Connect with us

Hi, what are you looking for?

LuduNwayOo

News

ခရမ်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးရပ်ကျေးဥက္ကဋ္ဌနှင့် ၎င်း၏အစ်ကို အသတ်ခံရ

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူ ပြည်ခိုင်ဖြိုးရပ်ကျေးဥက္ကဋ္ဌ ဦးမိုးကျော်ဆိုသူသည် စစ်ကောင်စီ ၏သတင်းပေးဒလန်ဟု နာမည်ထွက်နေသူ တစ်ဦးလည်းဖြစ်သည်။

(သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရပ်ကျေးဥက္ကဋ္ဌ ဦးမိုးကျော်)

ခရမ်းမြို့နယ် ရိုးကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် ၎င်း၏အစ်ကိုဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၇)နေ့လယ် ၁၂ နာရီခန့်က ရိုးကြီးကျေးရွာ ကြံ့ခိုင်ရေးပါတီရပ်ကျေးဥက္ကဋ္ဌ ဦးမိုးကျော်နှင့် ၎င်း၏အစ်ကိုဖြစ်သူတို့ နေအိမ်ခြံဝင်းအတွင်းရှိနေစဥ် အမည်မသိလူနှစ်ဦးက ခြံဝင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပစ်ခတ်မှုကြောင့် ညီအစ်ကိုနှစ်ယောက်လုံး နေရာတင် ပွဲချင်းပြီးသေဆုံးသွားပြီး နှစ်ယောက်လုံးအား လူနာတင်ယာဥ်ဖြင့် ခရမ်းဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက ပြောသည်။

အထက်ပါဖြစ်စဥ်ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ရိုးကြီးကျေးရွာသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူ ပြည်ခိုင်ဖြိုးရပ်ကျေးဥက္ကဋ္ဌ ဦးမိုးကျော်ဆိုသူသည် စစ်ကောင်စီ ၏သတင်းပေးဒလန်ဟု နာမည်ထွက်နေသူ တစ်ဦးလည်းဖြစ်သည်။

ဦးမိုးကျော်သည် စစ်ကောင်စီမှခန့်အပ်သည့် ရိုးကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုအတွင်း PDF Khayan တပ်ဖွဲ့ဝင်များ အောင်မြင်စွာပစ်ခတ်၍ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။

သတင်း

သင်္ကြန်ပွဲတော်ကာလ နှင့်ပတ်သက်၍ ကိုမီးပွားက "သင်္ကြန်မှာ ရေဖလား ကိုင်မယ့်အစား ရရာလက်နက်ကိုင်ကြပြီး တော်လှန်ကြပါလို့"ဟု ပြည်သူများကို သတင်းစကားပါးသည်။

သတင်း

စစ်ကောင်စီ၏ ပိန်းကန်ရဲစခန်း၊ ကရင်ကန်ဂိတ် နှင့် သစ်တောစစ်ဆေးရေးဂိတ်တို့အား တိုက်ခိုက်ခဲ့ခြင်းဟု ကိုမီးပွားက ပြောသည်။