Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ထားဝယ်ပြောက်ကျားတပ် ပင်မစခန်းစွန့်ခဲ့ရ

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ၂၁ ရက်က ဒလန်လမ်းပြမှုဖြင့် DGRF၏ ပင်မစခန်းနေရာအား လက်နက်ကြီးများပစ်ခတ်၍ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

▪️ရဲဘော်များအထိအခိုက်မရှိ၊ စစ်ကောင်စီဘက်မှ တစ်ဦးထက်မနည်းသေဟု DGRF ဆို

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ပင်မစခန်းနေရာအား စွန့်ခွာခဲ့ရကြောင်း ထားဝယ်ပြောက်ကျားတော်လှန် ရေးတပ်ဖွဲ့(DGRF)က ထုတ်ပြန်အသိပေးသည်။

စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ၂၁ ရက်က ဒလန်လမ်းပြမှုဖြင့် DGRF၏ ပင်မစခန်းနေရာအား လက်နက်ကြီးများပစ်ခတ်၍ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်နှင့် DGRF တို့ကြားယင်းနေ့နံနက် ၈ နာရီတွင် တစ်ကြိမ်၊ နေ့လယ် ၁ နာရီခန့်တွင် တစ်ကြိမ်နှင့် ညနေ ၆ နာရီခန့်တွင် တစ်ကြိမ် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်မှ တစ်ဦးထက်မနည်းသေဆုံးကာ လက်နက်အင်အားမမျှသဖြင့် ပင်မစခန်းနေရာအား စွန့်လွှတ်ခဲ့ရသည်ဟု DGRFက ဆိုသည်။

Public Service Announcement

Public Service Announcement

ပင်မစခန်းအား စွန့်ခွာခဲ့ချိန်တွင် တော်လှန်ရေးရဲဘော်များဘက်မှ တစ်ဦးတစ်ယောက်မှ အထိ အခိုက်မရှိခဲ့သလို ကြီးကြီးမားမားဆုံးရှုံးမှုလည်းမရှိခဲ့ဘဲ တူမီးနှင့် လက်လုပ်သေနတ် ၁၅ လက်ခန့်သာ ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် ယခုကဲ့သို့ သတင်းထုတ်ပြန်မှုနောက် ကျရခြင်းမှာ ဆက်သွယ်ရေးကွန်ယက်အခက် အခဲကြောင့် ကျန့်ကြာနေခြင်းဖြစ်ပြီး လက်ရှိတွင် ပြောက်ကျားရဲဘော်များအားလုံး လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်အာဏာ ရှင်စနစ် လုံးဝပျက်သုဥ်းသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမျည်ဖြစ်ကြောင်း DGRF ကအများပြည်သူထံ ကတိသစ္စာပြုထားသည်။

အထက်ပါတိုက်ပွဲမှာ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စု၊ ခေါင်တိုင်ပြင်ကျေးရွာအနီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။