Connect with us

Hi, what are you looking for?

LuduNwayOo

News

လေးကေ့ကော်ဒေသက အရပ်သားတွေကို တိုက်ခိုက်တဲ့စစ်ကောင်စီရဲ့လုပ်ရပ်ကို သံရုံးတွေရှုတ်ချ

စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ်နဲ့ နိုင်ငံတလွှားက အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ၊ အရပ်သားပြည်သူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဘေးကင်းလုံခြုံစွာထားဖို့ ကိုလည်း ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် တိမ်းရှောင်နေရသူဒေသခံပြည်သူတွေ

ကရင်ပြည်နယ်လေးကေကော်ဒေသက အရပ်သားပြည်သူတွေ ကို စစ်ကောင်စီက တိုက်ခိုက်တဲ့လုပ်ရပ်ကိုရှုတ်ချတယ်လို့ ရန်ကုန်မြို့က ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံသံရုံးတွေက ထုတ်ပြန်လိုက်ပါတယ်။

ကျေးရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တာအပါအဝင် အရပ်သားပြည်သူတွေအပေါ်တိုက်ခိုက်မှုတွေဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေကိုချိုးဖောက်နေတာကြောင့် ဒီလုပ်ရပ်ကိုရပ်တန့်ရမယ်လို့ ဆိုထားပါတယ်။

Public Service Announcement

စစ်ကောင်စီအနေနဲ့ ကရင်ပြည်နယ်နဲ့ နိုင်ငံတလွှားက အဆင်အခြင်မဲ့ တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ ၊ အရပ်သားပြည်သူတွေကို နိုင်ငံတကာ ဥပဒေတွေနဲ့အညီ ဘေးကင်းလုံခြုံစွာထားဖို့ ကိုလည်း ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။

ဒါအပြင်လူသားချင်းစာနာထောက်ထားမှုတွေကို အဟန့်အတားမရှိဘဲ လက်လှမ်းမီရရှိနိုင်ဖို့နဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကိုအပြည့်အဝ ကာကွယ်ပေးဖို့ကိုလည်းတောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီဟာ လေးကေကော်ဒေသကို ဝေဟင်က ဗုံးကြဲတာ ၊ လက်နက်ကြီးနဲ့ ပစ်တာတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။