Connect with us

Hi, what are you looking for?

News

နတ်​​ချောင်းရွာကိုစစ်တပ်လေယာဥ်ဖြင့်ပစ်ခတ်မှု ပြည်သူ ၈ဦး​သေ၊ ​သေဆုံးသူထပ်ထိုးနိုင်​သေး

ကွယ်လွန်ခဲ့ရှစ်ဦးတွင် အမျိုးသား ၅ ဦး ၊အမျိုးသမီး ၃ ပါဝင်သည်။၎င်းတို့မှာ ဦးမောင်ကြည်၊ဒေါ်ဌေးမ၊ဦးအေးကို၊ဦးမြင့်ဇော်၊ ဖိုးအေး၊အင်အား၊ မအေးစိုးနှင့် အမည်စိစစ်ဆဲ အမျိုးသမီးတစ်ဦး ဖြစ်​ကြောင်း နတ်ချောင်းရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်စဉ် နေအိမ်အောက်၌ ပုန်းအောင်းနေသော ပြည်သူများ။ ဓါတ်ပုံ-CJ)

ကလေးမြို့ နတ်ချောင်း​ကျေးရွာအားအကြမ်းဖက် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ ရက်တွင်စစ်​လေယာဥ်အသုံးပြုတိုက်ခိုက်မှုကြောင့် ပြည်သူ ရှစ်ဦးသေဆုံးခဲ့​ကြောင်းနတ်ချောင်းရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ယ​နေ့ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၃ ရက်က ပစ်ခတ်ခံရမှုကို ချက်ချင်းမစိစစ်နိုင်ခဲ့ဘဲ ကျေးရွာအတွင်း ယနေ့(ဒီဇင်ဘာ ၂၄ရက်) သွားရောက်စစ်ဆေးရာ သေဆုံးနေသည့် ရုပ်အလောင်း ရှစ်​လောင်း
တွေ့ခဲ့ရခြင်းဖြစ်​ကြောင်း ဖော်ပြထားသည်။ထိုအပြင်ဒေသခံနှစ်ဦးပိုင်ဆိုင်သည့် စပါးခင်းနှစ်ခင်းကို မီးရှို့ ခံခဲ့ရသည်ဟုပါရှိသည်

ကွယ်လွန်ခဲ့ရှစ်ဦးတွင် အမျိုးသား ၅ ဦး ၊အမျိုးသမီး ၃ ပါဝင်သည်။၎င်းတို့မှာ ဦးမောင်ကြည်၊ဒေါ်ဌေးမ၊ဦးအေးကို၊ဦးမြင့်ဇော်၊ ဖိုးအေး၊အင်အား၊ မအေးစိုးနှင့် အမည်စိစစ်ဆဲ အမျိုးသမီးတစ်ဦး ဖြစ်​ကြောင်း နတ်ချောင်းရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးမောင်ကြည်၊ဒေါ်ဌေးမသည် အိမ်နီးချင်းကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအား စစ်သားများက ဖမ်းဆီးခေါ်ဆောင်နေသည်ကို ဝင်တားဆီးစဥ် ပစ်သတ်ခံရခြင်းဟုပါရှိသည်။

Public Service Announcement

Public Service Announcement

အထက်ပါစာရင်းမှာ လတ်တလော သိရှိထားသမျှကိုသာ ဖော်ပြထားခြင်းဖြစ်ပြီး စစ်ကောင်စီ၏ ရန်ကြောင့် ကျေးရွာအတွင်း နေရာအနှံ့သို့ လိုက်မကြည့်နိုင်သေးဟုလည်းဆိုသည်။ ထို​ကြောင့်သေဆုံးသူ​ဒေသခံပြည်သူစာရင်း တိုးနိုင်သည်ဟု စစ်ဘေးရှောင်နေရသည့် ဒေသခံတစ်ဦးကပြောသည်။ထို့အပြင် ယနေ့(ဒီဇင်ဘာ ၂၄) နေ့လယ် ၁၁ နာရီခန့်တွင် ဒေသခံဦးဘိုနုနှင့်ဦးဝင်းအောင်ပိုင်ဆိုင်သောစပါးခင်းနှစ်ခင်းကို အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများကပြောသည်။ နတ်

အကြမ်းဖက်စစ်ကောင်စီသည် Kalay PDF၊ CNFနှင့်ဒေသတွင်း မဟာမိတ်အဖွဲ့များ၏ ဒီဇင်ဘာ ၂၃ရက်နံနက်မှစတင်၍ တိုက်ပွဲဖြစ်ပွားပြီး ပိတ်ဆို့ခံထားရကာ အထိနာ​နေချိန်တွင် မွန်းလွဲ ၃ နာရီ​ကျော်တွင် စစ်ရဟတ်ယာဥ် ၂ စင်းက​နတ်​ချောင်းရွာသို့ လာ​ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ နေ့လယ်မှစတင်ကာ နတ်ချောင်းကျေးရွာအား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ နတ်​ချောင်းရွာ တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှအနည်းဆုံး ၁၆ ဦး​သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ နတ်​ချောင်းရွာသို့စစ်ကူရန် လာ​ရောက်​သော စစ်ကားသုံးစီးမှာလည်း မိုင်းဆွဲခံရပြီး ၁၇ ​သေဆုံးခဲ့သည်။ ပြည်သူ့ကာကွယ်​ရေးပူး​ပေါင်းတပ်များဘက်မှ ၁ ဦးသာဒဏ်ရာရရှိခဲ့​ကြောင်းက​လေး PDFကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။