Connect with us

Hi, what are you looking for?

News

ခရမ်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးရပ်ကျေးဥက္ကဋ္ဌနှင့် ၎င်း၏အစ်ကို အသတ်ခံရ

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူ ပြည်ခိုင်ဖြိုးရပ်ကျေးဥက္ကဋ္ဌ ဦးမိုးကျော်ဆိုသူသည် စစ်ကောင်စီ ၏သတင်းပေးဒလန်ဟု နာမည်ထွက်နေသူ တစ်ဦးလည်းဖြစ်သည်။

(သေနတ်ဖြင့် ပစ်သတ်ခံရသည့် ရပ်ကျေးဥက္ကဋ္ဌ ဦးမိုးကျော်)

ခရမ်းမြို့နယ် ရိုးကြီးကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးဥက္ကဋ္ဌနှင့် ၎င်း၏အစ်ကိုဖြစ်သူတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၇)နေ့လယ် ၁၂ နာရီခန့်က ရိုးကြီးကျေးရွာ ကြံ့ခိုင်ရေးပါတီရပ်ကျေးဥက္ကဋ္ဌ ဦးမိုးကျော်နှင့် ၎င်း၏အစ်ကိုဖြစ်သူတို့ နေအိမ်ခြံဝင်းအတွင်းရှိနေစဥ် အမည်မသိလူနှစ်ဦးက ခြံဝင်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပစ်ခတ်မှုကြောင့် ညီအစ်ကိုနှစ်ယောက်လုံး နေရာတင် ပွဲချင်းပြီးသေဆုံးသွားပြီး နှစ်ယောက်လုံးအား လူနာတင်ယာဥ်ဖြင့် ခရမ်းဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများက ပြောသည်။

အထက်ပါဖြစ်စဥ်ဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ရိုးကြီးကျေးရွာသို့ စစ်ကောင်စီတပ်များရောက်ရှိလာပြီး စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသူ ပြည်ခိုင်ဖြိုးရပ်ကျေးဥက္ကဋ္ဌ ဦးမိုးကျော်ဆိုသူသည် စစ်ကောင်စီ ၏သတင်းပေးဒလန်ဟု နာမည်ထွက်နေသူ တစ်ဦးလည်းဖြစ်သည်။

ဦးမိုးကျော်သည် စစ်ကောင်စီမှခန့်အပ်သည့် ရိုးကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်တပ် အသွင်းပြောင်းတွေနဲ့ စုဖွဲ့ထားတဲ့ ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ အခြေခံ ဥပဒေ ခိုင်မာစေဖို့ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်ဆောင်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပြီး ကိုယ်တိုင်ပါဝင် ထည့်လိုက်တဲ့ မဲတပြားဟာ လူအများရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးသွားမယ်ဆိုတာ သတိပြုဖို့...

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့မှာရှိတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံံ့ဖြိုးရေးပါတီရုံးမှာ အစောင့်ချထားတဲ့ စစ်ကောင်စီတပ်သားတွေကို မိုင်းတစ်လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

တိုက်ခိုက်မှုအတွင်း PDF Khayan တပ်ဖွဲ့ဝင်များ အောင်မြင်စွာပစ်ခတ်၍ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

KRAအဖွဲ့သည် နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းကလည်း ကျောက်ဆည်ခရိုင်တရားရုံးအတွင်းသို့ လက်ပစ်ဗုံးတစ်လုံး အနီးကပ်ပစ်သွင်းကာ တိုက်ခိုက်ခဲ့ရာ တရားသူကြီးထိခိုက်ခဲ့သေးသည်။