Connect with us

Hi, what are you looking for?

News

ကျောမြို့ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ရာ ခုနစ်ဦးသေဟု ဗိုလ်ဂျပန်ပြော

“ကျောဘက်ကနေ စစ်တပ်ယာဥ်တန်း ၅၀ လောက်ဆင်းလာတယ်။ ဒီမတိုင်ခင်ကတည်းက သူတို့အင်အား ဖြည့်မယ်ဆိုတာ ကြိုသတင်းရတယ်။ဒါကြောင့် ကြားဖြတ်တိုက်တယ်။ မိုင်းဆွဲတယ်။ပြီးတော့ အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့တယ်”ဟု ဗိုလ်ဂျပန်က ပြောသည်။

မကွေးတိုင်း ကျောမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၇) နေ့လည် ၁၂ နာရီ ခွဲခန့်ကစ၍ ပုလဲ-ဂန့်ဂေါလမ်းမကြီး၌ ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၂ /၁၇) နှင့် စစ်ကောင်စီတပ်တို့ သုံးနာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ကျောဘက်ကနေ စစ်တပ်ယာဥ်တန်း ၅၀ လောက်ဆင်းလာတယ်။ ဒီမတိုင်ခင်ကတည်းက သူတို့အင်အား ဖြည့်မယ်ဆိုတာ ကြိုသတင်းရတယ်။ဒါကြောင့် ကြားဖြတ်တိုက်တယ်။ မိုင်းဆွဲတယ်။ပြီးတော့ အပြန်အလှန် ပစ်ခတ်တာတွေရှိခဲ့တယ်”ဟု ဗိုလ်ဂျပန်က ပြောသည်။

ယနေ့တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကာ အများအပြားထိခိုက်နိုင်သည်ဟု PRA က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ကလည်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသည်ဟု ပြည်သူ့တော်လှန် ရေးတပ်မတော်(PRA)က ဆိုသည်။

ထို့အပြင် ဒီဇင်ဘာ ၂၃ ရက်နှင့် ၂၅ ရက်ကလည်း မကွေးနှင့်စစ်ကိုင်းတွင် အကြမ်းဖက်စစ်ကောင်စီအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦးသေဆုံးကြောင်း PRAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ဟာ အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ ဒီနေ့ (စက်တင်ဘာလ ၁၁ ရက်) သောကြာနေ့မှာ တွေ့ဆုံခဲ့ကြပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။