောင်းကို ရေဦးမြို့နယ်ညောင်ပင်သာကျေးရွာအဝင်၌ ဖောက်ခွဲတိုက်ခိုက်ရာ အရာရှိတစ်ဦးအပါအဝင် သုံးဦးထက်မနည်းသေဆုံးပြီး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ရေဦးအခြေစိုက် ဝေဟင်စွန်ရဲပြောက်ကျားတပ်ဖွဲ့က ထပ်မံအသိပေးသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ရေဦးမြို့နယ်အတွင်း ရဟတ်ယာဥ်များဖြင့်ပါပစ်ခတ်နေသဖြင့် ပြည်သူအချို့ ထိခိုက်မှုရှိနေသည်။ရေဦးမြို့နယ်အတွင်းရှိ လေးရွာအုပ်စု၊ ပလူဇဝအုပ်စု၊ ကွမ်းအုံအုပ်စု၊ ရေမျက်အုပ်စု၊ ဝသဲအုပ်စု၊ ခေါင်နွဲ့အုပ်စု၊ ပေကြီးအုပ်စု၊ တမတောအုပ်စု၊မကျီးနီအုပ်စုအပါအဝင် ကျေးရွာများမှ လူဦးရေသောင်းချီ စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။