Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ယာထဲက အမျိုးသမီးတစ်ဦး စစ်​ကောင်စီတပ်ပစ်သတ်ခဲ့တယ်လို့ ကရင်လူ့အခွင့်​ရေးအဖွဲ့ထုတ်ပြန်

ဒီဇင်ဘာ ၂၁ ရက် မနက် ၈ နာရီအချိန်က ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု ထော်ကလော်ခီးကျေးရွာမှာ KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား နာရီဝက်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ဘီးလင်းမြို့နယ်မှာ တောင်ယာထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက် ၈ နာရီအချိန်က ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု ထော်ကလော်ခီးကျေးရွာမှာ KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား နာရီဝက်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမဖြစ်ပွားမီ အသတ်ခံရတဲ့ ဒေသခံအမျိုးသမီးရဲ့ တောင်ယာထဲမှာ KNLA တပ်ဖွဲ့တွေ သွားရောက်ခဲ့ပြီး အဲ့ဒီနောက် စစ်ကောင်စီတပ်က အဆိုပါတောင်ယာထဲကို ရောက်ရှိလာလို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တောင်ယာထဲမှာ ခင်ပွန်းသည်နဲ့အတူ အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသမီးတို့ဟာ ထွက်ပြေးခဲ့ကြပြီးနောက် စစ်ကောင်စီက အဲ့ဒီအမျိုးသမီးကို ဖမ်းဆီးရမိခဲ့ကာ နှိပ်စက်ညှဉ်းပန်းပြီးတဲ့နောက် ပစ်သတ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ အဆိုပါအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ တောင်ယာထဲကို ပြန်မသွားရဲတော့ဘဲ ကျန်ရှိနေတဲ့ မိသားစုဝင်တွေဟာလည်း အသက်မွေးဝမ်းကျောင်း အခက်အခဲတွေကို ရင်ဆိုင်နေကြရတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။