Connect with us

Hi, what are you looking for?

News

တောင်ယာထဲက အမျိုးသမီးတစ်ဦး စစ်​ကောင်စီတပ်ပစ်သတ်ခဲ့တယ်လို့ ကရင်လူ့အခွင့်​ရေးအဖွဲ့ထုတ်ပြန်

ဒီဇင်ဘာ ၂၁ ရက် မနက် ၈ နာရီအချိန်က ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု ထော်ကလော်ခီးကျေးရွာမှာ KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား နာရီဝက်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

ဘီးလင်းမြို့နယ်မှာ တောင်ယာထဲမှာ အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၂၁ ရက် မနက် ၈ နာရီအချိန်က ကေအဲန်ယူ သထုံခရိုင် ဘီးလင်းမြို့နယ် နို့ဘယ်ဘောကျေးရွာအုပ်စု ထော်ကလော်ခီးကျေးရွာမှာ KNLA တပ်မဟာ ၁ နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ကြား နာရီဝက်ကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမဖြစ်ပွားမီ အသတ်ခံရတဲ့ ဒေသခံအမျိုးသမီးရဲ့ တောင်ယာထဲမှာ KNLA တပ်ဖွဲ့တွေ သွားရောက်ခဲ့ပြီး အဲ့ဒီနောက် စစ်ကောင်စီတပ်က အဆိုပါတောင်ယာထဲကို ရောက်ရှိလာလို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း တောင်ယာထဲမှာ ခင်ပွန်းသည်နဲ့အတူ အလုပ်လုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသမီးတို့ဟာ ထွက်ပြေးခဲ့ကြပြီးနောက် စစ်ကောင်စီက အဲ့ဒီအမျိုးသမီးကို ဖမ်းဆီးရမိခဲ့ကာ နှိပ်စက်ညှဉ်းပန်းပြီးတဲ့နောက် ပစ်သတ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ အဆိုပါအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူဟာ တောင်ယာထဲကို ပြန်မသွားရဲတော့ဘဲ ကျန်ရှိနေတဲ့ မိသားစုဝင်တွေဟာလည်း အသက်မွေးဝမ်းကျောင်း အခက်အခဲတွေကို ရင်ဆိုင်နေကြရတယ်လို့ KHRG ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။