Connect with us

Hi, what are you looking for?

News

လေးကေ့ကော်ဒေသက အရပ်သားတွေကို တိုက်ခိုက်တဲ့စစ်ကောင်စီရဲ့လုပ်ရပ်ကို သံရုံးတွေရှုတ်ချ

စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ်နဲ့ နိုင်ငံတလွှားက အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ၊ အရပ်သားပြည်သူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဘေးကင်းလုံခြုံစွာထားဖို့ ကိုလည်း ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် တိမ်းရှောင်နေရသူဒေသခံပြည်သူတွေ

ကရင်ပြည်နယ်လေးကေကော်ဒေသက အရပ်သားပြည်သူတွေ ကို စစ်ကောင်စီက တိုက်ခိုက်တဲ့လုပ်ရပ်ကိုရှုတ်ချတယ်လို့ ရန်ကုန်မြို့က ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသံရုံးတွေက ထုတ်ပြန်လိုက်ပါတယ်။

ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာအပါအဝင် အရပ်သားပြည်သူတွေအပေါ်တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေကိုချိုးဖောက်နေတာကြောင့် ဒီလုပ်ရပ်ကိုရပ်တန့်ရမယ်လို့ ဆိုထားပါတယ်။

Public Service Announcement

စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ်နဲ့ နိုင်ငံတလွှားက အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ၊ အရပ်သားပြည်သူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဘေးကင်းလုံခြုံစွာထားဖို့ ကိုလည်း ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။

ဒါအပြင်လူသားချင်းစာနာထောက်ထားမှုတွေကို အဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိနိုင်ဖို့နဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုအပြည့်အဝ ကာကွယ်ပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ လေးကေကော်ဒေသကို ဝေဟင်က ဗုံးကြဲတာ ၊ လက်နက်ကြီးနဲ့ ပစ်တာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။