Connect with us

Hi, what are you looking for?

News

၂၀၂၁ မှသည် ၂၀၂၂ ဆီသို့ (အပိုင်း- ၃)

ခက်ခဲတဲ့ နှစ်ကာလ တခုအပြီးမှာ ၂၀၂၂ ထဲကို ဘယ်လိုဝင်ရောက်ကြမလဲဆိုတဲ့ အတွေးတွေကို ရေးခဲ့တာ အခုဆိုရင် အပိုင်း ၃ ပါ။ အရင်အပိုင်းတွေမှာ အောက်ပါအချက်တွေကိုဖေါ်ပြခဲ့ပါတယ်။

အရေးတော်ပုံ ဘယ်လိုရှုံးနိုင်သလဲ

-အီဂေါဗလာဇီဗစ်

၁။ စစ်ဖြစ်နေတဲ့အခြေအနေလို့ တည့်တည့်ပြောဖို့လိုမယ်။ ( ဘာသာစကား/ ရည်ညွှန်းချက်အပြောင်းအလဲ)
၂။ စစ်အာဏာရှင်တွေ နိုင်မနေဘူး။ ရှုံးလည်း မရှုံးသေးဘူး။
၃။ စစ်ပွဲထဲရောက်နေရင် (ရောက်လည်းနေပြီ) စစ်လက်နက်ဟာ အဓိကကျတယ်။
၄။ စစ်ကောင်စီရနေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ ဝင်ငွေလမ်းကို ဖြတ်တောက်နိုင်ဖို့လိုတယ်။
၅။ လွတ်မြောက်နယ်မြေတွေ ချဲ့ထွင်နိုင်မှုကို အလှည့်အပြောင်းလို့ ယူလို့ရတယ်။ ( အခုထိတော့ ခက်နေသေးတဲ့ကိစ္စ)
၆။ စစ်တပ်က စစ်မျက်နှာများစွာ ဆန့်ထုတ်နေရရင် စစ်အာဏာရှင်တွေပြိုတဲ့ အနေအထား ရောက်နိုင်တယ်။
၇။ နိုင်ငံတကာမှာ အောင်ပွဲခံတာတွေရှိပေမဲ့ လုံလောက်တဲ့ အောင်မြင်မှုထိတော့ မရောက်သေးဘူး။
နောက်ထပ် အချက် ၂ ခုကို ဆက်တင်ပြလိုပါတယ်။
—————

၈။ နောက်ကွယ်ကနေ အစဉ်တစိုက် ကြိုးစားအားထုတ်နေတဲ့ မဟာမိတ်တည်ဆောက်ရေး လိုအပ်တယ်။

Public Service Announcement

Public Service Announcement

လက်ရှိလူထုတိုက်ပွဲ အနိုင်အရှုံး ရလာဒ်ကို အဆုံးအဖြတ်ပေးမဲ့ အရေးကြီးဆုံး အချက်က ကျယ်ပြန့် နက်ရှိုင်းပြီးတည်တံ့တဲ့ မဟာမိတ် တည်ဆောက်နိုင်မလား ဆိုတာပဲဖြစ်ပါတယ်။ မဟာမိတ်တည်ဆောက်မှုကို ကျယ်ပြန့်နက်ရှိုင်းအောင် မလုပ်နိုင်ဘူးဆိုရင်တော့ စစ်အာဏာရှင်တွေဟာ တဖွဲ့ချင်းစီ အနိုင်ယူသွားတာ၊ တချို့နဲ့အပေးအယူလုပ်တာ ဖြစ်လာဖို့ အလားအလာများပါတယ်။

