Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ ခုနစ်ဦးသေဟု ဗိုလ်ဂျပန်ပြော

“ကျောဘက်ကနေ စစ်တပ်ယာဥ်တန်း ၅၀ လောက်ဆင်းလာတယ်။ ဒီမတိုင်ခင်ကတည်းက သူတို့အင်အား ဖြည့်မယ်ဆိုတာ ကြိုသတင်းရတယ်။ဒါကြောင့် ကြားဖြတ်တိုက်တယ်။ မိုင်းဆွဲတယ်။ပြီးတော့ အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့တယ်”ဟု ဗိုလ်ဂျပန်က ပြောသည်။

မကွေးတိုင်း ကျောမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၇) နေ့လည် ၁၂ နာရီ ခွဲခန့်ကစ၍ ပုလဲ-ဂန့်ဂေါလမ်းမကြီး၌ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၂ /၁၇) နှင့် စစ်ကောင်စီတပ်တို့ သုံးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျောဘက်ကနေ စစ်တပ်ယာဥ်တန်း ၅၀ လောက်ဆင်းလာတယ်။ ဒီမတိုင်ခင်ကတည်းက သူတို့အင်အား ဖြည့်မယ်ဆိုတာ ကြိုသတင်းရတယ်။ဒါကြောင့် ကြားဖြတ်တိုက်တယ်။ မိုင်းဆွဲတယ်။ပြီးတော့ အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့တယ်”ဟု ဗိုလ်ဂျပန်က ပြောသည်။

ယနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကာ အများအပြားထိခိုက်နိုင်သည်ဟု PRA က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသည်ဟု ပြည်သူ့တော်လှန် ရေးတပ်မတော်(PRA)က ဆိုသည်။

ထို့အပြင် ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၅ ရက်ကလည်း မကွေးနှင့်စစ်ကိုင်းတွင် အကြမ်းဖက်စစ်ကောင်စီအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း PRAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။