Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်မှ​ ကျေးရွာနှစ်ရွာကို စစ်​ကောင်စီတပ်ဝင်​ရောက် ဖျက်ဆီး​သောင်းကျန်း၊ ပြည်သူတစ်ဦး​သေ တစ် ဦးဒဏ်ရာ ပြင်းထန်

“အရိုက်ခံရတဲ့တစ်ယောက်က အခြေအနေ မကောင်းဘူး။ အသတ်ခံရတဲ့ ဦးလေးကလည်း အပြစ်မရှိပါဘူးဗျာ။ ရွာမြောက်ပိုင်းအကုန်မွှေခံရတာ ပစ္စည်းတွေလည်း အကုန်တင်သွားတာ”ဟု နယ်ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်ရှိကျေးရွာနှစ်ရွာသို့အကြမ်းဖက်စစ်ကောင်စီတပ်ဝင်ရောက်ပစ်ခတ်သောင်းကျန်းဖျက်ဆီးခဲ့သဖြင့် ပြည်သူတစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာများရရှိသွားပြီး နေအိမ်များလည်း ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းက ရေဦးမြို့နယ် ထန်းတောရွာသို့ အကြမ်းဖက်စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ဝင်ရောက်ရှာဖွေမှုများပြုလုပ်ကာ နေအိမ်တစ်လုံးအား မီးရှို့ပြီး နောက်ထပ်နေအိမ်နှစ်လုံးအား ဖျက်ဆီးပြီး ထန်းတောရွာနေ ဦးအောင်ငြိမ်းဆိုသူအား စစ်ကောင်စီတပ်များက သေနတ်ဖြင့်ပစ်သတ်သွားခြင်းဖြစ်သည်။ ထို့အပြင် ကျန်အမျိူးသားတစ်ဦးကိုလည်း ရိုက်နှက်သဖြင့် ပြင်းထန်ဒဏ်ရာများရရှိသွားသောကြောင့်အသက်အန္တရာယ်စိုးရိမ်နေရကြောင်း​ဒေသခံများက ပြောသည်။

(ဓါတ်ပုံ-ခင်ပင်၊ ရွာငယ်အတွင်းဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

“အရိုက်ခံရတဲ့တစ်ယောက်က အခြေအနေ မကောင်းဘူး။ အသတ်ခံရတဲ့ ဦးလေးကလည်း အပြစ်မရှိပါဘူးဗျာ။ ရွာမြောက်ပိုင်းအကုန်မွှေခံရတာ ပစ္စည်းတွေလည်း အကုန်တင်သွားတာ”ဟု နယ်ခံတစ်ဦးက ပြောသည်။

Public Service Announcement

အလားတူ ယမန်နေ့ကပင် စစ်ကိုင်းတိုင်း၊ မင်းကင်းနယ်ဘက်မှ ရေဦးနယ် ခင်ပင်၊ ရွာငယ်ဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဝင်ရောက်လာပြီး ခင်ပင်ရွာမှ နေအိမ်အချို့ကိုဖျက်ဆီးကာ တစ်ရွာလုံးမွှေနှောက်ရှာဖွေခဲ့ကြောင်း၊ ရွာသူရွာသားများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(ဓါတ်ပုံ-ခင်ပင်၊ ရွာငယ်အတွင်းဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်သည် ရေဦးမြို့နယ်အတွင်းရှိ ကျေးရွာများအား ဒီဇင်ဘာ တတိယပတ်အတွင်းမှစတင်ကာ လေကြောင်းပစ်ခတ်မှုများကိုပါ ပြုလုပ်၍ ပြည်သူအချို့သေဆုံးထိခိုက်မှုများရှိနေပြီး ကျေးရွာ​အများအပြားမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

Facebook