စစ်တပ်၊ သူ့ရဲ့ထောက်လှမ်းရေး ယန္တယား၊ တရုတ်နိုင်ငံ၊ တတိယလမ်းတွန်းနေတဲ့သူတွေ၊ လက်နက်ကိုင်အစုအဖွဲ့တချို့ရဲ့ စီးပွါးရေးအကျိုးစီးပွါး စတဲ့ အားကြီးတဲ့ အင်အားစုတွေဟာ လူထုလှုပ်ရှားမှုဘက်မှာ မဟာမိတ်အချိတ်အဆက်ကြီး ဖြစ်မလာအောင် ကြိုးစားနေကြပါတယ်။
NUCC ဟာ မဟာမိတ်တည်ဆောက်ရေးမှာ အရေးကြီးတဲ့ ယန္တယားအဖြစ်ဆက်ရှိနေပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့အနေအထား မရောက်ဘူးလို့ အသိအမှတ်ပြု ဝန်ခံရမှာဖြစ်ပါတယ်။ NUCC ဟာ မြန်မာပြည်မှာ ကြုံနေကျမဟာမိတ်ဖွဲ့စည်းပုံ အကျဉ်းအကြပ်ထဲ ရောက်နေပါတယ်။ ပုံမှန်ဖွဲ့စည်းပုံနဲ့သွားရင် သဘောမတူတာတွေ ပြောကြပြကြ ငြင်းကြတဲ့ နေရာဖြစ်လာတတ်တယ်။ ပုံမှန်ဖွဲ့စည်းပုံနဲ့ မသွားပဲ အကြီးအမှုးအခွင့်အာဏာမထား တပြေးညီသွားပြန်တော့လည်း တဖွဲ့ဖွဲ့ က သဘောမကျရင် ရှေ့တို့းလို့ မရအောင် ပိတ်ထားလိုက်လို့ရတယ်။ အဲဒီအခါအပျက်အစီးက ကြီးရတယ်။ မဟာမိတ် တည်ဆောက်ရေးခရီးမရောက်ပဲ အဖိုးတန်လှတဲ့ အချိန်တွေ စွမ်းအားတွေဆုံးရှုံးခဲ့ရပြီးပြီ။ မချိမဆန့် ခံစားနေရတဲ့ လူထုကို မျော်လင့်ချက်၊ အင်အားနဲ့ ခေါင်းဆောင်မှု ပေးရမဲ့ အဖွဲ့ဟာ သူ့စွမ်းအားနဲ့ သူ့အချိန်ကို မသင့်မြတ်တွေ ဖြေရှင်းညှိနှိုင်းတာမှာ သုံးနေရတယ်။

ပြည်သူ့ဘဝပြောင်းလဲရေး သုတေသနစာတမ်း အများအပြားမှာ သတိပေးထားတာက ရေပြင်ညီ ခေါင်းဆောင်မှုပုံစံနဲ့တော်လှန်းရေး မအောင်မြင်နိုင်ဘူးဆိုတာပါ။ ဒါဟာ မြန်မာပြည်မှာ အလွယ်ရှင်းမရတဲ့ ပြဿနာပါ။အထက်အောက်ခေါင်းဆောင်မှုဆိုရင် မဖြစ်မနေပါဖို့လိုတဲ့ အရေးကြီးတဲ့ အဖွဲ့တွေ ပါလာမှာ မဟုတ်ဘူး။ တဘက်မှာကျတော့ ( အထက်အောက်မဟုတ်တဲ့) ရေပြင်ညီခေါင်းဆောင်မှုနဲ့ စစ်ပွဲတွေ တော်လှန်ရေးတွေကို နိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်သာမက ကမ္ဘာ့ဘယ်နေရာမှာမဆို ဒီအတိုင်းပဲ။ ဒီလို နှစ်လမ်းလုံး ခက်တဲ့ အကြပ်အတည်းရှိနေသော်လည်း ခေါင်းဆောင်မှု ဖြစ်တည်ဖို့ သင်ယူအားထုတ်နေကြရမှာပါပဲ။

ဒါ့ကြောင့် ဥာဏ်ပညာနဲ့ မဟာဗျူဟာရင့်ကျက်မှု အလွန့်အလွန်ကို လိုအပ်နေပါတယ်။ ဒါမှသာ ပြင်းထန်တဲ့ ဘက်ပေါင်းစုံ ဖိအားတွေကြားကနေ ထိလွယ်ခိုက်လွယ်တဲ့ မဟာမိတ်တည်ဆောက်ရေးကို လုပ်နိုင်ကြမှာဖြစ်ပါတယ်။

ဒါ့အပြင် အားလုံးက လေးစားလက်ခံတဲ့ သူတွေကနေ မနားတမ်းညှိနှိုင်းပေးတာတွေ၊ သဘောထားကွဲတာပြဿနာပေါ်တာတွေ ဖြစ်တဲ့အခါ အထိအခိုက်နည်းအောင်လုပ်ပေးတာတွေ၊ စကားပြောလာကြအောင် ကျွမ်းကျွမ်းကျင်ကျင် စေ့စပ်ပေးတာတွေ လိုအပ်ပါတယ်။ အတွေးအမြင် ရေးသားဖန်တီးသူတွေကလည်း အတူရပ်တည်ကြဖို့ ရင့်ကျက်တဲ့ နိုင်ငံရေးအမြင်နဲ့ မဟာမိတ်ပြုကြဖို့လမ်းတွေကို အစဉ်တစိုက် ထောက်ပြနေကြရပါမယ်။

