Connect with us

Hi, what are you looking for?

News

မိုင်းဆွဲခံရသဖြင့်အထိနာပြီး​နောက် ​တောင်သူများ၏စပါးပုံများကိုစစ်​ကောင်စီတပ်မီးရှို့ဖျက်ဆီးသွား

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူ့ရိက္ခာအားအကြောင်းမဲ့ ဖျက်ဆီးသွားခြင်းမှာ ယမန်နေ့က ဒုံဒစ်အုပ်စုတွင် မိုင်းဆွဲတိုက် ခိုက်ခံရသဖြင့် အထိနာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ဒုံဒစ်ကျေးရွာမှ စပါးခင်းများတွင် ခြွေလှေ့ရန် ရိတ်သိမ်းစုပုံထားသော ​ဒေသခံများ၏ စပါးများကို အကြမ်းဖက်စစ်ကောင်စီတပ်သားက မီးတင်ရှို့သွားကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့(ဒီဇင်ဘာ ၃၁ ရက်)က ထုတ် ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြည်သူ့ရိက္ခာအားအကြောင်းမဲ့ ဖျက်ဆီးသွားခြင်းမှာ ယမန်နေ့က ဒုံဒစ်အုပ်စုတွင် မိုင်းဆွဲတိုက် ခိုက်ခံရသဖြင့် အထိနာခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။

“ပြည်သူတွေ မတွေ့ခဲ့တာ ကံကောင်းတယ်ပဲပြောရမယ်။ဒီခွေးတွေက ရှုံးမဲ မဲပြီး လုပ်ချင်ရာလုပ်နေကြတာ။ စပါးတင် ၁၀၀ ကျော် ၂၀၀ နီစပါး​​လောက်တော့ မီးရှို့ခံခဲ့ရတယ်”ဟု အရာတော်မြို့နယ်နေသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းက အရာတော်အရှေ့နယ် ဒုံဒစ်အုပ်စုတွင် စစ်ကောင်စီခြေလျင်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရရာ စစ်​ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားများက ဒဏ်ရာရရှိသူများနှင့် သေဆုံးများကို သယ်ယူပြီး ဆုတ်ခွာနေစဉ် အနီးရှိ ဒေသခံစပါးခင်းများတွင် ခြွေလှေ့ရန် ရိတ်သိမ်းစုပုံထားသော စပါးများကို မီးတင်ရှို့သွားခဲ့ခြင်းလည်းဖြစ်သည်။

စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရသည့် နေရာတွင်လည်း ကျန်ရစ်ခဲ့သော သွေးစွန်းစစ်ဦးထုပ်များ၊ ဝါးလုံးနှစ်လုံးဖြင့် ဆင်ထားသော ယာယီလူနာတင်ထမ်းစင် စသည်တို့ကိုလည်း တွေ့ရှိရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။