Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ် ရဟတ်ယာဥ်ဖြင့်ပစ်ခတ်ပြီး​နောက်နတ်​ချောင်းရွာကို မီးရှို့​နေ

“မီး​လောင်တာက အရမ်းများ​ပြီး ​မီး​တောက်က​ တော်​တော်ကြီး​နေတယ်။ရွာထဲမှပိတ်မိ​နေတဲ့သူတွေလည်း ရှိတယ်။ “ဟု​ ဒေသခံတစ်ဦးက​ ပြောသည်။

က​လေးမြို့နယ်အတွင်းရှိ နတ်​ချောင်းရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်က ယ​နေ့(ဒီဇင်ဘာ ၂၃) ည​နေ၅နာရီခွဲဝန်းကျင်တွင် ရွာလုံးကျွတ်မီးရှို့​နေ​ကြောင်း ​ဒေသခံများက​ ပြောသည်။

ရွာလုံးကျွတ်မီးတင်ရှို့မူ​ကြောင့် ​နေအိမ်အများစု မီး​လောင်ကျွမ်း​နေပြီး မီး​တောက်ကို က​လေးမြို့နားကပင် မြင်​​တွေ့နေရသည်ဟု ​ဒေသခံများက​ ပြောသည်။

အကြမ်းဖက်စစ်​ကောင်စီ နတ်​ချောင်းရွာကို ​ယ​နေ့​မွန်းလွဲ ပိုင်းတွင် စစ်ဖက်သုံးရဟတ်ယာဥ်ဖြင့်လိုက်လံပစ်ခတ်ခဲ့ပြီး​နောက် ည​နေပိုင်းတွင်တစ်အိမ်ဝင်တစ်အိမ်ထွက် မီးလိုက်ရှို့​နေခြင်းဖြစ်သည်ဟု​ ဒေသခံများက​ ပြောသည်။

(နတ်​ချောင်းရွာမီး​လောင်​နေသည်ကိုအ​ဝေးမှမြင်​တွေ့ရစဥ် -ဓါတ်ပုံ- CJ)

“မီး​လောင်တာက အရမ်းများ​ပြီး ​မီး​တောက်က​ တော်​တော်ကြီး​နေတယ်။ရွာထဲမှပိတ်မိ​နေတဲ့သူတွေလည်း ရှိတယ်။ “ဟု​ ဒေသခံတစ်ဦးက​ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်က က​လေးမြို့ရှိ နတ်​ချောင်းရွာကို ဖုန်းလိုင်းဖြတ်​တောက်ထားပြီး ယ​နေ့မနက်ပိုင်းမှစ၍ ​​နေအိမ်များကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

​နေလယ် ၂ နာရီ​ကျော်တွင် အကြမ်းဖက်စစ်တပ်က ရဟတ်ယာဥ်နှစ်စီးဖြင့် ၁၀ကြိမ်တိုင်တိုင် ရွာအတွင်းရှိ ပြည်သူလူထုကိုပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု​ဒေသခံများက​ပြောသည်။

နတ်​ချောင်း​ရွာသည် က​လေး-ဂန့်​ဂေါလမ်းပိုင်းတွင်တည်ရှိပြီး ​ဒေသခံ ကာကွယ်​ရေးတပ်ဖွဲ့များနှင့်အကြမ်းဖက်စစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်​နေခြင်းဖြစ်သည်။

ယ​နေ့မနက်ပိုင်းတွင် အကြမ်းဖက်စစ်​ကောင်စီ၏ စနိုက်ပါတပ်သားတစ်ဦးကို. ​ဒေသခံကာကွယ်​ရေးတပ်များက ပစ်သတ်ပြီး​နောက် အကြမ်းဖက်စစ်တပ်က နတ်​ချောင်းရွာကို အညှိုးတကြီး တိုက်ခိုက်မီးရှို့​နေခြင်းဖြစ်​ကြောင်း​ဒေသခံအချို့က​ ပြောသည်။

နတ်ချောင်းရွာအတွင်းယ​နေ့ နံနက်ပိုင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်က အထိအခိုက်မရှိခဲ့ဟု Kalay PDF နှင့် နီးစပ်သူတစ်ဦးက ယနေ့ညနေတွင် ပြောသည်။

” သူတို့(စစ်ကောင်စီ)မနိုင်လို့ လေကြောင်းကနေ လာပစ်တာ။ အရပ်သားနှစ်‌ယောက်တော့ ဆိုင်ကယ်စီးလာတုန်း စစ်တပ်ကပစ်တာ သေဆုံးသွားတယ်ကြားတယ်” ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။

ထိုအပြင် ယ​နေ့​နေလယ်ပိုင်းတွင် စစ်​ကောင်စီတပ်စွဲထားသည့် ​စာသင်​ကျောင်း​ရှေ့ကို ဆိုင်ကယ်ဖြတ်​မောင်းသွားသည့် အမျိုးသမီးတစ်ဦးကိုလည်း အကြမ်းဖက်စစ်တပ်က ပစ်သတ်ခဲ့သည်ဟု​ဒေသခံများက​ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

နိုင်ငံတကာ

ရုရှား ရဟတ်ယာဉ် တစ်စီးကို ရုရှား လေကြောင်း ကာကွယ်ရေး စနစ်တွေက မှားယွင်းပစ်ချမိပြီး အမှုထမ်းတွေ အားလုံး သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်လက်​အောက်ခံ အသင်းအဖွဲ့များမှလုပ်ငန်းရှင်များက အ​မေရီကန်နိုင်ငံမှ ပဲပုပ်ဖတ်တင်သွင်းရန်စီစဥ်ခြင်းမှာ စီးပွား​ရေးထက် အ​မေရီကန်အစိုးရရဲ့အာရုံစူးစိုက်မှုရ​အောင်စစ်အုပ်စုရဲ့ကြိုးပမ်းမှုဖြစ်တယ်လို့လုပ်ငန်းရှင်​တွေကသုံးသပ်ကြပါတယ် ။