မြန်မာပြည်က လူမျိုးစုတွေဟာ အားလုံးစုစည်း ညီညွတ်ကြဆိုတဲ့ စကားလုံးကို ယုံလည်းမယုံ၊ စိုးရိမ်ပူပန်စိတ်လည်း ရှိပါတယ်။ အကြောင်းတွေရှိလို့ ဒီလိုမယုံကြည်ကြတာ ကိုလည်း သတိပြုပါတယ်။ ဒါ့ကြောင့်ပဲ (ညီညွတ်ကြပါဆိုတာထက်) ငါတို့အားလုံးအတူတူ ( togetherness) ဆိုတာကို ပိုအလေးပေး တိုးမြှင့်ကြဖို့ ပြောတာပါ။ရိုးရိုးရှင်းရှင်းပြောရရင် “ အတူတူဆိုရင် နိုင်မှာပဲ – together we win”။ ကိုယ့်လမ်းနဲ့ကိုယ် တတိယလမ်း၊စတုတ္ထလမ်း၊ ပဥ္စမလမ်းတွေဆိုရင်တော့ တဖွဲ့ပြီး တဖွဲ့ရှုံးနဲ့ အားလုံးရှုံးကြမှာပဲ။

အထောက်အကူဖြစ်မဲ့ နည်းလမ်းတခုက တချို့သောပညာရှင်တွေ၊ တွေးသူရေးသူတွေ၊ တီထွင်ဖန်တီးတဲ့ လူငယ်တွေအနေနဲ့ လက်ရှိတော်လှန်ရုန်းကန်မှုကနေ အတူတကွ ဖြစ်တည်မှု ဘယ်လိုပေါ်ပေါက်လာနိုင်သလဲ၊ ဘယ်လိုအမြင်အတွေးပုံရိပ်တွေနဲ့ သွားကြမလဲဆိုတာကို အများပြည်သူရပ်ဝန်းထဲ ချပြဆွေးနွေးကြဖို့ပါ။ ဆင်းရဲဒုက္ခနဲ့နေထိုင်နေကြရတဲ့ လူမျိုးအထွေထွေဟာ အတူတကွဖြစ်တည်ဆက်စက်မှု ရှာတွေ့ဖို့ လိုပါတယ်။ အဲဒီတော့မှ ဆယ်စုနှစ်များစွာ ကြာလှပြီဖြစ်တဲ့ စစ်အာဏာရှင် ကင်ဆာအပေါ် အောင်ပွဲခံနိုင်ပါလိမ့်မယ်။

အနာဂတ်လူ့အသိုင်းအဝိုင်းရဲ့ အများဆိုင်နိုင်ငံမှာ ခိုင်မာတဲ့ အောက်ခြေတွေ ရလာဖို့အတွက် အတူတကွဖြစ်တည်ရပ်တည်မှု အရင်းအမြစ်တွေ ဖန်တီးကြဖို့ လိုပါမယ်။

—————
၉။ တောင်းဆိုချက် များစွာနဲ့ NUG ကို မတန်တဆ ဝန်ပိစေခြင်းရဲ့ အန္တရာယ်
NUG ရဲ့ အထိအခိုက်မခံလှတဲ့ လက်ရှိမဟာမိတ်ပြုမှု ပြိုကွဲသွားရင် စစ်အာဏာရှင်တွေရဲ့ အောင်ပွဲစပါပြီ။အဲဒီလိုပြိုကွဲရင် စစ်တပ်၊ NLD နဲ့ လူမျိုးစု မဟာမိတ်/မဟာမိတ်မဟုတ်တဲ့ အဖွဲ့ပေါင်းစုံဆိုတဲ့ ၃ ပွင့်ဆိုင် ပြန်ပေါ်လာပါမယ်။ အဲဒါဟာ စစ်တပ်ကရော၊ တရုတ်ကပါ ဖြစ်ချင်နေတဲ့ အခြေအနေပါ။

NUG ဘာ့ကြောင့် အရေးကြီးရသလဲမေးရင် တရားမဝင် စစ်အာဏာရှင်မဟုတ်တဲ့ အခြားသော ဖွဲ့စည်းပုံရှိနေတယ်လို့ ခိုင်ခိုင်မာမာပြောနိုင်တာကြောင့်ပါ။ NUG သာမရှိရင် စစ်အာဏာရှင်တွေ ဟာ တခုတည်းသော ယာယီအစိုးရဖြစ်နေတော့မယ်။ ရွေးကောက်ပွဲတွေ ယောင်ပြလုပ်နိုင်မယ်။ နိုင်ငံတကာ အသိအမှတ်ပြုမှု၊ လက်ခံမှု တစုံတရာလည်း ရနေတော့မယ်။

