Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ် အရှိန်မြှင့်​ကျူးလွန်လာသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများ ချက်ချင်းရပ်တန့်ရေး ထိရောက်စွာအရေးယူရန် နိုင်ငံတကာကို NUG ထပ်မံတောင်းဆို

အကြမ်းဖက်စစ်တပ်သည် ဒီဇင်ဘာ ၂၄ ရက်တွင်ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ ပြည်သူ ၄၀ ဦးခန့်ကို ကြိုးဖြင့်တုတ်ကာ မီးရှို့သတ်ဖြတ်ခဲ့ပြီး ယာဉ်ကြီး၊ ယာဉ်ငယ် ၁၁ စီးကိုလည်း တစ်ပါတည်းမီးရှို့ဖျက်ဆီးခဲ့သည်။

(မိုဆိုရွာအနီးတွင် ဒေသခံများ၏ ကားများကို စစ်ကောင်စီတပ်က မီရှို့ဖျက်ဆီးနေသည်ကို ယမန်နေ့က တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

အကြမ်းဖက်စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် ပိုမိုးတိုးမြှင့်ကျူးလွန်လာသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ချက်ချင်းရပ်တန့်စေရေး နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်စွာ ဝိုင်းဝန်းဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထပ်မံတောင်းဆိုလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကရင်နီပြည်နယ်အတွင်း ခရစ္စမတ်အကြိုနေ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနှင့် ပတ်သက်၍ NUG က ယနေ့ (ဒီဇင်ဘာ ၂၅ ရက်)ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

အကြမ်းဖက်စစ်တပ်သည် ဒီဇင်ဘာ ၂၄ ရက်တွင်ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ ပြည်သူ ၄၀ ဦးခန့်ကို ကြိုးဖြင့်တုတ်ကာ မီးရှို့သတ်ဖြတ်ခဲ့ပြီး ယာဉ်ကြီး၊ ယာဉ်ငယ် ၁၁ စီးကိုလည်း တစ်ပါတည်းမီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

ထို့အပြင် အဆိုပါ အပြစ်မဲ့ပြည်သူများဖမ်းဆီးခံရမှုကို ပြန်လွှတ်ရေးသွားရောက်ညှိနှိုင်းတောင်းဆိုသည့် နယ်ခြားစောင့်တပ်ရင်း (၁၀၀၄) မှ တပ်ဖွဲ့ဝင် လေးဦးကိုလည်း ဖမ်းဆီးကာ ကြိုးဖြင့်တုတ်၍ ဦးခေါင်းကို အနီးကပ်ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယခုဖြစ်စဥ်မတိုင်မီကလည်း အကြမ်းဖက်စစ်အုပ်စုသည် စစ်ကိုင်းတိုင်းအတွင်းရှိ သံဖို၊ ဒုံးတော၊ ခေါင်းကွဲကျေးရွာတို့၌ ၁၈ နှစ်အောက်ကလေးငယ်များ၊ မသန်စွမ်းများအပါအဝင် အရပ်သားပြည်သူ ၁၇ဦးကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရှင်လတ်လတ်မီးရှို့သတ်ခြင်းစသည့် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း NUG က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။