NUG ရှိနေတာကြောင့်သာ စစ်အာဏာရှင်ရဲ့ ခြေလှမ်းတွေ အများကြီးခက်သွားတာပါ။ ပိုပြီးတရားဝင်တဲ့ ယာယီအုပ်ချုပ်မှုရှိတယ်လို့ မာမာချာချာပြောလို့ရတဲ့ အခါ နိုင်ငံတကာအနေနဲ့ စင်ပြိုင်နှစ်ခုကို ကြည့်ရတော့တယ်။ စစ်အာဏာရှင်တွေ ယာယီအုပ်ချုပ်ရေး တည်ဆောက်ဖို့ကို ခက်ခဲသွားစေတယ်။

သို့သော်လည်း NUG ဟာ မလွဲမရှောင်သာ အလွန်အားပျော့တဲ့ ဖွဲ့စည်းတည်ဆောက်ပုံပါ။ သူ့မှာ တောင်းဆိုမှုအများကြီးရဲ့ ဖိအားရှိနေပါတယ်။ ဒါကိုပူပန်ပါတယ်။ ပြည်သူ့လူ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာမိတ်ဆွေတွေကတောင်းဆိုချက်၊ အဆိုပြုချက်တွေ အများကြီးလုပ်ကြတာ သတိထားမိပါတယ်။ မလွှဲမရှောင်သာ အားပျော့တဲ့အသွင်ကူးပြောင်းရေး အစိုးရတွေဟာ ကိုယ့်ဘက်က လာတဲ့ဖိအားတွေနဲ့ပဲ ပြိုပျက်ရတာမျိုးရှိတယ်ဆိုတဲ့ ဆင်မြူရယ်ဟန်တံတန် ( အိုမင်းပြီဖြစ်တဲ့ နိုင်ငံရေးသိပ္ပံပညာရှင်) ပြောခဲ့တာရှိပါတယ်။

ဒါ့ကြောင့်စစ်အာဏာရှင် ယုတ်လျော့ဖို့နဲ့ စစ်တပ်အနေနဲ့ စစ်ရေးအောင်ပွဲ မရဖို့ကို အဓိကဂရုပြုပေးကြရပါမယ်။ ဆယ်စုနှစ်များစွာ စုလာတဲ့ မြန်မာပြည် ပြဿနာအားလုံးပြေလည်ရေး မူဝါဒဆိုတာမျိုးတွေနဲ့ ဖိအားပေးတာထက်ပိုလိုအပ်ပါတယ်။

လောလောဆယ်မှာ အားလုံးအကျုံးဝင်တဲ့ ကျင့်ဝတ်စံနှုန်းတွေနဲ့ အကျယ်အပြန့်သဘောတူညီချက်တွေ ရဖို့လိုပါမယ်။ အနာဂတ်မြန်မာပြည်အတွက် အားတက်စရာ အမြင်အတွေးတွေ လိုအပ်ပါတယ်။ စစ်တပ်ရဲ့ တလွဲအောက်ချုပ်မှုအောက်မှာ ဆယ်စုနှစ်များစွာ စုလာတဲ့ ပြဿနာတွေဘယ်လိုရှင်းရမယ်၊ အင်မတန်ရှုပ်ထွေးတဲ့ မြန်မာ့အရေးကို ဘယ်လို ဟန်ချက်ညှိအပေးအယူလုပ်ရမယ်ဆိုတာမျိုး အသေးစိတ်တွေရှိပါတယ်။ အဲဒီအသေးစိတ်တွေကိုတော့ ဖမ်းဆီး သတ်ဖြတ် နှိပ်စက်ခံရမယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေမရှိတဲ့ ကာလရောက်ရင် ပိုပြီးထိထိရောက်ရောက် ဆွေးနွေးနိုင်ကြမှာပါ။

အပိုင်း -၁
https://www.ludunwayoo.com/16826/

အပိုင်း -၂
https://www.ludunwayoo.com/16832/

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းမှာ တိုက်ပွဲတွေ ဖြစ်နေတာမို့ နွားထိုးကြီး-ပြင်စည်လမ်းပိုင်းကို မနက် ၅နာရီကနေ ည ၇နာရီအချိန်အထိသာ အသုံးပြုသွားလာရန် မြင်းခြံခရိုင်တပ်ရင်း(၄-၁၀)က ထုတ်ပြန်ထားပါတယ်။